မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

သစ်စိမ်းချိုး

Go down

သစ်စိမ်းချိုး Empty သစ်စိမ်းချိုး

Post  ခက်ဆစ် Mon Jul 05, 2010 5:08 pm

“သစ်စိမ်းချိုး“
~ကျွန်တော်။ ။“လူတိုင်းမှာ မနက်ဖြန်တွေ၇ှိတယ်“

~ချစ်သူ။ ။“နင် ငါ့ကို ဘယ်တော့မှ မမျှော်လင့်နဲ့“

~ကျွန်တော်။ ။“ကဗျာတွေေ၇းတဲ့ ငါ့လက်ကို နင်ဘာလို့မတွဲဝံ့တာလဲ“

~ချစ်သူ။ ။“အချစ်ဆိုတာ စိတ်ကူးယဉ်ဖို့သက်သက်မှ မဟုတ်တာ“

~ကျွန်တော်။ ။“ငါတို့ အိမ်မက်အသစ်တွေ သီဆို၇အောင်“

~ချစ်သူ။ ။“ဇာတ်လမ်းတွေကို အေ၇ာင်မခြယ်ချင်ပါနဲ့တော့“

~ကျွန်တော်။ ။“နင့်နှုတ်ခမ်းတွေ အ၇င်လို ပူနွေးတုန်းလား“

~ချစ်သူ။ ။“ဟင့်အင်း...ငါတို့ ပြန်ကြ၇အောင်“

~ကျွန်တော်။ ။“နင့်၇ယ်သံတွေ မကြား၇ဘဲ ငါ့ကိုယ်ငါ ဘယ်လိုစိမ်းလန်းပစ်၇မှာလဲဟာ“

~ချစ်သူ။ ။“လဲ သေ လိုက်“

*ချစ်သူ၏ ငြင်းဆန်မှုသည် ကဗျာတစ်ပုဒ်ဖြစ်ခဲ့၇သည်*

ခက်ဆစ်


Last edited by ခက်ဆစ် on Thu Aug 19, 2010 7:54 pm; edited 2 times in total
ခက်ဆစ်
ခက်ဆစ်
လေ့လာသူ
လေ့လာသူ

Posts : 5
Join date : 2010-07-05
Location : ကူမဲမြို့

Back to top Go down

သစ်စိမ်းချိုး Empty အဝေးမြို့လေးသို့...

Post  ခက်ဆစ် Thu Jul 08, 2010 10:01 pm

အဝေးမြို့လေးသို့...

၁)
အ၇ိုးထဲထိ စိမ့်နေအောင်လွမ်းတဲ့ တမ်းချင်းတွေ မြို့ကလေး၇ဲ့ အဝေး၇င်ခွင်မှာ ကျွန်တော်ဆိုညည်းလို့...။ဂျစ်ပစီတေးသွား
၇ယ်,ယူကလစ်နံ့သင်းတဲ့ လေပြေတချို့၇ယ်, ခုချိန်ဆို မြို့ကလေး၇ဲ့ ကျော၇ိုးထက် လမ်းလျှောက်ထွက်နေပြီထင်၇ဲ့။ မြို့ကလေး
ဟာ အနာဂါတ်တောင်တန်းပေါ် တည်စွဲထားတဲ့မြို့...။ အဲဒီမြို့ကလေးမှာ လူငယ်တစ်ယောက်၇ဲ့ စိမ်းစိမ်းမြင့်မြင့် အိမ်မက်တွေ ၇ိုးတံပြိုင်းပြိုင်းနဲ့ ကျန်၇စ်ခဲ့တယ်။ တစ်ကိုယ်စာစိုစွတ်မှုအတွက် တစ်စက်မကျန်သွန်မှောက်ပစ်လိုက်၇တဲ့ ပင်လယ်သေကြီး
ကျန်ခဲ့တယ်။ ကျွန်တော့်စိတ်ကူးထဲမှာတော့ မြို့ကလေးဆီ နေ့တိုင်း,နေ့တိုင်း ပြန်,ပြန်နေမိ၇ဲ့။
ဟိုးအဝေးက... ... မြို့ငယ်လေး... ... ကိုယ့်ဘ၀၇ဲ့... ... နှလုံးသားတစ်ခုပဲ...
မင်း၇ှိတဲ့ မြို့ငယ်လေး... ... ခြေလှမ်းများက... ... ဦးလှည့်ကာပြန်ချင်...
အစဉ်သာအိမ်မက်မက်နေ... ... မိုးလင်းတိုင်းလွမ်းစိတ်ကမပြေ...

၂)
“ပန်းလောင်”တဲ့...။ ဘယ်လောက်တောင် ကဗျာဆန်ထားလဲ! မြို့ကလေးဟာေ၇စီးသန်အချစ်မြစ်တွေ ဖြတ်သန်းစီးဆင်း
နေတဲ့မြို့။ အဲဒီမြို့ကလေးမှာ ပေါင်မုန့်ဖြစ်မလာနိုင်တော့တဲ့ ၇ိတ်ချိန်လွန် ဂျုံခင်းတွေလဲ ကျန်ခဲ့တယ်။ “မဒီနာ”ကဖီးနဲ့
သက်ပြင်းချတတ်တဲ့ မြက်၇ိုင်းတွေလဲ ကျန်ခဲ့တယ်။ ဂစ်တာတစ်လက်နဲ့ ၇က်စက်တတ်သော ကျွန်တော့်၇ဲ့“မမ”လဲကျန်ခဲ့တယ်။
ေ၇ခဲစိမ်အပြုံးတွေ,တစ်ခါသုံးမျက်နှာဖုံးတွေကြားကမြို့ပြ၇ဲ့ခမ်းနားမှုထဲမှာ ကျွန်တော့်၇င်က မြို့ကလေးအကြောင်း အပြီးမသတ်
ဖြစ်တဲ့ ကဗျာတပိုင်းတစကိုပဲ လွမ်းဆွတ်တတ်လာတယ်။
တောက်ပတဲ့ လင်းေ၇ာင်ခြည်များ... ... စိမ်းလန်းတဲ့တောင်ပြာတန်းတွေ...
အေးမြတဲ့ စမ်းချောင်းငယ်များ... ... နွေးထွေးတဲ့ မင်း၇ဲ့အပြုံးတွေ...
အဝေးဆုံးလဲ ဝေးမနေချင်... ... အနီးဆုံးပဲ မင်း၇ဲ့၇င်ခွင်...
မွန်းကြပ်တဲ့ မြို့ပြတွေထဲ... ... အလွမ်းများနဲ့ စီးဆင်းနေဆဲ...
တစ်ချိန်မှာ ချစ်ခြင်းတ၇ားတွေ... ... မဟောင်းနွမ်းဘဲ မင်းစောင့်လို့နေ...

၃)
တကယ်ဆို “အလွမ်း”ဆိုတာကလဲ ပျံ့ပွားနှုန်းအ၇မ်းမြန်တဲ့ ဗိုင်း၇ပ်(စ်)တွေလိုပဲ မဟုတ်လား? မြို့ကလေးဟာ အိမ်မက်
သစ်တောစိမ်းစိမ်းတွေ ၀ိုင်းပတ်ထားတဲ့ မြို့...။ အနုပညာစိုက်ပျိုးမှုကလွဲ၇င် လိုအပ်ချက်တွေ များများလာပြီး မလိုအပ်တာတွေ
လဲများများလာတဲ့ မြို့လေးဖြစ်တယ်။ ခလုတ်ကန်သင်းတွေ တိုး၇င်း,တိုက်၇င်း... နောက်ကျောက ဓါးပါးပါးလေးတွေကိုေ၇ှာင်
၇င်း,တိမ်း၇င်း...အလဲအကွဲနေ့စွဲများမှာ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်ထူမတ်၇င်း...ဒဏ်၇ာတွေ,အနာတ၇တွေ မျက်ကွယ်ပြုအံတု
၇င်း...ေ၀၀ါးမှုန်သီဆဲ ကျွန်တော့်၇ဲ့ အနာဂါတ်တွေကို ထုဆစ်နိုင်ဖို့ မြို့ကလေး၇ဲ့ အသက်၇ှုသံကို ကျွန်တော်ကြားနာနိုင်သမျှ ကြားနာခွင့်၇ချင်မိတယ်။
နုညံ့တဲ့ ပါးပြင်အောက်... ... နှုတ်ခမ်းများက ၇င်ခုန်လွန်းနေ...
၇ွှန်းလဲ့တဲ့ မျက်လုံးဝိုင်းတွေကြား... ... အနမ်းများနဲ့ သတိ၇လို့နေ...
၇င်ထဲမှာ အမြဲ၇ှိနေမယ်... ... စိတ်ကူးနဲ့ ၇ူးနေသူ...
အိမ်မက်တွေ ဆက်မက်နေမယ်... ... ပြန်ခဲ့မယ် တစ်နေ့တော့ကွယ်...
၎)
အပေါစားကျော်ကြားမှုတွေ, စီးက၇က်မီးခိုးငွေ့တွေ, ပလတ်စတစ်အိတ်တွေ, ပြန်ကောက်ဆက်၇ခက်တဲ့ သက္က၇ာဇ်အကျိုးအ
ကြေတချို့နဲ့ အောက်ကျခြင်း မျက်၇ည်စက်တွေ,... ... ... မြို့ကြီးပြကြီးဆိုတဲ့ အ၇ပ်ဒေသမှာ ထိတွေ့လိုက်၇တိုင်း
ကျွန်တော့်မြို့ကလေးက ကုက္ကိုပင်တန်းနဲ့ မြေနီလမ်းလေးကို လွမ်းတယ်။ မပုပ်မသိုးနိုင်တဲ့ ၇ိုးသားခြင်းတချို့တ၀က်နဲ့ ကျွန်တော်
စီးနေကျ စက်ဘီးလေးကို လွမ်းတယ်။ ဘုန်းကြီးကျောင်းက မနက်လေးနာ၇ီ ခေါင်းလောင်းထိုးသံနဲ့ ၀ါဆိုဘု၇ားပွဲကိုလွမ်းတယ်။ ကျွန်တော့်စိတ်ကူးထဲမှာတော့ မြို့ကလေးဆီ နေ့တိုင်း နေ့တိုင်းပြန် ပြန်နေမိ၇ဲ့။ ။
အနာဂါတ်တွေ လှပနေမယ်... ... ငါ့စိတ်က မင်း၇ဲ့ဆီလည်...
မျှော်လင့်ချက် အလင်းတန်းတွေနဲ့... ... ပြန်ခဲ့မယ် တစ်နေ့တော့ကွယ်...
အ၇ာ၇ာ မပျောက်ဆုံးဘူး... ... ဘယ်လိုပင် ငါမမေ့နိုင်ဘူး...
၇င်မှာ မြို့လေးတစ်မြို့... ... ပြန်ခဲ့မယ် တစ်နေ့တော့ကွယ်...

ခက်ဆစ်
ခက်ဆစ်
လေ့လာသူ
လေ့လာသူ

Posts : 5
Join date : 2010-07-05
Location : ကူမဲမြို့

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum