မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

အာဇာနည်နေ့

Go down

အာဇာနည်နေ့ Empty အာဇာနည်နေ့

Post  မိုးနန္ဒယံ Sun Jul 11, 2010 6:04 pm

လူသတ်သမားများသည် ဝင်ဝင်ချင်း ခေါင်းဆောင်လုပ်သူ(စိုးကြီး)က ဗိုလ်ချုပ်အား ရှေ့ တည့်တည့်မှ စတင်ပစ်ခတ်လေသည်။ ဗိုလ်ချုပ်က မတ်တပ်ရပ်လိုက်ကာ လက်ကာပြရင်း 'ဟေ့ . . . ဟေ့၊ နေပါအုံး၊ ကျုပ် . .' ဟု တစ်စုံတစ်ရာပြောမည်လုပ်စဉ် သေနတ်ထိမှန်၍ စားပွဲကိုအကာအကွယ်ယူလျက် ထိုင်ချလိုက်သည်။ လူသတ်သမားကလည်းထိုင်ချရင်း သဲသဲမဲမဲ လိုက်ပစ်သည်။ ဤတွင် ကုလားထိုင်ရော ဗိုလ်ချုပ်ပါ လဲကျသွားသည်။

အခြားလူသတ်သမားများကလည်း အခြားဝန်ကြီးများကို ပစ်ကြသည်။

ဝန်ကြီးသခင်မြမှာ ကုလားထိုင်မှ ကြမ်းပြင်သို့ လဲကျကာ လက်ျာဖက်လက်ပေါ်တွင် ပါးတင်၍ ကွေးကွေးကလေး အသက်ပျောက်ရှာသည်။

သခင်မြအနီးတွင်ထိုင်နေသော အတွင်းဝန် ဦးအုန်းမောင်မှာ အရှေ့ မြောက်ဘက်သို့ ဦးခေါင်းပြု၍ ပက်လက်သေဆုံးရသည်။

ဝန်ကြီးဦးရာဇတ်မှာ ကုလားထိုင်ပေါ်တွင် လက်ရမ်းနှစ်ဖက်၌ လက်နှစ်ဖက်တွဲလောင်းကျ၍ နောက်သို့မှီလျက် ခေါင်းငိုက်စိုက်ကျရင်း ခပ်စောင်းစောင်းကွယ်လွန်ရှာသည်။

မန်းဘခိုင်မှာမူ လူသတ်သမားများနှင့် အနီးဆုံးဖြစ်၍ မရှောင်တိမ်းသာပဲ ၎င်းကုလားထိုင်ပေါ်တွင် အသက်ပျောက်ရရှာသည်။

ဦးဘချိုမှာ အသက်မသေသေးဘဲ သတိမေ့မျောကာ ကုလားထိုင်ကိုမှီလျက် လက်ရမ်းတစ်ဖက်သို့ ခပ်စောင်းစောင်း ခေါင်းငိုက်စိုက်ကျနေသည်။
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .

လှုပ်ကြံမှုမှ လွတ်မြောက်လာသူ ဦးဘဂျမ်းကိုယ်တွေ့ ပြောပြချက်ကို စာရေးဆရာ သင်္ခါက ကိုးကားရေးသားထားသော
"အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို" စာအုပ်မှ ကောက်နုတ်ချက်။

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum