မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ

Go down

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Empty ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ

Post  မိုးနန္ဒယံ Sat Jul 03, 2010 12:48 pm

သူတို့အဆုတ်၊ ထားမြှုပ်ခဲ့သည့် ဗုံးငုတ်တိုင်မှား၊
မောင်ပြောက်ကျားကို ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း.....။
"အမောင်ပြောက်ကျား၊ ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း..."
"ငယ်ကကြင်မြတ်၊ မိသတ်မှတ်ကို ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ...."
"အမောင်ပြောက်ကျား၊ မိဘအားကို ဘာများမှာခဲ့လိုသနည်း..."
"မွေးသည့်မိခင်၊ မွေးဖခင်ကို ဦးတင်ခဲ့ကြောင်း ပြောပါလေ..."
"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း...."
"ခရီးမတ်တတ်၊ လမ်းခုလတ်တွင် ကိုယ်လွတ်ရှေုာင်ခွါ၊ ခွဲရပါရ်ျ အာနာခဲ့ကြောင်း ပြောပါလေ...." ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ 5 ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ 5
ယမ်းငွေအူအူ၊ တလူလူနှင့် မေးမြူကြတုန်း၊ အနောက်ကုန်းတွင် နေလုံးကွယ်လေပြီတကား....။

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Empty Re: ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ

Post  မိုးနန္ဒယံ Sat Jul 03, 2010 12:55 pm

ငါဟာ
လူသားတစ်ဦးပါ
ဖြစ်တည်မှုနယ်ပယ်မှာ
ချစ်မယ် မုန်းမယ်
ပြုံးမယ် မဲ့မယ်
စိတ်ဆိုးနာကျည်းတာတွေလည်း
ရှိမယ်
လောကဓံကိုဖက်ပြိုင်ဖို့
ခွန်အားတချို့
ရှိတယ်
ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Icon_arrow ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Icon_arrow ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Icon_arrow ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Icon_arrow

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Empty အရှုံးသမားဆိုရင်

Post  မိုးနန္ဒယံ Sun Jul 04, 2010 4:46 pm

တစ်နေ့က မင်းမျက်လုံးထဲမှာ မြင်လိုက်ရတဲ့ အရောင်တွေကြောင့် ပြောင်းလဲခြင်းဆိုတာ ဖြစ်ပေါနေပြီလေ။ မင်းလေးမရှိတော့လည်း မင်းအတွက်ဆိုပြီး ငါ လမ်းမကြီးထက်မှာ အော်ကြီးဟစ်ကျယ်လုပ်ခဲ့တယ်နော်။ မိန်းမတွေက ဘာဖြစ်လို့ ဒီအကျင့်ကို မဖျေက်ပစ်နိုင်သလဲဆိုတာကို စဉ်းစားရင် စဉ်းစားမရဖြစ်နေတယ်လေ။ ငွေမြင်ရင် လင်လုပ်မယ်ဆိုတဲ့ သာစိုကလဲ ဘာသဘောနဲ့ ဒီခေါင်းစဉ်ကို ကြိုက်သလဲ မသိဘူး။ ငါမှာတော့ ရူးသလိုလိုနဲ့ တကယ်တမ်းတော့ ငါ့အသိတွေဟာ ခြောက်ချားနေလို့ပါ။ မင်းအတွက် စိတ်ကူးယဉ်လိုက်ရတဲ့ ဟို။။။။။။။။။။။ တစ်ချိန်တုန်းကဆိုရင် ရင်ထဲမှာ ဘယ်လောက်ကြည်နူးခဲ့သလဲလို့ ခဏခဏပြန်တမ်းတရတာလဲ အမောပဲလေ။ မေ့မရဘူးဆိုပေမယ့် မေ့နိုင်အောင် မကြိုးစားချင်တာပါ။ ကြိုးစားပေမယ့်လည်း သူရဲကောင်မဟုတ်ဘူးလေ။ အချစ်ရူးက အချစ်ရူးပဲပေါ့။ မင်းအတွက် ရေးထားလိုက်ရတဲ့ ဒိုင်ယာရီတွေကို ပြန်လှန်ကြည့်တိုင်း မင်းနာမည်မပါတဲ့ စာမျက်နှာက ခပ်ရှားရှားပဲလေ။ မင်းကိုချစ်လိုက်ရတဲ့ငါမှာတော့ ဘောလ်ပင်၊ ဒိုင်ယာရီစာအုပ်တွေ ကုန်ဆုံးပျက်ဆီးသွားသလိုမျိုး မင်းနဲ့ ဝေးပြန်တော့လည်း ငါ့နှလုံးသားက စုပ်ပြတ်သပ်နေပြီလေ။ ဒိုင်ယာရီစာအုပ်လိုပဲပေါ့။ ဟောင်းနွမ်းပြီး ဒဏ်ရာဒဏ်ချက်တွေက များနေတယ်လေ။ ခုတော့ အဟောင်းဆိုင်းကိုလည်း ပို့လို့မဖြစ်ပြန်ဘူး။ အသစ်လည်း မဟုတ်တော့တဲ့ ငါ့နှလုံးသားတွေက နာကျင်ခြင်းဆိုတဲ့ မေ့ဆေးကိုပဲ သောက်ဖို့မျှော်လင့်မိတယ်။ တမ်းတမိတယ်။ ဖြူစင်တဲ့ ငါ့နှလုံးသားကို အေ၇ာင်ပြောင်းသွားစေခဲ့တာ မင်းပဲဆိုတဲ့အသိကလည်း ဘယ်သူ့ကိုမှ တရားဆွဲလို့ မရပြန်ဘူးဖြစ်နေတယ်။လေ။

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Empty ပုံပြော ကောင်းသူ

Post  မိုးနန္ဒယံ Sun Jul 04, 2010 4:47 pm


ယုံ
လွယ်
တဲ့
..... “ငါ” .....
..... “မင်း” .....
ပြောတဲ့ပုံပြင်တွေကြား
လှည့်စားခံ သားကောင်ဘ၀နဲ့
မယုံချင်လည်း မရတော့တဲ့အဆုံး
ပုံပြင်ပဲ ငါမှတ်လိုက်ပါ့မယ်
ဇာတ်လိုက်လို့ ထင်ခဲ့တဲ့
..... “မင်း” .....
တစ်ကယ်တော့
“ဗီလိန်” ပါပဲ
ပုံပြင် နဲ့ လက်တွေ့
မခွဲခြားတတ်ခဲ့တဲ့
..... “ငါ” .....
မျက်ရည်တွေကြားက
ရလိုက်တဲ့ ဘ၀သင်ခန်းစာ
မဖြစ်နိုင်တာ မရှိတဲ့ ..... ပုံပြင်
မဖြစ်နိုင်တာ ရှိတဲ့ ..... လက်တွေ့
ရိုးသားတဲ့ ဟန်ဆောင်မှုနဲ့ ..... ပုံပြင်
မရိုးသားတဲ့ ဟန်ဆောင်မှုနဲ့ ..... လက်တွေ့
တိရစ္ဆာန်လေးတွေ လူစိတ်ရှိတဲ့ ..... ပုံပြင်
လူတွေ တိရစ္ဆာန်စိတ်ရှိတဲ့ ..... လက်တွေ့
ထောင်ချောက်မပါ မာယာမများတဲ့ ..... ပုံပြင်
ထောင်ချောက်ဆင် မာယာများတဲ့ ..... လက်တွေ့
မှန်တဲ့သူသာ အနိုင်ရတဲ့ ..... ပုံပြင်
မမှန်တဲ့သူသာ အနိုင်ရတဲ့ ..... လက်တွေ့
စိတ်ရှိတိုင်း ဖန်တီးခွင့်ရှိတဲ့ ..... ပုံပြင်
စိတ်ရှိတိုင်း ဖန်တီးခွင့်မရှိတဲ့ ..... လက်တွေ့
ဇာတ်သိမ်းကို မှန်းနိုင်တဲ့ ..... ပုံပြင်
ဇာတ်သိမ်းကို မမှန်းနိုင်တဲ့ ..... လက်တွေ့
အဆုံးသတ် တရားမျှတတဲ့ ..... ပုံပြင်
အဆုံးသတ် တရားမမျှတတဲ့ ..... လက်တွေ့
ဒါတွေကို ငါနေသားကျဖို့
အချိန်တွေကို အရင်းအနှီးလုပ်
သည်းခံမှုကို ကြိုးစားမွေးမြူ
ဥပေက္ခာကို အဖော်ပြုပြီး
ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့
ရင့်ကျက်မှုတွေပဲ
ပေးဆပ်လိုက်ရတယ်
“မင်း”

သိပ်
ပုံ
ပြော
ကောင်း
တယ်
!

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Empty ငါ ဖြစ်ချင်တယ်..........

Post  မိုးနန္ဒယံ Sun Jul 04, 2010 4:48 pm

ငါ သိပ် မုန်း တဲ့ မျက် နှာ ဖုံး တ ခု က ...
ငါ့ မျက် နှာ ပေါ် မှာ အ ခန့် သား..

ငါ မ လို ချင် တဲ့ နေ ရာ တ ခု ကို လဲ ..
ငါ က ထိုင် နေ မိ ရက် သား....

ငါ မ မြင် ချင် ခဲ့ တာ ကို လဲ...
မ သိ မ သာ ကြည့် နေ မိ ရက် သား....

ငါ လှမ်း မ ယူ ခဲ့ တဲ့... အိမ် မက် တ ချို့ က လဲ..
အ ခန်း ထောင့် လေး မှာ ဒီ အ တိုင်း နေ သား တ ကျ....

တောင်း ပန် စ ကား ပြော ဖို့ တောင် ...
ဲငြိမ် သက် နေ မိ ရက် သား ...

လမ်း ကြုံ ရင်... တ ချက် လောက် ငဲ့ ကြည့် သွား စမ်း ပါ....
နင့် နာ မည် ထွင်း ထား တဲ့...
ငါ့ အ သည်း နှ လုံး ကျောက် သား ကို ....

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Empty နယူတန် သဘော

Post  မိုးနန္ဒယံ Sun Jul 04, 2010 4:49 pm

ချစ်သူ မင်းကိုအ၇င်ကငါအ၇မ်းချစ်ခဲ့တယ်
ခုတော့ နယူတန်၇ဲ့တန်ပြန်သဘောလေးလိုပါပဲ
မင်းကမလို၇င်ငါ့ကိုထားသွားခဲ့တယ်လေအလို၇ှိ၇င်ငါ့ဆီပြန်ပြန်လာတယ်
တခါနှစ်ခါမဟုတ်တော့ခံ၇ပါများတော့လဲ အသဲကမာတတ်လာပြီလေ
ဆော၇ီးပဲဒီတခါနင်ပြန်လာပေမဲ့ငါ၇င်မခုန်တတ်တော့ဘူး
နင်ယုံမလားတော့မသိဘူး ငါနင့်ကိုခံစားလို့မ၇တော့ဘူး
ပြောင်းလဲလွယ်တယ်ပြောလဲငါ၇ဲ၇ဲကြီး၇င်ကော့ပြီးခံယူလိုက်မယ်
နင့်ကိုငါမချစ်တတ်တော့ဘူး

အ၇င်ကငါကျန်ခဲ့တယ်အ၇ှုံးတွေနဲ့လေ နိုင်ဖူးတယ်၇ှိအောင်ဒီတခါ
နင့်ကိုငါအ၇င်လက်ပြခဲ့တယ်
နယူတန်၇ဲ့တန်ပြန်သဘောလေးပေါ့
ချစ်သူ

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Empty အတူတကွ

Post  မိုးနန္ဒယံ Sun Jul 04, 2010 4:50 pm

အတူတကွ၊ ရှိနေကြခိုက်
မိဘကျေးဇူး၊ ဆပ်တုံ့ ဦးလော့။

အတူတကွ၊ ရှိနေကြခိုက်
ဆရာ့ကျေးဇူး၊ ဆပ်တုံ့ဦးလော့။

အတူတကွ၊ ရှိနေကြခိုက်
ချစ်စကိုရှည်၊ ရန် မာန်ပြေလျက်
မိတ်ဆွေချင်းချင်း၊ ချစ်ရိုင်းပင်းလော့။

အတူတကွ၊ မရှိကြဘဲ
သူကတစ်ရွာ၊ ကိုယ့်မှာ တစ်မြေ
ခြားနားလေမှ၊ လွင့်ကြွေတိမ်းပါး
ကာလာများသို့ ၊ ပြန်သွားချင်လို
လွမ်းအားပိုသော်

အလိုဆန္ဒ၊ မပြည့်ဝဘဲ
တမ်းတခြင်းသာ၊ အသည်းလွှာဝယ်
ဒဏ်ရာအဖြစ်၊ ထင်ကျန်ရစ်ကာ
အချစ်ပျောက်ဆုံးတတ်လေသည်။

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Empty သိပေမယ့်လဲ

Post  မိုးနန္ဒယံ Sun Jul 04, 2010 4:56 pm

ဒီဇင်ဘာရဲ့ နှင်းထုကိုအံတုလို့

ငိုသံတွေနဲ့

အသက်တစ်ချောင်းဖြစ်ပေါ်ခဲ့တယ် ။

တွေ့ဆုံကြုံကွဲ

ချစ်ကြိုက်မုန်းတီး

မွေးတစ်နေ့ သေတစ်နေ့

ဝမ်းလေးတစ်ထွာရှိလို့သာပဲ

လုပ်နိုင်မှတော်ကာကျတယ်

တစ်ကိုယ်ကောင်းစိတ်တွေနဲ့

ပြည့်နှက်နေတဲ့လောက

မြေနှိမ့်ရာလှံစိုက်

နှစ်ကိုယ်ကောင်းတွေးတဲ့လူတွေလဲ

ရှိကောင်းပါရဲ့

သိပြီးသားလောကနိယာမတွေတောင်

စိတ်ရှင်းလက်ရှင်း

လက်မခံနိုင်သေးတော့

ရီသံတွေနဲ့လောကထဲကထွက်ဖို့

ရာသီတစ်ပတ်လည်ချိန်

နှင်းထုထဲဝင်ပြေးကြည့်တယ်

မှုံဝါးလို့။




မှုံဝါးနေဆဲ

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ Empty Re: ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum