မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု

2 posters

Go down

ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု Empty ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု

Post  ငပွေ Fri Jul 02, 2010 5:50 pm

(ကဗျာမဟုတ်သောကဗျာ)
မလိုတစ်မျိုး ၊ လိုတစ်မျိုး စိတ်ကူးများဖြင့်ဖန်ဆင်း
ရွံချည်တစ်ခါ ၊ မုန်းချည်တစ်လှည့်
ချစ်ချည်တစ်ခါ ၊ ပျော်ချည်တစ်လှည့် ထင်မှတ်နေကြ
ငိုယိုညည်းတွားနေကြ၊စိတ်ညစ်စရာတွေဖန်းတီး(အရှုပ်တွေလုပ်)
စေ့စေ့တွေးတော့ရေးရေးပေါ်ဆိုသလို၊ စိတ်အရောင်ဟပ်ပြီးလောကကြီးကိုအမည်အမျိုးမျိုးပေးနေကြ
တကယ်တော့စိတ်ညစ်စရာလောကကြီးကိုပျော်စရာမဖန်တီးပဲဘာလို့စိတ်ညစ်စရာတွေဖန်းတီးနေတာပါလိမ့်.....

(မခံစားရသောခံစားမှု)
အသိဥာဏ်မရှိတဲ့အချိန်တုံးက ကျနော်ဟာ လောကကြီးကိုအနိဌာအာရုံတွေနဲ့ပြည့်နှက်နေတယ်လို့နားလည်ခဲ့တယ်
စိတ်ညစ်စရာတွေဖန်တီးခဲ့တယ်၊ စိတ်ညစ်ခဲ့ရတယ်မကျေနပ်ဖြစ်ခဲ့ရတယ် ငိုယိုညည်းတွားခဲ့တယ်...........
ဒါပေမဲ့စေ့စေ့တွေးတော့ရေးရေးပေါ်ဆိုသလို လောကကြီးဟာကျေနပ်စရာလည်းမဟုတ် ၊မကျေနပ်စရာလည်းမဟုတ်..
ငါတို့ရဲ့စိတ်အရောင်တွေဟပ်တွေ လောကကြီးကိုနာမည်အမျိုးမျိုးပေးနေကြတာပါလားလို့ သဘောပေါက်သွားတဲ့
အချိန်ကစပြီး ကျန်တဲ့ဘ၀တလျှောက်လုံးမှာ ကျေကျေနပ်နပ်နဲ့စိတ်ညစ်စရာတွေမတွေးတော့ပဲပျော်ပျော်နေခဲ့တယ်
လောကကြီးဟာ စိတ်ညစ်စရာတွေများလွန်းလှပါတယ် ....ဒီစိတ်ညစ်စရာတွေကို ''တယ်လည်းစိတ်ညစ်ရပါလားလို့''
ခံယူထားတဲ့သူဟာ စိတ်ညစ်စရာတွေချည်းသာခံစားရပါလိမ့်မယ်......တကယ်တော့လောကကြီးဟာ.............
ကိုယ်ပြုသမျှ နုနေရတဲ့လောကကြီးပါ........အဲဒီတော့ ဘာလို့စိတ်ညစ်စရာတွေကို ''စိတ်ညစ်စရာလို့''တွေးရမှာလဲ
"'ပျော်စရာကြီးလို့တွေးလိုက်စမ်းပါ'' ဒီဒုက္ခတွေထဲက ငါသင်ခန်းစာယူမယ်၊ဒုက္ခတွေနဲ့ကြုံရတာဟာငါ့အတွက်အရည်
အချင်းတိုးလာတာပဲ၊ငါဘာကိုကြောက်နေရမှာလဲ အေးဆေးပါ။ ဒီလိုသာတွေးလိုက်စမ်းပါ ဒီလိုလေးပါပဲ...........


Last edited by ငပွေ on Fri Jul 02, 2010 6:34 pm; edited 4 times in total
ငပွေ
ငပွေ
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 29
Join date : 2010-06-05
Age : 33
Location : myawaddy

Back to top Go down

ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု Empty Re: ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု

Post  ငပွေ Fri Jul 02, 2010 5:58 pm

မှားသောအယူအဆ၊ မှားသောလုပ်ရပ်
မှားသောခံစားမှု ၊ မှားသောစိတ်ညစ်မှု
မှားသောစိတ်စေရာခိုင်းမှု၊ မှားသောဘဝ
အမျိုးမျိုးသော အမှား၊ ပြောမပြနိုင်အောင်များလှပါဘိ
အမှားကြာလေ လူတွေအမှန်လို့ထင်လာ ၊ အရိုးစွဲနေတဲ့အမှားကိုမပြင်
ပဲ့ပြင်မည့်သူမရှိ ၊ ပကတိကျောက်စိုင်ပမာမတုန်လှုပ်
ဒီလိုနဲ့ဒီဘ၀ ကြေပြုန်းပျက်စီးဖို့သာကိန်းဆိုက်နေပါဘိနှယ်။........
ငပွေ
ငပွေ
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 29
Join date : 2010-06-05
Age : 33
Location : myawaddy

Back to top Go down

ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု Empty Re: ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု

Post  မိုးနန္ဒယံ Sat Jul 03, 2010 12:47 pm

လာအားပေးသွားပါတယ် ဗျာ အရမ်း ကောင်းပါတယ်နော်
နောက်လဲ ရေးပါဦး ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု Icon_study ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု Icon_study ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု Icon_study ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု Icon_study

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု Empty Re: ငပွေ၏ ကဗျာမဟုတ်သောကဗျာနဲ့မခံစားရသောခံစားမှု

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum