မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

19 july အတွက် ကဗျာလေး များ စုဆည်းတင်ပေးကျပါ

Go down

19 july အတွက် ကဗျာလေး များ စုဆည်းတင်ပေးကျပါ Empty 19 july အတွက် ကဗျာလေး များ စုဆည်းတင်ပေးကျပါ

Post  မိုးနန္ဒယံ Fri Jul 09, 2010 4:58 pm

ဗိုလ်ချုပ်အောင်ဆန်း၏ဘာသာပြန်လက်ရာတစ်ခု

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေးကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။

ဗိုလ်ချုပ်အောင်ဆန်း

(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

19 july အတွက် ကဗျာလေး များ စုဆည်းတင်ပေးကျပါ Empty Re: 19 july အတွက် ကဗျာလေး များ စုဆည်းတင်ပေးကျပါ

Post  မိုးနန္ဒယံ Fri Jul 09, 2010 5:00 pm

သူတို့အဆုတ်၊ ထားမြှုပ်ခဲ့သည့် ဗုံးငုတ်တိုင်မှား၊
မောင်ပြောက်ကျားကို ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း.....။
"အမောင်ပြောက်ကျား၊ ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း..."
"ငယ်ကကြင်မြတ်၊ မိသတ်မှတ်ကို ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ...."
"အမောင်ပြောက်ကျား၊ မိဘအားကို ဘာများမှာခဲ့လိုသနည်း..."
"မွေးသည့်မိခင်၊ မွေးဖခင်ကို ဦးတင်ခဲ့ကြောင်း ပြောပါလေ..."
"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း...."
"ခရီးမတ်တတ်၊ လမ်းခုလတ်တွင် ကိုယ်လွတ်ရှေုာင်ခွါ၊ ခွဲရပါရ်ျ အာနာခဲ့ကြောင်း ပြောပါလေ...." 19 july အတွက် ကဗျာလေး များ စုဆည်းတင်ပေးကျပါ 5 19 july အတွက် ကဗျာလေး များ စုဆည်းတင်ပေးကျပါ 5
ယမ်းငွေအူအူ၊ တလူလူနှင့် မေးမြူကြတုန်း၊ အနောက်ကုန်းတွင် နေလုံးကွယ်လေပြီတကား....။

မိုးနန္ဒယံ
လေ့လာသူ
လေ့လာသူ

Posts : 23
Join date : 2010-07-03
Age : 35
Location : ချစ်သူရဲ့ဘေး

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum