မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ငါ ဖတ် ဖို့ ငါ ရေး တဲ့ ငါ့ စာ ...

Go down

ငါ ဖတ် ဖို့ ငါ ရေး တဲ့ ငါ့ စာ ...  Empty ငါ ဖတ် ဖို့ ငါ ရေး တဲ့ ငါ့ စာ ...

Post  ဆိုင်မွန် Thu Jul 01, 2010 9:22 pm

ငါ ဖတ် ဖို့ ငါ ရေး တဲ့ ငါ့ စာ ...


ရေးချင်တာတွေ လျှောက်ရေးမည်....



Last edited by ဆိုင်မွန် on Thu Jul 01, 2010 9:29 pm; edited 1 time in total
ဆိုင်မွန်
ဆိုင်မွန်
လေ့လာသူ
လေ့လာသူ

Posts : 8
Join date : 2010-05-25

Back to top Go down

ငါ ဖတ် ဖို့ ငါ ရေး တဲ့ ငါ့ စာ ...  Empty အတုအယောင်များနှင့် နှစ်ပါးသွား ...

Post  ဆိုင်မွန် Sun Jul 25, 2010 9:02 pm

မမျှတဘူး။

ပေါ့ပျက်ပျက် ....
သစ္စာမရှိတဲ့ ရည်းစားတစ်ယောက်ရဲ့ ထားခဲ့ခြင်းမှာ တွေဝေ ကြေကွဲနေမိတယ် ၊၊ စိတ်ပြေလက်ပျောက် အခန်းလေးထဲမှာ ကိုရီးယားကား ဖွင့်ကြည့်မိပြန်တော့လည်း ၊၊

ဇာတ်ညွှန်းအရ ....
လှိုင်းလူးနေတဲ့ ကန်ရေပြင်ရယ် ကြွေကျနေတဲ့ သစ်ရွက်ကလေးတွေရယ် ညဥ့်ငှက် တစ်ကောင်တစ်လေတောင် မရှိဘူး ၊ လရောင်ပါးပါးအောက်မှာ မင်းသမီးက တစ်ယောက်တည်း အသည်းကွဲပြတယ် ၊၊

ငါ က ....
အခန်းကျဉ်းလေးထဲ ဖုံ မခါဖြစ်တဲ့ စာအုပ်ပုံတွေရယ် ကုတင်ခြေရင်းက ကြိုးပြတ်နေတဲ့ ဂစ်တာအိုလေးရယ် မေ့ပျောက်ထားတဲ့ သတိတရရှိမှုတွေ ၊ ၀ါဖန့်ဖန့် မီးလုံးလေးအောက်မှာ အထီးကျန်ဆန်ဆန် လိုက်လံ ၀မ်းနည်းရတယ် ၊၊

အဆင်မပြေလိုက်ပုံများ ....
တစ်ကယ့်အစစ်မှာ ၊ ( ရိုက်ကွင်းထဲမှာ ) ဒါရိုက်တာ၊ ကင်မရာသမား မီးထိုး မီးပြ ... လူတွေ လူတွေ သူ့ဘေးမှာ ရှိနေသေးရဲ့ ၊၊

ငါ့ အ နား မှာ တော့ ....
.......ဘ.ယ.်..............
...သ.ူ.............မ.ှ......
..........မ............ှရ.ိ.၊၊

ပြုံး လိုက် မိ တယ် ၊၊
အကျိုး - အကြောင်းမဲ့ စိတ်ဆိုး မာန်မဲမှုတွေ တိမ်ခိုးလို ငွေ့ငွေ့လေး လွင့်ပျယ် သွားပါစေသား ၊၊ ခ၀ါချထားတဲ့ မာန တွေနဲ့ ကျိုးနွံသေ၀ပ်စွာ ... အရှုံးပေးပြဖို့လည်း သတ္တိ မရှိပြန်ဘူး .... တဲ့ ၊၊

မှတ်မှတ်ရရပါပဲ ...
ဒူးမထောက်ခဲ့သူ [s]( ဟောဒီက )[/s] လူ့အန္ဓ ရဲ့ ရင်ဝ မှာ မင်း ရဲ့ ခြေရာ တစ်စုံ ရှိနေမယ် ၊ ..ေ.သ..ခ..ျ..ာ.၀.ာ.ယ..် ၊၊

မမျှတဘူး ။
ဆိုင်မွန်
ဆိုင်မွန်
လေ့လာသူ
လေ့လာသူ

Posts : 8
Join date : 2010-05-25

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum