မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ကျောင်းသားကျောင်းသူတွေ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ?

3 posters

Go down

ကျောင်းသားကျောင်းသူတွေ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ? Empty ကျောင်းသားကျောင်းသူတွေ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ?

Post  Zike Thu Jun 03, 2010 11:46 pm

အရင်ဆုံမှာချင်တာက အစအဆုံး သည်းညည်းခံပြီးဖတ်စေချင်ပါတယ် သင်ကိုတိုင်ဘယ်အမျိုးအစားထားပါနေမလဲဆိုတာကိုသိစေချင်ယုံပါ ..။



အခုကျွန်တော်ပြောမယ့်ကိစ္စတွေက အင်တာနက် ကိုမကောင်းတဲ့ဘက်မှာအသုံးချနေတဲ့သူတွေကိုသိစေချင်တာပါ အဲလိုလူတွေကလဲအများကြီးပါပဲ ...။
အဓိက အချက်အနေနဲ. ကျောင်းသားကျောင်းသူတွေ ကျောင်းအပြန်ပဲဖြစ်ဖြစ်
အသွားပဲဖြစ်ဖြစ်ပေါ့ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ?
(မှတ်ချက်။ ကျောင်းသား ကျောင်းသူ အပါအ၀င် အွန်လိုင်းကိုအလုပ်မရှိဘဲ တက်သမျှ လူအားလုံးကိုဆိုလိုသည်။)
တကယ့်ကိုရင်နာစရာပါ .. နှိင်ငံတာဝန်တွေ အိမ့်ထောင်တာဝန်တွေထမ်းဆောင်မယ့်
မြန်မာ အမျိုးကောင်းသားသမီးများ အင်တာနက်မှာဘာတွေသုံကြသလဲဆိုတော့ Gtalk သုံးမယ် နောက် Mirc
ချက်မယ်ဒါတွေပါပဲ.. ဘာတွေ အကျိုးဖြစ်ထွန်းမလဲ ပညာတတ်တက္ကသိုလ် ကျောင်းသား
ကျောင်းသူများ ရယ်ပြောကြပါဦး ..။ ငါက တက္ကသိုလ်ကျောင်းသား
ကျောင်းသူဆိုပြီးလူကြားထဲမှာလက်မထောင်မယ် ..အင်တာနက်ဆိုင်
ဝင်သုံးလိုက်ရရင် သူတို.ကိုသူတို. ကုလသမဂ္ဂ အစည်းဝေးခန်းမထဲ
ဝင်တာလားအောင့်မေ့ရတယ် တကယ့် အရေးကြီးကိစ္စတွေကိုလုပ်နေတဲ့ သူတွေပေါ့ ...
သွားကြည်.လိုက်ပါ သူတို.သုံးနေတဲ့ ကွန်ပျူတာတွေကို ရှက်ဖွယ်လိလိ
တွေချည်းပါပဲ ..။ မြန်မာအမျိုးသမီးလေးတွေ
ကားပေါ်မှာပဲဖြစ်ဖြစ်လမ်းသွားရင်းပဲ ကောင်လေးတွေက စတယ်နောက်တယ်
ထိမိခိုက်ဖြစ်အောင်လုပ်ရင် နှမသားချင်းမစာနာဘူး မျက်နှာရူးတွေ
နှာဘူးတွေဘာတွေ နဲ.ပြောကြပါလိမ့်မယ် အခန်.မသင့်ရင်ပါးပါကွဲနှိင်ပါတယ် ..။
တကယ်တော့ခုခတ်မှာအဲဒါတွေက အလားလို.ပဲ ကျွန်တော်မြင်မိနေပါတယ်
..။ဘာကြောင့်လဲဆိုတော့ အဲနေရာတွေမှာသာ သိက္ခာရှိသလိုနေပြီ အမျိုးသား
အမျိုသမီး ခွဲခြားနေတာ ပါ အွန်းလိုင်းပေါ်ရောက်လာရင်
အဲဒီအမျိုးသမီးလေးတွေကစပြီးဖြစ်နေကြတာပါပဲ...။
အဲလိုပြောလို.စိတ်ဆိုးရင်လဲမတက်နှိင်ပါဘူး ..။ သူတို.အသိဆုံးပါ အမျိုးသား
က အမျိုးသမီးတယောက်ကို မသိပဲနဲ.ပေါ့ လမ်းမှာစကားပြောမယ် လိပ်စာမေးမယ်
ဖုန်းနံပါတ်တောင်းမယ်ဆိုရင် အဲဒါဘာလုပ်ချင်လို. ဘာကိုရည်ရွယ်တာလဲ
အားလုံးနားလည်နှိင်ပါတယ် ..။ဒါကိုအမျိုးသမီးလေးတွေက
လမ်းမှာသာကာကွယ်ကြတာပါ..။ အွန်လိုင်းပေါ်ကျရင်တော့ သူတို.ကိုက
လိုလိုချင်ချင်ဖြစ်နေကြတာပါ ... ကိုယ့်နဲ.မသိတဲ့ မမြင်ဖူးတဲ့
အမျိုးသားတယောက်မေးနေတာတွေကိုဖြေရအောင် မြန်မာအမျိုးသမီးတွေ အဲလောက်တောင်
သိက္ခာမဲ့နေပြီလား ခေတ်မှီတာလို.တော့လာမပြောပါနဲ. .. အဲလိုအပြောခံရမယ့်
ချက်ဘောက်တွေထဲကိုဘာလို.၀င်ကြတာလဲ အပျော်သဘောလား.. အပျင်းပြေလား
စိတ်ပြေလက်ပျောက်လား .. ။ အဲလိုလုပ်ရတော့ အဲမိန်းကလေး
ဘ၀မှာဘာတွေများတိုးတက်နှိင်သလဲ .. ဘာတွေများအကျိုးရှိလာမလဲ ..ဘာတွေဗဟုသုတ
ရလာမလဲ .. သေချာတာကတော့ ကို.ကို သူများက သားပြောမယားပြောပြောတာခံလိုက်ရမယ်
..ဗဟုသုတ အနေနဲ.ကတော့ ကိုယ့်ကိုမိုက်မိုက်ရိုင်းရိုင်း
သားပြောမယားပြောပြောတဲ့စကားလုံးတွေတွေ.ဖူးသွားမှာ အသေချာပါပဲ ..။ အဲတချို.
အဆင်ပြေတဲ့သူတွေကျတော့ လူကတော့ ဓာတ်ပုံလောက်တွေ.ဖူးမယ် .. VZO
ထဲမှာတွေ.ဖူးရုံလောက်ပဲရှိမယ် ချစ်သူဖြစ်နေပြီ .. ချစ်တယ်ဆိုတဲ့ စကားက
မိန်းမတယောက်ပါးစပ်က အလွယ်တကူမထွက်သင့်ဘူးလို.ထင်တယ် အလွယ်ထွက်ရင်
အရမ်းပေါသွားပြီ ပဲ .. နောက်ကောင်လေးကပဲစချိန်းလို.ဖြစ်ဖြစ်
ကောင်မလေးကပဲချိန်းလို.ဖြစ်ဖြစ်အပြင်မှာတွေ.ကြမယ်
တကယ်ကိုရီစရာပါ မြန်မာ မိန်းကလေးတွေလို.ပြောရမှာတောင်တော်တော်ရှက်ပါတယ်
... ကိုနဲ.မသိတဲ့ကောင်လေးနဲ.အပြင်မှာတွေပြီးလျှောက်လယ်ဖြစ်တဲ့မိန်ကလေးတွေ
ဘာတွေလုပ်ကြလဲ ခင်မင်ကြတာလား အဲကောင်တွေကရောဘာလို.လာခဲ သိကြပါသလား ...။
အပြင်မှာပထမဆုံးတွေ.တော့ ပြောတဲ့ စကားတွေကလဲရီရမှာပါ You က မောင်.......... လားပေါ့နော် .. I က ဘယ်သူပါပေါ့ ရီရတယ်ဗျာ တကယ် လူကြားထဲမှာ သူတို.မလို. မသိပဲ တနေရာသွားဖို.ချိန်းထားပြီး စကားပြောတော့ You တွေ I
တွေနဲ. ပြီးတော့ ကားစီး လျှောက်လယ် ရှက်တတ်ရှက်ဖို.ကောင်းပါတယ်
နောက်တချက်က အဲကောင်လေး ကောင်မလေးကိုလာမတွေ.ခင်
အင်တာနက်ဆိုင်မှာသူနဲ.တူတူပါလာတဲ့ သူငယ်ချင်းကိုဖြစ်ဖြစ်ပေါ့
ပြောခဲ့မယ့်စကားတခွန်းက တပွေတော့ရပြီ သွားဖန်လိုက်ဦးမယ် ဆိုတဲ့
အပြောမျိုးလေးတွေပါ ခုသူနဲ.တွေ.မယ့်ကောင်မလေး က ဘယ်အတန်းထဲရောက်သွားပြီးလဲ
ဆိုတာကိုယ့်ဘာသာ စဉ်းစားကြည်.ကြပါ .... အဲလိုပဲ Gtalk မှာလဲ Mirc
ကရထားတဲ့ အကောင့်ကိုအင်ဗိုက်လုပ်ပြီး ဖုန်းပြောမယ။် Gtalk
ဖုန်းပြောတယ်ပဲထားပါတော့ နားကြပ်ကြီးတပ်ပြီး
အရှက်မရှိအသံကျယ်ကြီးနဲ.ပြောမယ်။ကို.အသံကျယ်နေမှန်းလဲမသိ ဖီးတတ်နေကြတာ ။
အဲကတဆင့်အိမ်ဖုန်းတောင်းမယ် ညကျရင်ကြူုကြမယ်..။စဉ်းစားသာကြည်.ကြပါ လမ်းမှာ
ကောင်လေးတွေကောင်မလေးတွေကြည်.လိုက်ရင်အထာလေးတွေနဲ. မာနကြီးတွေနဲ.ပါ..။
ပြီးတော့ မသိပဲနဲ. ပေါက်ကရစကားတွေလျှောက်ပြောပြကြ ဓာတ်ပုံတွေပို.ကြ
နဲ.လုပ်ကြပါတော့တယ် တကယ့် ကိုဝါရင့်လာရင့် သဘာရင် အကောင်တွေနဲ.တွေ.ရင်
သေမှာပါ အဲမိန်းကလေးတွေ
သေတာထက်ဆိုးတဲ့ ဘ၀ပျက်သွားတဲ့ ဘ၀ကိုရောက်မှာပါ အလိုဘ၀ပျက်တော့ကော
စိတ်ထိခိုက်တဲ့လူရှိသလို ရေစုန်မျှောလိုက်ချင်သူတွေကလဲ တပုံကြီးပါ ..
တကယ့်ကိုရင်လေးစရာတွေ အမေတွေအဖေက တော့ငါ့သမီးလေး
အင်တာနက်ဆိုတာကြီးကိုသွားသွားသုံးနေတာဆိုပြီးတော့ ၀မ်းသာနေကြရတာပါ
ခေတ်မှီနေတဲ့စာတတ်ပေတတ်ကြီးပေါ့.. တကယ်တကယ်တော့ သူတို.လေးတွေ အင်တာနက် မှာ
အကောင်တွေနဲ.ရူပ်နေတာ ကောင်မလေးတွေကို ရူပ်နေတာ အမေဖအေ
တွေမသိရှာကြတာများပါတယ် .. အမေလုပ်သူက အင်တာနက်ဆိုင်လိုက်လာရင်
ကောင်လေးကို အဂ်လိပ်လိုချက်မယ် မအေကတော့မသိဘူးပေါ့ ငါ့သမီးလေး စာတွေကို
အဂ်လိပ်လိုတောင်ရိုက်နေတယ်ပေါ့. ကျောင်းစာတွေပေါ့ ဘေးကကြည်.ပြီး ပီတီ
ဖြစ်နေတာ မိန်းကလေးလုပ်သူကတော့ နောက်နေ. မသိကောင်တကောင်နဲ. တွေ.ဖို.ကို
မြန်ဂ်လိ နဲ.ချိန်းနေတာ ... ဒါတွေက တကယ့်ကိုရင်နာစရာတွေပါ ..
အဲကနေတဆင့်မကောင်းတဲ့ပုံတွေ မကောင်းတဲ့ကားတွေကြည်.ကြတယ် နောက် MP4
ထဲကိုထည်.သွားမယ် အိမ်ရောက်ရင်ကြည်.မယ် သူငယ်ချင်းတွေနဲ.ကြည်.မယ် .. ကဲ
ဒီလိုမိန်းကလေးတွေ ဘယ်လောက်တောင်များနေပြီးလဲ သိကြသလား ...
ခန်.မှန်းခြေပေါ့ဗျာ 100% မှာ 80 %ကတော့သေချာပါတယ် .. ကဲပြန်စဉ်းစားကြည်.ကြပေါ့ ကို က ဘယ်ထဲပါနေလဲလို. ... မေးလ်စစ်မလို. မေးလ်စစ်မလို.နဲ. ဘာမေးလဲသိကြလား eg ချစ်သူကိုလမ်းခွဲမယ်မပြောကြေး ...၊
တခြားအချစ်အကြောင်းဆွေးနွေးတဲ့ ဆိုဒ် မျိုး အဲဒါတွေပဲကြည်.ကြတာပါ ...
တကယ်လို.များ ကိုက နှိင်ငံအကြောင်း ဗဟုသုတ အကြောင်းပို.မိလို.ကတော့
လှည်.တောင်ကြည်.မှာမဟုတ်ဘူး နောက်များကိုယ့်နာမည်နဲ.မေးတွေလာရင်
ဖျက်တောင်ဖျက်ပြစ်မှာ. ...သူတို.စိတ်ဝင်စားတာ အချစ်ကိုအကြောင်းပြုပြီး
မကောင်းတာကိုဆွဲခေါ်နေတဲ့ အကြောင်းတွေလေ
တကယ်ကိုရင်နာလို.မဆုံးပါဘူး .... ယောက်ကျာ်းလေးတွေကလဲ ဒီလိုပါပဲ
ယောက်ကျာ်းဆိုတာ တည်တည်တံတံရှိပြီး မိန်းမတယောက်အားကိုးလို.ရအောင်နေရမှာပါ
.. အွန်လိုင်းပြောတာတွေကတော့အားကိုးချင်စရာကြီးတွေပါပဲ
အပြင်မှာလိုက်ကြည်.လိုက် ပါ ညဆို ဘီယာဆိုင် မာဆက် အိမ်ပြန်ရောက်ရင်
အွန်လိုင်းကြူထားတဲ့ကောင်မလေးနဲ.ဖုန်းပြော နောက်ချိန်းတွေ
အဲလိုယောကျာ်းမျိုးတွေမုန်းသိရက်နဲ.တွဲနေတဲ့ မိန်းကလေးတွေ
ဖုန်းလက်ခံပြောနေတဲ မိန်းကလေးတွေကိုတကယ် အံအောမိပါတယ် ... တကယ့်တကယ်
အလုပ်လုပ်နေတဲ့ သူတွေကိုမပြောပါဘူး ကိုယ့်အကြောင်း ကိုသိကြမှာပါ ကျွန်တော်အခုပြောတဲ့
အချက်တွေမှာငါမပါဘူးပြောချင်သူများ သေချာစဉ်းစားပါ တကယ်မပါဘူး ဆိုရင်
ခုအွန်းလိုင်းတက်လာပြီးမေးစစ်နေတာဘာအတွက်လဲ .. အလုပ်လား ကျောင်းစာလား
စကားပြောတဲ့ကောင်းတဲ့ကိုကိုလာရှာတာလား သေချာစဉ်းစားကြပါ ...။

ကျွန်တော် ခုပြောတာတွေက ကျွှန်တော်ကိုယ်တိုင်လုပ်ဖူးတာတွေရော
မြင်နေရတာတွေရောပေါင်းစပ်ရေးတာပါ နောက်တခုက ခုဒီစာကိုရေးတာ
အလုပ်လုပ်ရင်းနဲ.ရေးတာပါ ...
တကယ်လို.ကျွန်တော်ပြောတာကို ပြန်လယ်ချေပပြောဆိုလိုတယ် ဒါမှမဟုတ်
ဆွေးနွေးလိုတယ်ဆိုရင် လည်းဖြစ်ပါတယ်။ ခုရေးတာ က
အမျိုးသမီးတွေအကြောင်းပိုများပါတယ် ..
ဒီအကြောင်းတွေက တကယ်တော့ သူများရဲ.ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ ဒါပေမဲ့
မြန်မာလူမျိုးတယောက်အနေနဲ. ကြည်.ရင်
ကျွန်တော့်နဲ့ဆိုင်တယ်ထင်လို.ပြောရတာပါ ..။
ဒီနေရာမှ http://chocolatemyotaw.ning.com ကူးယူတင်ပြခြင်းဖြစ်ပါသည်
Zike
Zike
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 22
Join date : 2010-05-30

Back to top Go down

ကျောင်းသားကျောင်းသူတွေ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ? Empty Re: ကျောင်းသားကျောင်းသူတွေ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ?

Post  ဆိုင်မွန် Fri Jun 04, 2010 3:25 pm

ဟုတ်တယ်နော်။ သယ်ရင်း ပြောတာ အမှန်တွေပဲ rabbit rabbit Razz တတ်နိုင်ဘူးလေ။ အခုခေတ်ကတော့ ဒီလိုပဲ သုံးနေကြာတာပဲ Evil or Very Mad Evil or Very Mad Evil or Very Mad
ဆိုင်မွန်
ဆိုင်မွန်
လေ့လာသူ
လေ့လာသူ

Posts : 8
Join date : 2010-05-25

Back to top Go down

ကျောင်းသားကျောင်းသူတွေ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ? Empty Re: ကျောင်းသားကျောင်းသူတွေ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ?

Post  Dr ds Sat Jun 26, 2010 9:25 pm

မိတ်ဆွေရေ အမှန်တွေပဲဗျို့.......... မိတ်ဆွေ ပြောလို့ ကျွန်တော် လွန်ခဲ့တဲ့ ၅ လလောက်က အဖြစ်လေး သွားသတိရတယ်ဗျ။
ကျွန်တော်တို့မြို့မှာ အင်တာနက်က dial-up နဲ့ သုံးရတာ။ အရင်တော့ နီးတဲ့မြို့ကို သွားသုံးတာ။ နောက်ပိုင်း နာရီ သုံးဆယ် ကဒ် ၀ယ်ပြီး အိမ်မှာသုံးတာပေါ့။ တစ်နေ့ ကျွန်တော့် US က သူငယ်ချင်းနဲ့ ချတ်တင် ပြောနေတုန်း ကျွန်တော့် တူ ၁၃ နှစ်သား လေးက ဦးလေ.....အဲဒါဘာလုပ်တာတုန်းတဲ့။ စာတွေ ရိုက်နေတာကို မေးတာ။ (သူက အင်တာနက်ဆိုတဲ့ တီဗွီကြီးမှာ ကျန်းမာရေး၊ ဘာသာရေး၊ သတင်း၊ စတာတွေ ဖတ်လို့ရတယ်တော့ ဟိုးအရင်က ကျွန်တော် ရှင်းပြထားတာရယ်၊ သူတို့ ပြင်ပဗဟုသုတရယ်နဲ့သိတယ်ဗျ)။ ခု ကျွန်တော်က ချတ်တင်အကြောင်း နဲနဲ ရှင်းပြတယ်။ အဲဒီတော့ သူက သူ့ကိုလဲ ဂျီမေးလ် လိပ်စာတစ်ခုလောက် ဖွင့်ပေးပါတဲ့။ ကျွန်တော်က မင်းက ဘာလုပ်မလို့တုန်းဆိုတော့။ ကျွန်တော်လဲ နွေကျောင်းပိတ်ရင် ချတ်တင်ဝင်မလို့တဲ့။ ဘယ်သူနဲ့လဲဆိုတော့........ ဦးလေးပဲပြောတယ်လေ....တစ်ချို့ဆို အဲထဲမှာမှ မိတ်ဆက်တာ....ခင်သွားကြတာဆို။ ကျွန်တော်လဲ ကောင်မလေးတွေနဲ့ မိတ်ဆက်မှာပေါ့။ ကျွန်တော်က မင်းက မိတ်ဆက်ပြီးဘာလုပ်မလို့လဲဆိုတော့။ ဒီနို့နံ့မစင်သေးတဲ့ ကျွန်တော့် တူ ငနဲက ဘာပြန်ပြောတယ်မှတ်သလဲ။ ဟားဗျာ... ဦးလေးကလည်း... ဟဲဟဲဟဲ တဲ့။ ကြည့်ကြပါဦး အရပ်ကတို့ရေ။ ဘယ်နှယ်လုပ်ကြမတုန်း
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ကျောင်းသားကျောင်းသူတွေ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ? Empty Re: ကျောင်းသားကျောင်းသူတွေ အင်တာနက်ဆိုင်မှာအင်တာနက်ဝင်သုံးတယ် ဘာတွေသုံးလဲ ?

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum