မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

စက်ရုပ်ချစ်သူ ပြဿနာ

4 posters

Go down

စက်ရုပ်ချစ်သူ ပြဿနာ Empty စက်ရုပ်ချစ်သူ ပြဿနာ

Post  mkn Sun May 30, 2010 12:28 pm

ဒီမှာ..၊ မိတ်ဆွေ။
သင့်မှာ အရာရာ ပြီးပြည့်စုံသော ချစ်သူတစ်ဦး ရှိနေသည်.. ဆိုကြပါစို့။

ဤချစ်သူထံတွင် သင် စံထား မျှော်လင့်ထားသော အရည်အသွေး အချက်အလက် အားလုံးလည်း ရှိနေသည်၊ သူ၏ ရုပ်ရည်ရူပကာ အဆင်းမှာလည်း အပြစ်ဆိုစရာ တစ်ကွက်ကလေးမျှ မရှိ၊ သင်၏ လိုအင်ဆန္ဒ မှန်သမျှ ကိုလည်း ရွှေဆိုရွှေ၊ ငွေဆိုငွေ ချက်ချင်း ဖြည့်ဆည်းပေးနိုင်၏။

နောက်ဆုံး..၊ ပဉ္စပါပီကဲ့သို့ မကြုံစဖူး ထူးကဲလှသော အတွေ့ထူးကိုလည်း ပေးစွမ်းနိုင်၏။ သို့သော် ဤချစ်သူနှင့် ပက်သက်၍ အသိပေးစရာ အချက်တစ်ချက်မူရှိပါသေးသည်။

ယင်းမှာ ချစ်သူသည် သာမန်လူသားကဲ့သို့ လူသားမိခင်တစ်ဦးက ကိုးလလွယ်၍ ဆယ်လဖွားခဲ့သူ မဟုတ်ဘဲ ခေတ်လွန်စက်မှုသိပ္ပံက တည်ဆောက်မွေးထုတ်ပေးလိုက်သော စက်ရုပ်တစ်ရုပ် ဖြစ်နေသည်ဟူသော အချက်ဖြစ်၏။ သူ့တွင် လူကမွေးသော လူသားကဲ့သို့ စိတ်ဝိညာဉ် မပါရှိပေ။ ဤသည်က လွဲ၍ ကျန်အရာအားလုံးနှင့် ပြီးပြည့်စုံနေသော ချစ်သူဖြစ်၏၊
ဤသို့သော ချစ်သူကို သင့်ဘ၀ခရီးဖော် အဖြစ် ပေါင်းသင်းသွားရန်အတွက် လက်ထပ်ယူနိုင်ပါမည်လော။


(ဤသည်မှာ အမေရိကန် ဒဿနဆရာကြီး ၀ီလျံ ဂျိမ်း(စ်) တင်ပြခဲ့သည့် ပြဿနာ ဖြစ်ပါသည်။ ဒဿန ပညာရှင် အသိုင်းအ၀ိုင်းတွင် စက်ရုပ်ချစ်သူ ပြဿနာ ဟု လူသိများပါသည်။)

mkn
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

စက်ရုပ်ချစ်သူ ပြဿနာ Empty Re: စက်ရုပ်ချစ်သူ ပြဿနာ

Post  ဆိုင်မွန် Fri Jun 04, 2010 3:44 pm

ယူနိုင်ပါဘူးဗျာ။ No လူ မှ မဟုတ်တဲ့ ဟာကြီးကို။ scratch တော်ကြာ စိတ်မထင်လို့ ပါး ကို ဖြောင်း ဆိုပီး တစ်ချက်လောက် ရိုက်လိုက်ရင် အသက်တောင် ထွက်ရချည်ရဲ့။ affraid စက်ရုပ်မကြီး ဆိုတော့ လက်သံအတော်ပြင်းမယ့်ပုံပဲ။ confused လူမလေးပဲ ရှာယူတော့မယ်။ Arrow ကမ္ဘာဆုံးစေတော့ အချစ်ဆုံးကိုပဲ ရှာလိုက်တော့မယ်.. တန်..တန့်..တန် cheers
ဆိုင်မွန်
ဆိုင်မွန်
လေ့လာသူ
လေ့လာသူ

Posts : 8
Join date : 2010-05-25

Back to top Go down

စက်ရုပ်ချစ်သူ ပြဿနာ Empty Re: စက်ရုပ်ချစ်သူ ပြဿနာ

Post  ငပွေ Mon Jun 07, 2010 10:56 am

ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ.........

(တောင်းဆိုချက်)-ယူမည်ဆိုတော့ စက်ရုပ်မလေးမှာအားသာချက်များစွာ ရှိရမည်။ ပပ၀တီလို ရုပ်ရည်ချောမောလှပ ဖြူစင်ခြင်း၊

ခုနှစ်ဆောင်တိုင်အောင် လင်းတဲ့အသားအရည်မျိုး ရှိရမည် ထိုကဲ့သို့ဖြစ်အောင် တီထွင်ပေးရမည်။ လူလိုအသားရည်မျိုးဖြစ်ရမည်။

ဘာသာ ပေါင်းစုံစကားပြောတတ်ရမည်။အမရာ လိုဥာဏ်ရည်ဥာဏ်သွေးထက်မြက်ရမည်။ဦးနှောက်မန်မူလီ စနစ်အပြည့်ထည့်ထား

ရမည်။ဦးခေါင်းအတွင်း ကွန်ပြူတာနည်းစနစ် နဲ့တီထွင်မှုအပိုင်းအလွန်ကောင်းမွန်ရမည်။ကိန္ဒရီ လို7ရက်7လီဝေးသော်ငှားလည်း

ရက်7ရာ လွမ်းသည့်အချစ်မျိုးကို မမှီသည့်တိုင်အောင် ထိုကဲ့သို့အချစ်မျိုးကို အနည်းငယ်ပိုင်ဆိုင်အောင်တီထွင်ပေးရမည်။

ဥပမာ- ကျနော့်အား နိုပ်နယ်ပေးခြင်း၊ထမင်းဟင်းချက်ပေးခြင်း၊ ကျနော်ပြန်အလာကို အိမ်ဝကနေ ထိုင်စောင့်ပေးခြင်း၊ကျနော်

စိတ်ညစ်လို့ သူမကို ရိုက်နှက်ညင်းဆဲသမျှ ခံပေးရမည်၊။ ကျနော့်အား တယုတယ ပြုစုပေးရမည်။ ကခိုင်းရင် ကပြရမည်။

သီချင်းဆိုခိုင်းရင် ဆိုပေးရမည်။ စတဲ့ စတဲ့ ကျနော်စိတ်ချမ်းသာအောင် ပြုမူနေထိုင်ပေးရမည်။ မဒီနဲ့ သန်ဗူလ လိုခန္ဒာကိုယ်

အချိုးအစား လှပအောင်ထွင်ပေးရမည်။ ခြေသလုံးမွှေး မပါရ၊ချိုင်းမွှေး ထည့်ထားခြင်းမပြုရ။ ကျန်တဲ့ ဆိုင်ရာဆိုင်ရာ ဆံပင်အမွှေး

စသည့် သူ့နေရာနဲ့သူ ကန်ထရိုက်ဆွဲထားတဲ့ ဆံပင်အမွှေးများပေါက်ရောက်အောင်တီထွင်ပေးပါ။ အရေးကြီးဆုံးအချက်ကတော့

ကလေးမမွေးဖွားနိုင်တဲ့ အပိုင်းပါပဲ......ကျနော်အလွန်သဘောကျတဲ့ အပိုင်းပါ။

ကလေးမမွေးနိုင်တော့ ကလေးစရိတ်မကုန်ရတော့ဘူး .....ဟီးဟီး

အထက်ပါ တောင်းဆိုချက်မှန်သမျှကို တီထွင်ပေးပါ။။။။။။။။။ တော်လေးဝင်ဆိုပြီး ခေတ်နှောင်းမှာနာမည်ကြီးခဲ့တဲ့......

အမရာ၊ ကိန္ဒရီ၊ မဒီ၊ သန်ဗူလ မိန်းမလေးယောက်ပေါ့........ကျနော့်ကိုသာ တောင်းဆိုသမျှတီထွင်ပေးခဲ့၇င်

ဒီခေတ်မှာ-တော်ငါးဝင် မှတ်တမ်းတင်နိုင်တဲ့ ငပွေမိန်းမ......စက်ရုပ်လူသား ၊အမရာ၊ ကိန္ဒရီ၊ မဒီ၊ သန်ဗူလ ။

ဆိုပြီး မော်ကွန်းမှတ်တမ်း တင်နိုင်မဲ့ ကိန်း ဆိုက်နေမှာအမှန်ပဲ................

ပပ ၀တီ မျက်နှာလို မထွင်နိုင်ဘူး အမရာလိုထက်မြက်တဲ့ မိန်းမမျိုးမထွင်ဘူး.............

အမရနဲ့သန်ဗူလ လို ကိုယ်လုံးကိုထည်မျိုးမမြင်ဖူးလို့ မထွင်နိုင်ဘူးဆိုရင်တော့ ဒီခေတ်မှာ.....ကျနော့်အကြိုက်.....

ဝတ်မှုန်ရွှေရည် လို မျက်နှာမျိုး၊ မိုးဟေကိုလို ကိုယ်လုံးအချိုးအစားမျိုး၊ အာဇာနည်မိန်းမ ၀မ်းလို ဆံပင်မျိုး၊ လျှာသွက် စကားတတ်

တဲ့ အူဝဲ မိန်းမမျိုး၊ အသားအရည်က နန်းစုရတီစိုးလိုမျိုး။ အစရှိသည့် အလှအပတွေကို တီထွင်ပေးပါဗျာ.........

ဒီလိုဆိုရင် ခုချက်ခြင်းသာ ပြေးယူပလိုက်ချင်တယ်.........ဟီးဟီး
ငပွေ
ငပွေ
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 29
Join date : 2010-06-05
Age : 33
Location : myawaddy

Back to top Go down

စက်ရုပ်ချစ်သူ ပြဿနာ Empty Re: စက်ရုပ်ချစ်သူ ပြဿနာ

Post  မိုးခါး Fri Jul 16, 2010 7:55 pm

ငပွေ wrote:ဒီလိုဆိုရင် ခုချက်ခြင်းသာ ပြေးယူပလိုက်ချင်တယ်.........ဟီးဟီး


ေ၇ာဂါက မသေးဘူးနော် ဟဲ...
မိုးခါး
မိုးခါး
လေ့လာသူ
လေ့လာသူ

Posts : 28
Join date : 2010-05-31
Age : 37
Location : ပစ္စုပ္ပန်

Back to top Go down

စက်ရုပ်ချစ်သူ ပြဿနာ Empty Re: စက်ရုပ်ချစ်သူ ပြဿနာ

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum