မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း

2 posters

Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း

Post  ဒီလူ Sun May 30, 2010 2:54 am

ဒီပို့စ်ဟာ မြန်မာချက်အွန်လိုင်းဖိုရမ်ရဲ့ ပညာရေးအပိုင်းမှာ စတင်ပေါက်ဖွားခဲ့တဲ့ Post လေးပါ။ ဒီဖိုရမ်ရဲ့ ပညာရေးအပိုင်းမှာလည်း မျှဝေလိုတဲ့အတွက် လာရောက်ရေးသားခြင်း ဖြစ်ပါတယ်။


English စာကို စိတ်ဝင်စားသူများအတွက် တစ်ခုခုရလိုရငြား ... ဒီပို့စ်လေးကို တင်တာပါ။

ဒီလူအနေနဲ့ English စာနဲ့ အတော်အတန်သင့် ရင်းနှီးနေသူဖြစ်သော်လည်း English စာကို လုံးဝကျွမ်းကျင်နေသူတစ်ဦး မဟုတ်ပါ။

ဒီလူ ရုန်းကန်ခဲ့ရသော ဘ၀များတွင် English စာကို အသုံးချခဲ့ရသည်မှာ များသည်။ လက်ရှိအလုပ်တွင်လည်း ဂျာမန်များဖြင့် ဆက်ဆံရသော အပိုင်းများတွင် English စာကို အသုံးချနေရသဖြင့် အထိုက်အလျှောက်အနည်းငယ် ရင်းနှီးနေသောကြောင့် ...
မိမိကြုံခဲ့ရသော အတွေ့အကြုံများကိုလည်းကောင်း အသိများကိုလည်းကောင်း ဝေမျှလိုသော ဆန္ဒဖြင့် ဤပို့စ်ကို ရေးသားခြင်းဖြစ်ပါသည်။

English စာကို လုံးဝပြီးပြည့်စုံစွာ ကျွမ်းကျင်နေသူတစ်ဦး မဟုတ်သောကြောင့် ဒီလူ၏ ရေးသားချက်တွင် အမှားအယွင်းရှိခဲ့ပါက ဒီလူ့တွင်တာဝန်ရှိပါသည်။ သို့သော် ထိုအမှားသည် ရိုးသားသော အမှားသာ ဖြစ်လိမ့်မည်ဟု ဦးစွာ ပြောကြားလိုပါတယ်။
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty of course ရဲ့ ပြဿနာ

Post  ဒီလူ Thu Jun 03, 2010 8:52 am

ဒီလူတို့ အလုပ်တွင် အလုပ်ရုံးခွဲ တစ်နေရာသို့... လာရောက်လေ့လာသော နိုင်ငံခြားသားများရှိရာ ...

တစ်နေ့တွင် ... အင်္ဂလန်သံရုံးမှ အမျိုးသမီးတစ်ဦး ရောက်လာသည်။ ဒီလူတို့၏ CEO ဖြစ်သူနှင့် နည်းပညာဒါရိုက်တာမှာ ဂျာမန်လူမျိုးဖြစ်သည်။ ထိုနှစ်ဦးမှ လာရောက်လေ့လာသူ အမျိုးသမီး(ဗြိတိသျှလူမျိုး)အား ရှင်းလင်းပြောကြားရာတွင် ... of course ဆိုသောစကားလုံးကို လွယ်လွယ် သုံးမိလိုက်ကြသည်။

ထိုအခါ... ထိုအမျိုးသမီးမှ CEO ဖြစ်သူနှင့် နည်းပညာဒါရိုက်တာ ဂျာမန် ၂ ဦးအား .... of course ဆိုသော စကားလုံးသုံးစွဲမှုအား မကျေနပ်ကြောင်းနှင့် မသင့်တော်ကြောင်း နာရီဝက်ခန့် အပြစ်တင်ပြောကြားသွားသည်။

ထိုအကြောင်းကို ဒီလူကြားရသောအခါ .. of course ၏ သဘောကို ဆန်းဆစ်ရန် အတွေးစ ရခဲ့သည်။
ထို့ကြောင့် ထိုအဖြစ်အပျက်လေးမှ တဆင့် အတွေးပေါ်၍ လေ့လာသိရှိခဲ့ရသော of course
အကြောင်းလေးကို ဝေမျှလိုက်ပါသည် (သိပြီးသူများ သည်းခံပါရန်)။

of course (adverb) ဟုတ်တယ်၊ မှန်တယ်၊ ဟုတ်တာပေါ့ ဟု ထောက်ခံခြင်းများအတွက် အများဆုံး သုံးစွဲသော စကားလုံးဖြစ်သည်။

သို့သော် ... of course သုံးစွဲရာတွင် ရိုင်းပျမှုဖြစ်စေသော အနေအထားများ ရှိသည်။

တစ်စုံတစ်ခုကိုလည်းကောင်း အကြောင်းအရာတစ်ခုကိုလည်းကောင်း တောင်းဆိုချက်တစ်ခုကိုလည်းကောင်း...
ထောက်ခံသောအားဖြင့် ... မှန်ကြောင်းပြောသောအားဖြင့် ... လက်ခံသောအားဖြင့် ...သဘောတူသောအားဖြင့် ....
of course ကို သုံးစွဲနိုင်သည်။
ထိုသို့သုံးခြင်းသည် ယဉ်ကျေးသော ... ခင်မင်ရင်းနှီးသော .. ပျုငှာသော သဘောကို ပြသည်။

တစ်စုံတစ်ယောက်က သင့်အား အကြောင်းအရာတစ်ခုခုကို မေးမြန်းသောအခါ (Information တောင်းသည့်အခါ) .... of
course ကို သုံးစွဲလျှင် ... ထိုသို့သုံးစွဲခြင်းသည် ... ရိုင်းပျသော ... စိမ်းကားသော ... မပျုငှာသော .. သဘောကို ပြသည်။

အောက်ပါအချက်များကို ကြည့်ပါ။

Use of course as a polite and friendly way of agreeing to something
• 'Can I borrow your pen?'- 'Of course'.
• Of course I'll help you.
• 'Do you mind if I smoke?' - 'Of course not'.

Do not use of course as a reply when someone asks you for information, because this can sound rude and unfriendly. If, for example, you asked someone
'Is this the Swallow Hotel?' and they said • 'Of course it is'
it would sound as though they thought the answer was obvious and that you were stupid to ask them.

မေးသူ ။ ။ Is this Queen Hotel? (ဒါဟာ Queen ဟိုတယ်လား ခင်ဗျာ)
သင် ။ ။ Of course it is.
(ဟုတ်တာပေါ့ အဲဒါပဲ။ ] ရူးနေလို့ မေးတာလား - ဦးနှောက်မရှိလို့ မေးတာလား ဆိုသော သဘောကို ရောက်စေသည်)

ထို့ကြောင့် of course သုံးလျှင် မသင့်သောအခြေအနေကို နားလည်ထားရမည်။


Last edited by ဒီလူ on Thu Jun 03, 2010 11:34 pm; edited 1 time in total
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty ဘာသာပြန်ခြင်းပြဿနာ (သို့မဟုတ်) ဘာသာပြန်ခြင်း အနုပညာ ကို ဖန်တီးသော တွေးပုံတွေးနည်း (Ways of thinking)

Post  ဒီလူ Thu Jun 03, 2010 9:02 am

အင်္ဂလိပ်စာတစ်ချို့ကို သက်ဆိုင်ရာ ဘာသာစကားကို ပြန်တဲ့အခါ ... အခက်အခဲ ရှိပါတယ်။ ဒါကြောင့် တစ်ချို့သော စကားလုံးတွေဟာ နားလည်လို့ရပြီး ဘာသာပြန်ရခက်တဲ့ (သို့မဟုတ်) ရှုပ်ထွေးတဲ့ သဘောရှိတယ်။

ဒါကြောင့် ... ဒီလူအနေနဲ့ ... ဘာသာစကားနဲ့ ပတ်သက်ပြီး .... ပုံပြင်လေး တစ်ခုပြောပြလိုပါတယ်။ (ဒီလူ့ ဆရာဆီက ကြားသိခဲ့ရတဲ့ ပုံပြင်လေးပါ)

တစ်ခါက.... အရှေ့တိုင်း ပန်းချီဆရာရယ်၊ အနောက်တိုင်း ပန်းချီဆရာရယ် ... ပုံပြောသူရယ်၊ ခန်းမတစ်ခုထဲမှာ အစီအစဉ်တစ်ခုလုပ်တယ်။

ပုံပြောသူက ပြောမယ်။ သူပြောတာကို ပန်းချီဆရာတွေက လိုက်ဆွဲမယ်။ ပန်းချီဆရာ ၂ ယောက်ကြားမှာ လိုက်ကာတစ်ခုနဲ့ ကာထားမယ်။

ပုံပြောသူက စပြောတယ် -
ဟိုးရှေးရှေးတုန်းက ..... ဘုရင်ကြီးတစ်ပါး ရှိတယ်။ ပန်းချီဆရာ ၂ ယောက်က လိုက်ဆွဲတယ်။

ပုံပြောသူက ဆက်ပြောတယ် - အဲဒီ ဘုရင်ကြီးမှာ ... သိပ်ခမ်းနားတဲ့ ... နန်းတော်ကြီးတစ်ခု ရှိတယ်။ ပန်းချီဆရာ ၂ ယောက်က လိုက်ဆွဲတယ်။

အားလုံးပြီးဆုံးသွားတဲ့အခါ .... ပန်းချီဆရာ ၂ ယောက်ကြားက လိုက်ကာကို ဆွဲဖွင့်လိုက်တယ်။
ပန်းချီကား ၂ ချပ်ဟာ ..... တစ်ခုနဲ့တစ်ခု လုံးဝ မတူဘူး။


ပြောသွားတဲ့ အကြောင်းအရာက တစ်ခုတည်း အတူတူဖြစ်ပေမယ့် - ပန်းချီကား ၂ ချပ်က တစ်ခုနဲ့တစ်ခု ဘယ်လိုမှ
မနီးစပ်အောင်ကို လုံးဝခြားနားနေတယ်။

အရှေ့တိုင်းပန်းချီကားထဲက ဘုရင်ကြီးရဲ့ ပုံစံဟာ .... ဦးသျှောင်/ခေါင်းဆောင်းနဲ့ ဖြစ်ပြီး ... နန်းတော်ကြီးဟာလည်း အချွန်အတက်တွေနဲ့ ဖြစ်တယ်။
အနောက်တိုင်း ပန်းချီကားထဲက ဘုရင်ကြီးရဲ့ ပုံစံဟာ ... သရဖူနဲ့ဖြစ်ပြီး ... နန်းတော်ကြီးဟာ ... ရဲတိုက်လို ပုံစံမျိုးနဲ့ ဖြစ်တယ်။
ပုံပြောသူပြောသွားတဲ့ အကြောင်းအရာတစ်ခုတည်း ကို ပုံဖော်ရေးဆွဲတာ ဖြစ်ပေမယ့် .... ပန်းချီကားချပ်တစ်ခုနဲ့တစ်ခုဟာ ဘယ်လိုမှ မတူကြဘူး။

ပန်းချီဆရာ နှစ်ယောက်ရဲ့ တွေးပုံတွေးနည်းတွေ (Ways of thinking) ဟာ (အရှေ့တိုင်း ၊ အနောက်တိုင်း) မတူညီတဲ့ ယဉ်ကျေးမှုကို အခြေခံနေလို့ပါပဲ။ ဒီပုံပြင်လေးက ဘာကို ပြနေလည်းဆိုတော့ ...ဘာသာစကားတစ်ခုက စကားတွေကို တစ်ခြားဘာသာစကားနဲ့ ပုံဖော်ယူတဲ့အခါ .... မတူညီတဲ့ ယဉ်ကျေးမှုတွေကြောင့် ... ဘာသာပြန်မှုဟာ ခက်ခဲတဲ့ အပိုင်းလေးတွေ ရှိတတ်ပါတယ်။ ရှုပ်ထွေးကွဲလွဲစေတဲ့ အပိုင်းလေးတွေ ရှိတယ်။

မြန်မာလိုပြောလိုက်တာကို .... အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါ ... မချောမွေ့တဲ့ ကိစ္စတွေ ... အင်္ဂလိပ်လိုပြောလိုက်တာကို ... မြန်မာလို ဘာသာပြန်တဲ့အခါ ... မချောမွေ့တဲ့ ကိစ္စတွေ ... ဟာ ... (Ways of thinking) ကြောင့် ဖြစ်တာတွေများပါတယ်။

ဒါကြောင့် ဘာသာစကားတစ်ခုကို သုံးစွဲပြောဆိုတဲ့ အဲဒီဘာသစကားပြောသူတို့ရဲ့ လူမှုကိစ္စတွေမှာ ပြုလေ့ရှိ အလေ့အထ အပြုအမှု (Social behavior) တွေကို လေ့လာရမှာ ဖြစ်ပါတယ်။ စကားလုံးအဓိပ္ပါယ်နဲ့ သဒ္ဒါကို လေ့လာရုံနဲ့ မပြီးပြတ်ပါဘူး။

ဥပမာအားဖြင့် -

(မြန်မာပြောဟန်)
သူအိမ်ထောင်ရှိမရှိ မင်းသိလား။
သူ အိမ်ထောင်မရှိဘူး။

(အင်္ဂလိပ်ပြောဟန်)
Do you know if he is married?
No, he's not.


အင်္ဂလိပ်ပြောဟန်ဖြစ်တဲ့ Do you know if he's married? ကို မြန်မာလိုတည့်တည့် ဘာသာပြန်ကြည့်တဲ့အခါ ... အကယ်လို့ သူဟာ လက်ထပ်ပြီးပြီဆိုရင် မင်းသိလား ... လို့ အဓိပ္ပါယ်ကိုရောက်ပြီး ... မြန်မာတွေးပုံတွေးနည်းနဲ့ .... အဆင်မချောတဲ့ အနေအထားတွေ ဖြစ်ကုန်ပါတယ်။

ဒါကြောင့် အင်္ဂလိပ်လိုပြောလေ့ပြောထ ပြောဟန်တွေကို မြန်မာတွေးပုံတွေးနည်းနဲ့ တည့်တည့်လိုက်တွေးပြီး ပြောလို့၊ ရေးလို့ အဆင်မပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဘာသာစကားတစ်ခုကို သုံးစွဲပြောဆိုတဲ့ အဲဒီဘာသာစကားပြောသူတို့ရဲ့ လူမှုကိစ္စတွေမှာ ပြုလေ့ရှိ အလေ့အထ အပြုအမှု (Social behavior) တွေကိုပါ လေ့လာရမှာ ဖြစ်ပါတယ်။ စကားလုံးနဲ့ သဒ္ဒါကို လေ့လာရုံနဲ့ မပြီးပြတ်ပါဘူး။

အဲဒီသဘောကို လေ့လာဖူးတဲ့ စာသားလေးတစ်ချို့နဲ့ တင်ပြချင်ပါတယ်။

There is much more to learn when we learn a language than just the vocabulary and the grammar of language. We also have to learn the social behavior of the people who speak it (that language). [ Ref: Breakthrough by J.C Richards and M.N.Long ]
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty of course နောက်ဆက်တွဲ

Post  ဒီလူ Thu Jun 03, 2010 9:21 am

တစ်စုံတစ်ယောက်ကို မှန်ကြောင်း အလေးထားပြောလိုတဲ့ အခါမျိုးမှာ Informal အနေနဲ့ of course (သို့မဟုတ်) course ကို သုံးစွဲနိုင်ပါတယ်။
ဥပမာ -
'Do you really believe her?' (မင်းသူ့ကို တစ်ကယ်ယုံလား)
'Of course I do!' (ယုံတာပေါ့ - တစ်ကယ်ယုံတယ်)

'Do you love me?' (မင်း ငါ့ကို ချစ်လား)
'Of course!' (ချစ်တာပေါ့)

သို့သော် Yes, Yeap, တို့သုံးရင် ဘယ်လိုအကျိုးသက်ရောက်မှု .... လေးနက်မှု၊ အဓိပ္ပါယ်ပြည့်ဝမှု ဘယ်လိုမျိုးကွာသလဲ .... ဆိုတာတွေကို ပြောရရင် ...

Yes လို့လည်း ပြန်ဖြေလို့ရပါတယ်။ Yes နဲ့ အဓိပ္ပါယ်တူတူဖြစ်နေတဲ့ Informal စကားလုံးတွေဖြစ်တဲ့ - Yep, Yeah ဆိုတာတွေလည်း သုံးလို့ရပါတယ်။ informal အသုံးဆိုသည့် အတွက် ပုံမှန် လွတ်လွတ်လပ်လပ်သဘော (သို့မဟုတ်) လွယ်ကူစွာ ပြောဆိုခြင်းဖြစ်သည်။ မလေးနက်ဟု ပြောလို့မရ။

'Do you love me?' (မင်း ငါ့ကို ချစ်လား)
'Of course!' (ချစ်တာပေါ့ - [ အပြောင်ပြောခြင်းမဟုတ် - အလေးထားပြောခြင်းဖြစ်])

'Do you love me?' (မင်း ငါ့ကို ချစ်လား)
'Yes!' (ချစ်တယ် - [ ပေါ့ပျက်ပျက်ပြောခြင်းမဟုတ် - ပုံမှန် လွတ်လပ်/ရိုးရှင်းစွာ ပြောခြင်းဖြစ်])

များသောအားဖြင့် အင်္ဂလိပ်စာတွေင် ဖြေလေ့ဖြေဟန်များသော ကိစ္စမှာ -
Do နဲ့မေးသောကိစ္စများကို Do နဲ့ -
ံHave နဲ့မေးသောကိစ္စများကို Have နဲ့ -
Is/Are နဲ့မေးသောကိစ္စများကို Is/Are နဲ့ - ဖြေလေ့ရှိသည်။

(ဆက်ရန်)
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty Re: ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း

Post  ဒီလူ Thu Jun 03, 2010 10:46 pm

Do you understand? (Understand ဖြစ်တယ်ဆိုတဲ့ ကိစ္စကြီးကို မင်း Do လား ? လို့ မြင်ယူကြည့်ပါ)

Do ရင် -
Yes, I do. (အင်း... ငါ Do တယ် - [ငါ နားလည်တယ်တဲ့ ကိစ္စကြီးကို Do တယ်] - ငါ နားလည်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ)

မ Do ရင် -
No, I don't. (အင်း... ငါ မ Do ဘူး - [ငါ နားလည်တယ်တဲ့ ကိစ္စကြီးကို မ Do ဘူး] - ငါ နားမလည်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ)

ထို့အတူ -
Have you done this before?
Yes, I have.
No, I haven't.

Are they crazy?
Yes, they are.

Is he a teacher?
Yes, he is.

ဒါကြောင့် ဖြေလေ့ဖြေထဟန်နဲ့ ဆိုရင်တော့ ...

Do you love me?
Yes, I do.

လေးနက်မှုကို ဖော်ပြတဲ့ကိစ္စနဲ့ ပတ်သက်တာတစ်ခုကတော့ -
I love you. (မင်းကို ချစ်တယ်)
I do love you. (ငါ မင်းကို တစ်ကယ် ..ကို ... ချစ်တာ - [ လေးနက်ခြင်းကို ဖော်ပြလိုသောကြောင့် do ထည့်သုံးသည်])

ဒါကြောင့် -

'Do you love me?' (မင်း ငါ့ကို ချစ်လား)
'Of course!' (ချစ်တာပေါ့ - [ အပြောင်ပြောခြင်းမဟုတ် - အလေးထားပြောခြင်းဖြစ်])
ထို့အတူ -
'Do you love me?'
'Of course, I do.'

'Do you love me?' (မင်း ငါ့ကို ချစ်လား)
'Yes!' (ချစ်တယ် - [ ပေါ့ပျက်ပျက်ပြောခြင်းမဟုတ် - ပုံမှန် လွတ်လပ်/ရိုးရှင်းစွာ ပြောခြင်းဖြစ်])
ထို့အတူ -
'Do you love me?'
'Yeah' (သို့မဟုတ်) 'Yep'

'Do you love me?'
'Yes, I do.'
'Yes, I do love you.'

ဒီလောက်ဆို ... ကြေလည်မယ်လို့ ထင်ပါတယ်။


Last edited by ဒီလူ on Thu Jun 03, 2010 10:50 pm; edited 1 time in total
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty sure နဲ့ of course

Post  ဒီလူ Thu Jun 03, 2010 10:47 pm

sure နဲ့ of course ဟာ တူညီတဲ့ သဘောလေးတွေ ပါပါတယ်။

အဓိပ္ပါယ်သဘောအရ -

sure (adverb) ကိုတော့ ......

yes - spoken - used to say 'yes' to someone: (Yes သဘောနဲ့ ပြောတဲ့အခါ)
'Can you give me a ride to work tomorrow?' 'Sure.'

accept thanks - American English
spoken
- used as a reply when you accept thanks from someone:
(တစ်ယောက်ယောက်ရဲ့ ကျေးဇူးတင်မှုကို အသိမှတ်ပြု လက်ခံတဲ့အခါ)
'Thanks for your help, Karen.' 'Sure.'


Of course (adverb) ကိုတော့ ......

spoken - also course -informal - used to emphasize that you are saying 'yes' when someone asks your permission to do something: (တစ်စုံတစ်ယောက်ရဲ့တောင်းဆိုချက်ကို Yes ပြောတဲ့အခါ)
'Can I ring you back in a minute?' 'Yes, of course.'
'Is it OK if I have another cup of coffee?' 'Course, help yourself.'


spoken - also course - informal - used to emphasize that what you are saying to someone is true or correct:
(ဟုတ်ကြောင်း မှန်ကြောင်း အလေးထားပြောဆိုသည့်အခါ)
'Do you really believe her?' 'Of course I do!'
'I hope this idea of yours works.' 'Course it'll work.'


spoken - used to show that you accept or agree with what someone has just said:
(တစ်စုံတစ်ယောက်က ပြောလိုက်သည့်ကိစ္စနဲ့ သဘောထားတူညီသည့်အခါ - ထိုကိစ္စကို မှန်ကန်ကြောင်း လက်ခံသည့်အခါ)
'Don't get angry. She's only thirteen.' 'Of course.'
'The correct answer is 83.' 'Oh, yes, of course.'


sure ဟာ US သုံးဖြစ်ပြီး of course ဟာ UK ဖြစ်တယ် ... ဆိုတဲ့ ကိစ္စကိုကတော့ တစ်ပိုင်းတစ်စသာ မှန်သည်။
နားလည်မှု မလွဲရန် အောက်ပါအတိုင်း ရှင်းပြလိုပါသည်။

တစ်ချို့သောကိစ္စမှာ sure ဟာ US သုံးဖြစ်သွားပါတယ်။ သို့သော် of course က UK သုံးဖြစ်တယ်ဆိုတာတော့ မခိုင်လုံပါ။ of course က US, UK ခွဲခြားမထားတဲ့ အသုံးပါ။

Sure ကို US - UK မခွဲခြားတဲ့ အသုံး -
yes - spoken - used to say 'yes' to someone: (Yes သဘောနဲ့ ပြောတဲ့အခါ)
'Can you give me a ride to work tomorrow?' 'Sure.'

sure ကို US အသုံး -
accept thanks - American English spoken - used as a reply when you accept thanks from
someone:

(တစ်ယောက်ယောက်ရဲ့ ကျေးဇူးတင်မှုကို အသိမှတ်ပြု လက်ခံတဲ့အခါ)
'Thanks for your help, Karen.' 'Sure.'

ဒါကြောင့် -(ကျေးဇူးတင်မှုကို အသိမှတ်ပြု လက်ခံတဲ့အခါ Sure ကိုသုံးတာ အမေရိကန်ပြောဟန် ဖြစ်သည်။ ဒီလိုအသုံးနဲ့ sure ကိုသုံးတာကလွဲရင် ကျန် sure အသုံးများကို အမေရိကန် အသုံးဟု မသတ်မှတ်ပါ)

အားလုံးကိုပြန်ချုပ်ရရင် -

sure နဲ့ of course ဟာ အဓိပ္ပါယ်သဘောအရ တူညီနိုင်တဲ့သဘောလေးတွေ ရှိပါတယ်။
of course ကUS, UK ခွဲခြားမထားတဲ့ အသုံးပါ။ sure က US, UK ခွဲခြားမထားတဲ့ အသုံးဖြစ်တဲ့ သဘောရှိသလို ....၊ US အသုံးလို့ ခွဲခြားသတ်မှတ်နိုင်သော အချက်လည်းရှိပါတယ်။
sure အသုံးဟာ အသုံးပြုပုံပေါ်မူတည်ပြီး အမေရိကန်အသုံးဖြစ်သွားနိုင်တဲ့ အချက်ရှိပါတယ်။ တစ်ချို့အသုံးတွေမှာ sure
ကို အမေရိကန်အသုံးအနေနဲ့ သတ်မှတ်လို့မရပါ။


Last edited by ဒီလူ on Thu Jun 03, 2010 11:11 pm; edited 3 times in total
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty အင်္ဂလိပ်စာ နိုင်ငံတကာသုံး ဘာသာစကား ဖြစ်လာရခြင်း

Post  ဒီလူ Thu Jun 03, 2010 10:54 pm

အင်္ဂလိပ်စာကို နိုင်ငံတကာသုံးဘာသာစကား အဖြစ်သတ်မှတ်တယ်ဆိုတာက သတ်မှတ်ပေးရမယ့် အနေအထားကို ရောက်လာလို့။ ဘယ်သူကမှ သတ်မှတ်ဖို့ ကြိုးစားတာမဟုတ်ဘူး။

အကျိုးအကြောင်း ဖြစ်စဉ်တွေအရ နိုင်ငံတကာသုံးဘာသာစကား အနေအထားကို ရောက်လာတာ။ အဲဒီရောက်လာတဲ့ အနေအထားအရ နိုင်ငံတကာသုံးဘာသာစကားအဖြစ် သတ်မှတ်လိုက်ကြရတာ။ အတွေးအခေါ် သဘောနဲ့ ပြောရရင် ... သတ်မှတ်တယ်ဆိုတာထက် လက်ခံလိုက်ရတာ။

ဒါဆိုရင် ဘယ်လိုအကြောင်းတွေကြောင့် .... ဖြစ်လာတယ်ဆိုတာ ... အတတ်နိုင်ဆုံး ရှင်းပြကြည့်ပါ့မယ်။


၁။ historical reasons (သမိုင်းကြောင်း)
၂။ practical reasons (အခြေအနေဖြစ်စဉ်)
၃။ economic reasons (စီးပွားရေးသဘော)
၎။ internal political reasons (နိုင်ငံရေးသဘော)
၅။ intellectual reasons (အသိပညာသဘော)


ဒီအကြောင်းအရင်းတွေကလည်း တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ သဘောရှိနေပါတယ်။

၁။ historical reasons (သမိုင်းကြောင်း)

ဒါကတော့ ဗြိတိသျှ အင်ပါယာ အင်အားကြီးလာမှုနဲ့ နယ်ပယ်သစ်ချဲ့ထွင်မှုတွေ အဓိကပါဝင်တယ်။ နောက်ခံသမိုင်းကြောင်းတွေ
အများဆုံးအခြေခံနေတဲ့ သဘောတွေ ရှိတယ်။ အင်္ဂလိပ်စာ သမိုင်းကြောင်းလေးကို ထည့်သွင်းပြောချင်ပါတယ်။ နည်းနည်းတော့ ရှည်သွားမယ် (historical reasons + history of English Language) ဆိုတော့။

ဂျူးလီးယက်ဆီဇာ အင်္ဂလန်ကို သိမ်းလိုက်တဲ့ ဘီစီ ၅၅ ကနေ အေဒီ၅ရာစုလောက်အထိ ... အင်္ဂလန်မှာ ဒေသခံ Celtish ဘာသာစကားတွေကို ပြောကြတယ်။

ရောမအင်ပါယာ ရုပ်သိမ်းပြီး Germanic ဘာသာစကားကို သုံးစွဲတဲ့လူတွေ အခြေချဝင်ရောက်လာတဲ့ အေဒီ ၅ရာစုကနေ ၁၁ရာစုအတွင်းမှာတော့ Old English ကို သုံးစွဲပြောဆိုကြတယ်။

၁၁ရာစုကနေ ၁၄ရာစုအတွင်းမှာ အင်္ဂလန်ကို ပြင်သစ်ဘုရင်တွေအုပ်စိုးခဲ့ပြီး .... old English ကနေ Middle English စာအဖြစ် ပြောင်းလဲမှုတွေ ရှိလာတယ်လို့ သိရတယ်။

၁၄ရာစုအတွင်းမှာ ... ကျောင်းတွေမှာ ညွှန်ကြားသုံးစွဲတဲ့ ဘာသာစကားအဖြစ် မူလသုံးစွဲရာ လက်တင်ဘာသာစကားနေရာမှာ အင်္ဂလိပ်စာကို ပြောင်းလဲခဲ့တယ်။ တရားဥပဒေရေးရာမှာ သုံးစွဲတဲ့ ဘာသာစကားအဖြစ် မူလသုံးစွဲရာ ပြင်သစ် ဘာသာစကားနေရာမှာ အင်္ဂလိပ်စာကို ပြောင်းလဲခဲ့တယ်။ 1362 ခုနှစ်မှာ ပါလီမန်မှာ အင်္ဂလိပ်ဘာသာစကားကို ပထမဆုံး စတင်သုံးစွဲခဲ့တယ်။

၁၅ရာစုကိုရောက်လာတဲ့အခါ ... Middle English ကနေ Early Modern English ကို ကူးပြောင်းတိုးတက်လာတယ်။ ၁၆ရာစုမှာ ရှိတ်စပီးယားမွေးလာတယ် (ရှိတ်စပီးယားဟာ အင်္ဂလိပ်ဘာသာစကားအတွက် အရေးကြီးတဲ့ လူတစ်ဦး သမိုင်းတွင်ခဲ့တယ်)

1604 ခုနှစ်မှာ ပထမဆုံး အင်္ဂလိပ်စာ အဘိဓာန်ကို စတင်ထုတ်ဝေခဲ့တယ်လို့ သိရတယ်။ 1616 ခုနှစ် မှာ ရှိတ်စပီးယား သေဆုံးခဲ့ပြီး ... 1702 ခုနှစ်မှာ The Daily Courant လို့အမည်ရတဲ့ အင်္ဂလိပ်ဘာသာစကားကို သုံးစွဲတဲ့ ပထမဦးဆုံး နေ့စဉ်သတင်းစာ ကို လန်ဒန်မြို့မှာ စတင်သုံးစွဲ ထုတ်ဝေတယ်။

1776 မှာ Thomas Jefferson က အမေရိကန် လွတ်လပ်ရေးကြေငြာစာတမ်းရေးခဲ့ပြီး ...1782 မှာ အင်္ဂလန်ဟာ သူရဲ့
အမေရိကန်ကိုလိုနီ (အမေရိကမှာ နယ်ပယ်ချဲ့ထွင်မှု)ကို လက်လွှတ်လိုက်တယ်။

အဲဒီနောက် ၁၉ ရာစုကစပြီး Late Modern English စာ ပေါက်ဖွားလာတယ်။ ဒါဟာ အင်္ဂလိပ်စာရပ်တည်လာတဲ့ သမိုင်းကြောင်းအကျဉ်းပါပဲ။

သမိုင်းကြောင်းအရ ... ရောမတွေ ၊ ဂျာမန်နွယ်ဝင်တွေ၊ ပြင်သစ်တွေ လက်အောက်ကနေ ရုန်းထခဲ့ရတဲ့ အင်္ဂလန်ဟာ ၁၄ရာစုအတွင်း နိုင်ငံတော်မှာ အရေးကြီးသုံးစွဲတဲ့ လက်တင်ဘာသာ နဲ့ ပြင်သစ်ဘာသာကို ဖယ်ရှားပြီး အင်္ဂလိပ်စာဖြစ်အောင် ကြိုးစားခဲ့ရတယ်။
အင်္ဂလန်ဟာ အဲလိုတည်ငြိမ်အောင် ဖန်တီးယူခဲ့ရတဲ့ အခြေအနေကို တည်မြဲဖို့ အတွက်လုပ်ခဲ့တဲ့ သူတို့ရဲ့ နယ်မြေသစ်ရှာဖွေမှု၊ အင်ပါယာချဲ့ထွင်မှု တွေဟာ historical reasons တွေဖြစ်လာတယ်။

၁၅ရာစု၊ ၁၆ရာစု၊ ၁၇ရာစု၊ ၁၈ရာစု၊ ၁၉ရာစု တွေမှာ အင်္ဂလန်ဟာ ရေတပ်အင်အားမြှင့်တင်ပြီး စပိန်ရေတပ်ကို အနိုင်ယူပြီးနောက် သမုဒ္ဒရာရေပြင်တစ်လျှောက် ... Voyages of exploration တွေကို လုပ်ခဲ့တယ်။ အဲဒီလိုနဲ့ အင်္ဂလိပ်ဘာသာစကားဟာ နယ်ပယ်ကျယ်ပြန့်လာတယ်။

ဒုတိယအချက်က နယ်ပယ်သစ်ချဲ့ထင်မှု (colonialism) ကြောင့်ပဲ။ ဗြိတိသျှအင်ပါယာ ခိုင်မာမှုအတွက် သယံဇာတတွေ
အများကြီးလိုအပ်လာတဲ့အခါ ကိုလိုနီချဲ့ထွင်မှု (နယ်ပယ်သစ်ချဲ့ထွင်မှု)တွေ လုပ်လာတယ်။ နေမ၀င်အင်ပါယာကို ထူထောင်ခဲ့တယ်။ ဒီလိုနဲ့ အင်္ဂလိပ်စာဟာ ကမ္ဘာ့နေရာအနှံ့အပြားကို ကျယ်ပြန့်လာခဲ့တယ်။

၂၀ရာစုမှာ ကမ္ဘာ့စစ်ပွဲတွေက ရတဲ့အကျိုးအမြတ်တွေနဲ့ အမေရိကန်ရဲ့ အင်အားကြီးထွားမှုဟာ အင်္ဂလိပ်စာကို ကမ္ဘာ့အနှံ့ကျယ်ပြန်ဖို့ ထပ်မံအားဖြည့်လိုက်သလိုဖြစ်လာပါတယ်။

(တစ်ကယ်လို့များ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာအနိုင်ရခဲ့ရင် ဥရောပတစ်တိုက်လုံးဟာ ဘုံသုံးစကားဟာ
ဂျာမန်စကားဖြစ်သွားနိုင်တယ်လို့ တစ်ချို့လေ့လာသူတွေက ပြောကြတယ်)


ဒီသမိုင်းကြောင်း အခြေခံအကြောင်းအရင်းတွေဟာ အင်္ဂလိပ်စာဟာ ကမ္ဘာ့နေရာအနှံ့အပြားကို
ပျံနှံ့စေခဲ့တာဖြစ်လို့ အင်္ဂလိပ်စာကို ကမ္ဘာသုံးဘာသာစကားဖြစ်လာစေဖို့ historical reasons အနေနဲ့ ရှိနေပါတယ်။


၂။ practical reasons (အခြေအနေဖြစ်စဉ်)

ဒါကတော့ နယ်ပယ်သစ်ချဲ့ထွင်မှုကြောင့် ဖြစ်လာတဲ့ လက်တွေ့အခြေအနေဖြစ်စဉ်ကို ဆိုလိုတာပါ။ လက်တွေ့ဖြစ်စဉ်မှာ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ... ကိုလိုနီနိုင်ငံအားလုံးဟာ ဆက်သွယ်ပြောဆိုရေး communications အတွက် English စာကို အသုံးပြုခဲ့ရတယ်။

ကိုလိုနီဒေသခွဲအသီးသီးမှာ မတူညီတဲ့ ဘာသာစကားတွေနဲ့ပြောနေကြပေမယ့် တစ်ခုတည်းသော တူညီမှုအဖြစ် English စာကို
(လက်တွေ့အခြေအနေအရ) သုံးစွဲကြရတယ်။ ကိုလိုနီခေတ်အခြေအနေမှာ communications အတွက် English စာကို မသုံးပဲနေမယ် ဆန့်ကျင်မယ်ဆိုရင် .... တိုင်းပြည်ရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်ကို မရနိုင်တဲ့ အနေအထားဖြစ်နေတယ်။
မြန်မာပြည်အနေနဲ့တောင် အင်္ဂလိပ်စာကို ကျွန်စာလို့ သတ်မှတ်ဆန့်ကန်ခဲ့ကြပေမယ့် .... မြန်မာပြည်ကို ကျွန်ဘ၀လွတ်အောင် လုပ်ပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတောင် English စာကို (လက်တွေ့အခြေအနေအရ) မဖြစ်မနေ သင်ယူ အသုံးချခဲ့ရတာကို နားလည်ကြည့်နိုင်ပါတယ်။

ဒါကြောင့် လက်တွေ့ကျတဲ့ အခြေအနေဖြစ်စဉ်ဟာ အင်္ဂလိပ်စာကို ကမ္ဘာသုံးဘာသာစကားဖြစ်လာစေဖို့ practical reasons အနေနဲ့ ရှိနေပါတယ်။


၃။ economic reasons (စီးပွားရေးသဘော)

ကုန်သွယ်ရောင်းဝယ်ရေးသဘောအရ .... ထိရောက်မယ့် ဆက်သွယ်မှုကို အခြေခံဖို့ရယ်၊ ကုန်သွယ်မှုတိုးတက်ရေးအတွက်
ဘုံသဘောတူညီချက်တွေအတွက် ... ပြောဆိုဆက်ဆံရာမှာ အင်္ဂလိပ်စာကို ပင်မဆက်သွယ်မှု ဘာသာစကားတစ်ရပ်အနေနဲ့ အသုံးချခဲ့ကြတယ်။ Trade developing, trading agreements ဆိုတာတွေကို အင်္ဂလိပ်စာသုံးပြီး ပြုလုပ်ခဲ့ကြတယ်။ ကိုလိုနီခေတ်ကအစပြုပြီး ကမ္ဘာအနှံ့အပြားကုန်သွယ်မှုမှာ အင်္ဂလိပ်စာကို ကျယ်ပြန့်စွာ သုံးစွဲခဲ့တဲ့အတွက် ... ဒီအချက်ဟာ အင်္ဂလိပ်စာကို ကမ္ဘာသုံးဘာသာစကားဖြစ်လာစေဖို့ economic reasons အနေနဲ့ ရှိနေပါတယ်။


၎။ internal political reasons (နိုင်ငံရေးသဘော)

နိုင်ငံရေးခေါင်းဆောင်တော်တော်များများဟာ နိုင်ငံရေးကိစ္စတွေနဲ့ နိုင်ငံရေးမူဝါဒတွေအတွက် ပြင်ပကမ္ဘာနဲ့ ဆက်စပ်ရတဲ့အခါ
.... စူပါပါဝါ နိုင်ငံကြီးတွေ (ဥပမာ အမေရိက)မှာ အင်္ဂလိပ်စာကို အဓိကဆက်သွယ်မှု ဘာသာရပ်အဖြစ် ထားရှိတဲ့သဘောတွေရယ်၊ တစ်ချို့သော နိုင်ငံတွေမှာ နိုင်ငံတွင်းဘာသာစကားများပြားမှုကြောင့် ပင်မဆက်သွယ်မှုအတွက် အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားသတ်မှတ်တာတွေရယ်ကြောင့် အင်္ဂလိပ်စာဟာ တိုင်းပြည်အပြင်ဘက်တွင် မဟုတ်ဘဲ (အချို့သောတိုင်းပြည်တွေအတွက်) တိုင်းပြည်အတွင်းပါ ကျယ်ပြန့်လာတယ်။

ဒီအချက်ဟာလည်း အင်္ဂလိပ်စာကို ကမ္ဘာသုံးဘာသာစကားဖြစ်လာစေဖို့ internal political reasons အနေနဲ့ ရှိနေပါတယ်။


၅။ intellectual reasons (အသိပညာသဘော)

အသိပညာသဘောအရ ... ဆိုတဲ့အပိုင်းမှာ ... အင်္ဂလိပ်စာကို .... အသိပညာဘာသာစကား(လေ့လာဆည်းပူးမှုတွင် သုံးသော ဘာသာစကား - Language of Study) လို့တင်စားထားပါတယ်။
ဗြိတိသျှအင်ပါယာ တန်ခိုးထွားချိန် ၁၈ရာစု ၁၉ရာစုမှာ အသိပညာထွန်းတောက်လာတဲ့ အချိန်နဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ပညာရှင်တော်တော်များများဟာ သူတို့ပညာကွန့်မြူးထားတဲ့ အိုင်ဒီယာတွေကို အင်္ဂလိပ်စာနဲ့ ပုံဖော်ပြီး ကမ္ဘာအ၀န်း ဖြန့်ကျက်နိုင်ဖို့လုပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။

အဲဒီကနေစပြီး အသိပညာလောကမှာ .... အင်္ဂလိပ်စာဟာ အသိပညာဘာသာစကား သဖွယ်ဖြစ်လာပါတယ်။ အဲဒီအကျိုးဆက်ကတော့ .... ဒီကနေ့ အိုင်တီခေတ်မှာ အင်တာနက်ကို သုံးစွဲရာမှာ အင်္ဂလိပ်စာကို လုံးဝအခြေခံထားလျှက်ရှိနေပါတယ်။ ဥပမာ - မြန်မာဖိုင်းဒ်တော့ခ်နက် မှာ မြန်မာလို နှီးနှောဖလှယ်ဖို့ ဆိုဒ်ရှိရာ တည်နေရာကို သွားတဲ့အခါ လိပ်စာဘားမှာ .... အင်္ဂလိပ်လို ရေးသားရတဲ့ myanmar.forumotion.net ဆိုတဲ့ အခြေခံကတော့ မလွဲသာအောင်ကို သုံးစွဲနေရတုန်းပါပဲ။

ပညာရပ်တွေနဲ့ ပတ်သက်လို့ အင်္ဂလိပ်လိုရေးသားတဲ့တဲ့ စာအုပ်တွေဟာ ကမ္ဘာ့ ပညာသိုမှီးသိမ်းဆည်းရာ ဘာသာစကားတစ်ခုလို ဖြစ်ခဲ့တဲ့အတွက် ... အဲဒီအရှိန်ကို အခြေပြုပြီး ဆင့်ပွားတိုးတက်လာတဲ့ ပညာလောကမှာ အင်္ဂလိပ်စာက
ဗဟိုဘာသာစကားတစ်ခုလိုဖြစ်လာတဲ့အတွက် ... ဒီအချက်ဟာ အင်္ဂလိပ်စာကို ကမ္ဘာသုံးဘာသာစကားဖြစ်လာစေဖို့ intellectual reasons အနေနဲ့ ရှိနေပါတယ်။

နောက်ထပ်ဆင့်ပွားဖြစ်စဉ်တွေကို ထပ်ဖြည့်ပြောရရင် ... အမေရိကန်စူပါပါဝါဖြစ်လာတာရယ် .... ဟောလီးဝုဒ်ရုပ်ရှင်တွေ ကမ္ဘာကျော်ပြီး ပျံ့နှံ့လာတွေရယ်... ဆိုတဲ့ အချက်တွေဟာလည်း အင်္ဂလိပ်စာဟာ ကမ္ဘာ့နေရာအနှံ့အပြားကို
ပျံနှံ့စေခဲ့တာဖြစ်လို့ အင်္ဂလိပ်စာကို ကမ္ဘာသုံးဘာသာစကားဖြစ်လာစေဖို့ Other reasons အနေနဲ့ ရှိနေပါတယ်။

အပေါ်က ဖော်ပြထားတဲ့ အချက်အလက် Reasons တွေအရ .... အကျိုးအကြောင်း ဖြစ်စဉ်တွေအရ .... အင်္ဂလိပ်စာဟာ နိုင်ငံတကာသုံးဘာသာစကား အနေအထားကို ရောက်လာတာဖြစ်ပါတယ်။
အဲဒီရောက်လာတဲ့ အနေအထားအရ နိုင်ငံတကာသုံးဘာသာစကားအဖြစ် သတ်မှတ်လိုက်ကြရတာ ဖြစ်ပါတယ်။ အတွေးအခေါ် သဘောနဲ့ ပြောရရင် ... သတ်မှတ်တယ်ဆိုတာထက် လက်ခံလိုက်ရတာဆိုတာက ပိုမှန်လိမ့်မယ်ထင်တယ်။

ဒီလိုနဲ့ .... တစ်ကမ္ဘာလုံးနားလည်အောင် ပြောပြချင်တဲ့အခါ ဖွင့်ဆိုပြချင်တဲ့အခါ ... အင်္ဂလိပ်စာကို သုံးရတဲ့
အနေအထားကို ရောက်လာတာပါ။


English ဘာသာစကားဟာ အပေါ်ကရှည်လျားတဲ့ ရှင်းပြချက်တွေအရ .... Global Language ဖြစ်လာတယ်။

အသုံးချတယ်ဆိုပေမယ့် ... အသုံးချတာထက် ပိုနေတဲ့အချက်တွေ ကို ......
1. historical reasons
2. practical reasons
3. economic reasons
4. internal political reasons
5. intellectual reasons .....
တွေအရ သုံးသပ်လို့ ရနိုင်ပါတယ်။

the most useful language ဆိုတဲ့ သဘောမျိုးပါတဲ့ .... တစ်ဦးနဲ့တစ်ဦးဆက်သွယ်ပြောဆိုရုံအတွက်တင်
အသုံးချရုံအတွက် အင်္ဂလိပ်စာက ဖန်တီးပေးနေတဲ့ အနေအထားလောက်တင် မဟုတ်ပဲ ...... လူတွေရဲ့ အသိပညာကို ဖန်တီးမွေးဖွားပေးတဲ့ Language of Study အဖြစ်အထိပါ သက်ဝင်နေတဲ့အချက်မျိုးတွေ ရှိနေတယ်။

ဒီလောက်ဆိုရင် ဘာကြောင့် အင်္ဂလိပ်စာကို ကမ္ဘာသုံးစကား အဖြစ်သတ်မှတ်ရခြင်း (အတိအကျပြောရရင် ဘာကြောင့် အင်္ဂလိပ်စာက ကမ္ဘာသုံးစကား ဖြစ်လာရခြင်း) ဆိုတာကို နားလည်နိုင်ပါပြီလို့ ယူဆပါတယ်။

Ref:
* GLOBAL LANGUAGE: HOW ENGLISH BECAME A GLOBAL LANGUAGE by John Slaght
* History of English Languageby English Club
* History of English by Wikipedia


Last edited by ဒီလူ on Thu Jun 03, 2010 11:12 pm; edited 2 times in total
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty Over ကို preposition အဖြစ် 16 မျိုး

Post  ဒီလူ Thu Jun 03, 2010 10:59 pm

1. above - above or higher than something, without touching it [≠ under]: (အမြင့်မှာ၊ တစ်ခုခုထက် မြင့်သော အနေအထား)
The sign over the door said 'Mind your head'.
(တံခါးပေါ်မှာ ခေါင်းသတိထားပါ(တိုက်မိမယ်) ဟု ရေးထားသည်)
We watched a helicopter flying low over the harbor.
(ဆိပ်ကမ်းပေါ်မှာ ပျံနေတဲ့ helicopter)

2. covering - on something or covering it [≠ under]: တစ်ခုခုပေါ်တွင် (သို့) ထိုတစ်ခုခုကို ဖုံးအုပ်ထားသော
She wore a large jacket over her sweater.
(ဆွယ်တာပေါ်တွင် ဂျက်ကက်ဝတ်ထား)
Mind you don't spill coffee over my best tablecloth.
(စားပွဲခင်းပေါ်သို့ ကော်ဖီ မဖိတ်စေရန်)

3. across - from one side of something to the other side of it: တစ်ဖက်သို့ ဖြတ်ကျော်လျှက်အနေအထား
The sheep had jumped over the fence.
(ခြံစည်းရိုးပေါ်မှ ဖြတ်ကျော်၍ ခုန်သည်)
The road over the mountains is dangerous.
(တောင်တွေကို ဖြတ်ကျော်လျှက်ရှိသောလမ်း)

4. on the other side - on the opposite side of something from where you already are: အခြားတစ်ဖက်တွင် ဟိုဘက်တွင် ရှိနေသောအနေအထား
There's a bus stop just over the road.
(ဘစ်စ်ကားမှတ်တိုင်သည် လမ်းဟိုဘက် ... ဟောဟိုမှာ)

5. down from something - down from the edge of something: တစ်စုံတစ်ခုမှ ကျလျှက် - အစွန်းမှ တွဲလောင်းအနေအထား
The car plunged over a cliff.
(ကမ်းပါးစွန်းတွင် တွဲလောင်းကျ)

6. in many parts of something - in or to many parts of a particular place, organization, or thing: ဟိုဟိုဒီဒီမှာ ရှိနေသော အနေအထား
He is wandering over the desert, losing all track of time.
(ကန္တာရအလယ် ဟိုဟိုဒီဒီသွား၍ လမ်းပျောက်လျှက်)
all over (something) (=in every part) ဟိုဟိုဒီဒီနေရာတိုင်း ပျံ့လျှက်
There are bottles all over the place.
(ပုလင်းတွေ နေရာအနှံ့ပြန့်ကျဲလျှက်)
Scientists from all over the world gather here.
(ကမ္ဘာ့နေရာအနှံ့ပြန့်ကျဲလျှက်ရှိသော သိပ္ပံပညာရှင်များ ဒီနေရာတွင် စုရုံးကြသည်)

7. no longer affected - if you are over an illness or a bad experience or situation, you are no longer affected by it (ပြီးဆုံးသွားသော ၊ သက်ရောက်မှု မရှိတော့သော အနေအထား)
I think we're over the worst of the crisis now.
(အကျပ်အတည်းရဲ့ အဆိုးဆုံးအပိုင်း ပြီးသွား)
I'm over him now (=I am no longer in love with him).
(သူနဲ့ ခု မပတ်သက်တော့ဘူး၊ ပြတ်သွားပြီ)

8. more than - more than a particular number, amount, or level [≠ under]: ထက်ပို၍
The Japanese were producing over 100 million tons of steel.
(တန်ချိန် တစ်သန်းထက်ပိုသော)
drivers who go over the speed limit
(အမြန်နှုံးထက်ပိုမောင်းသော)
a social club for the over-60s
(အသက်၆၀ကျော်များ ကလပ်)

9. during - during: အတောအတွင်း
Will you be home over the summer vacation?
(နွေရာသီ အပန်းဖြေချိန် အတောအတွင်း)
Can we talk about this over dinner?
(ညစာစားချိန် အတောအတွင်း)

10. concerning - about a particular subject, person or thing: ပတ်သက်စပ်လျဉ်း၍
He's having problems over his income tax.
(သူ့ ၀င်ငွေခွန်နဲ့ ပတ်သက်ပြီး)

11. controlling - in control of or influencing someone or something: ထိန်းချုပ်လွှမ်းမိုးခြင်း အနေအထား
Genghiz ruled over an empire that stretched from Persia across to China.
(ပါရှားမှ တရုတ်အထိ ထိန်းချုပ်လွှမ်းမိုး)

12. better - used to say that someone or something is more successful or better than someone or something else: ထက်ပိုကောင်းသော၊ ပိုသာလွန်သော အနေအထား
Asenal's 3-1 win over Manchester City
(မန်ချက်စတာစီးတီးထက် ပိုလွန်သော)
It has one great advantage over its rivals.
(ပြိုင်ဘက်ထက် ပိုလွန်သော)

13. by telephone/radio TCB - using something such as a telephone or radio: တယ်လီဖုန်း/ရေဒီယို စသည်ပေါ်မှ
I don't want to talk about this over the telephone.
(တယ်လီဖုန်းပေါ်ကနေ မပြောချင်)
I heard the news over the radio.
(ရေဒီယိုပေါ်မှ ကြားရသော သတင်း)

14. over and above - in addition to something: ရှိနေသာအရာတစ်ခုထဲသို့ ပေါင်းထည့်သော အနေအထား
He gets a travel allowance over and above his existing salary.
(ခရီးသွား အသုံးစရိတ်ကို လက်ရှိလစာထဲသို့ ပေါင်းထည့်ရရှိ)

15. louder than something - making a sound louder than another sound: တစ်ခုခုထက်ကျော်လွန်၍ ကျယ်လောင်သော
'What?' he yelled over the noise of the engine and the wind.
(ဘာလဲ အော်သံသည် အင်ဂျင်ဆူညံသံကို အုပ်မိုးပြီး ကျယ်လောင်စွာထွက်လာ)

16. preferring - if you choose one thing over another, you choose that thing rather than the other: နှစ်သက်မှု (တခြားအရာထက်ပိုလွန်နှစ်သက်မှု အနေအထား)
What is your main reason for choosing one restaurant over another?
(ကျန်တဲ့ဆိုင်တွေထက် ဒီတစ်ဆိုင်ကို ရွေးချယ်နှစ်သက်ရတဲ့ အဓိက အကြောင်းအရင်း)

ဒါတွေဟာ ... Over ကို preposition အဖြစ်သုံးပုံ ၁၆ မျိုးပါ။ ကျန်တာကို ဆက်ရေးပေးပါ့မယ်။
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty Over ကို adv/adj အဖြစ် သုံးသော ၂၂ မျိုး

Post  ဒီလူ Thu Jun 03, 2010 11:19 pm

1. falling down - from an upright position into a position of lying on a surface: လဲကျခြင်း
He was so drunk he fell over in the road.
(အမူးလွန်ပြီး လမ်းပေါ်လဲကျ)

2. bending/folding - so that someone or something is no longer straight or flat, but is
bent or folded in the middle: အလယ်ပိုင်း ကွေးသွားခြင်း၊ ခေါက်သွားခြင်း
He folded the paper over and put it in his pocket.
(စာရွက်ကို ခေါက်ပြီး အိပ်ကပ်ထဲထည့်)

3. across ဖြတ်လျှက်

a) from one side of an object, space, or area to the other side: အရာတစ်ခု၏ အခြားတစ်ဖက်မှ အခြားတစ်ဖက်သို့
There are only three canoes so some people will have to swim over.
(တစ်ချို့လူတွေ လက်ပစ်ကူပြီး ဖြတ်ကူးရမယ် ... ကနူးလှေက ၃ စီးပဲရှိလို့)
I went over (=crossed the room, street etc) to say hello, but Vincent didn't recognize me.
(နူတ်ဆက်ဖို့ ဖြတ်လျှောက်သွားလိုက်တယ်)

b) in a place that is on the other side of a space or area: တစ်ခြားတစ်ဖက်မှာ ရှိနေတဲ့ နေရာ
Bill lives over on the other side of town.
(မြို့ရဲ့ ဟိုးဘက်မှာ နေတာ)
Do you see that building over there?
(ဟောဟိုက အဆောက်အဦကို တွေ့လား)

4. in or to a place- in or to a particular house, city etc: တစ်နေရာရာ ထဲမှာ (သို့) တစ်နေရာရာ ဆီသို့
You really should come over and see our new house.
(ငါတို့အိမ်သစ်လေးဆီကို လာပြီး ကြည့်)
We could drive over to Oxford this afternoon.
(အောက်စဖို့ဒ်ထဲကို)

5. finished - if an event or period of time is over, it has finished: ပြီးဆုံးသွားခြင်း ၊ တခန်းတစ်ကဏ ပြီးဆုံးသွားသော
Is the meeting over yet?
(အစည်းအဝေးပြီးသွားပြီလား)
over (and done) with (=used about something unpleasant) ပြီးသွားခြင်း - မနှစ်မြို့မှုအတွက်သုံးသည်
I'm so glad the mid-term exams are over and done with.
(မစ်တန်းစာမေးပွဲကြီး ပြီးသွားပြီ ... ပျော်လိုက်တာ )
Do it now - get it over with.
(ခုလုပ် .. အဲဒါကို ပြီးအောင် အပြတ်ဖြတ်ပါ)

6. to the side - towards one side: အခြားတစ်ဘက်ဆီသို့ Would

you move over, so I can sit next to you.
(ရွှေ့ထိုင်ပေးမလား။ ဘေးနားမှာ ထိုင်လို့ရအောင်လို့)

7. giving from one person or group to another: လက်ဆင့်ကမ်းသောအနေအထား
The attacker was ordered to hand over his weapon.
(သူ့လက်နက်ကို လွှဲပြောင်းပေးဖို့)

8. changing - from one position or system to another: နေရာတစ်ခုမှ (သို့) စနစ်တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းခြင်း
We switched over from electricity to gas because it was cheaper.
(လျပ်စစ်စနစ်မှ ဓါတ်ငွေ့စနစ်သို့)

9. turning - so that the bottom or the other side of something can now be seen: လှည့်ပြောင်းမှု
(မြင်သာသောအနေအထားသို့)

Turn the box over and open it at that end.
(ဗူးကို လှည့်လိုက် .... အစွန်းဆုံးလေးကနေ ဖွင့်လိုက်)

10. more than - more than or higher than a particular number, amount, or level [≠ under]: ပိုမိုသော သာလွန်သော
People earning £33,000 and over will pay the
higher rate of tax.
(ပေါင် ၃၃၀၀၀ နဲ့ အထက် ၀င်ငွေရှိသူတွေ)

11. very/too - used before an adjective or adverb to mean 'very' or 'too': အလွန်အကျူး
(သိပ်ကြီး)

She didn't seem over pleased when I asked her to wait.
(သိပ်ကြီး ကျေနပ်ပုံမပေါ်)

12. remaining - an amount of something that is over is what remains after some of it has been used: ပေးပြီး ကျန်နေရမယ့် ပမာဏ
There should be some money over when I've paid all the bills.
(အားလုံးရှင်းပြီးတောင် ငွေနည်းနည်းတော့ ကျန်နေသင့်တယ်)


13. covered - used to show that something is completely covered with a substance or material: ကာရံအုပ်မိုးထားသော
Parts of the river were iced over.
(မြစ်ရဲ့ တစ်ချို့နေရာတွေ ရေခဲ အုပ်နေတယ်)

14. above - above someone or something: တစ်စုံတစ်ရာ တစ်စုံတစ်ယောက် အထက်မှာ အပေါ်မှာ
We stood on the roof watching the planes fly over.
(အပေါ်မှာ ပြန်နေတဲ့ လေယဉ်တွေ)

15. talking/thinking/reading - in a detailed and careful way: အသေးစိတ် သတိထားလုပ်ခြင်း
I'll need time to read the contract over before I sign.
(အချိန်ယူပြီး သေသေချာချာဖတ်ရမယ် လက်မှတ်မထိုးခင်)
Think it over carefully before you make a decision.
(ဆုံးဖြတ်ချက်မချခင် ... သေသေချာချာ အသေးစိတ် စဉ်းစားရမယ်)

16. again - American English - if you start or do something over, you do it again: ထပ်လုပ်ခြင်း (ပြန်လုပ်ခြင်း)
I got mixed up and had to start over.
(ငါရောကုန်လို့ ... အစကပြန်စလိုက်ရတယ်)

17. over and over (again) - many times: ကြိမ်ဖန်များစွာ
The way to learn the script is to say it to yourself over and over again.
(အခေါက်ခေါက်အခါခါ ရေရွတ်ဖတ်မှတ်)

18. twice over/three times over etc
a) used to say how many times the same thing happens: (အကြိမ်ရေ ပြန်ထပ်ခြင်း)
He sings each song twice over.
(နှစ်ကျော့ပြန်ဆိုသည်)
b) used to say by how much an amount is multiplied: (အဆအရေအတွက်)
Trade between the two countries has
increased five times over.
(ကုန်သွယ်မှု ငါးဆတိုးလာ)

19. all over again - used to emphasize that you do the whole of something again from the beginning, or that the same thing happens again: အစမှ ပြန်လုပ်ခြင်း ၊ ထပ်တလဲလဲဖြစ်နေခြင်းကို အဓိကပြောလိုခြင်း
Their first plan had gone wrong, so they had to start all over again.
(ပထမအစီအစဉ်မှားတော့ အစကနေ ပြန်စရတယ်)
We had quarreled about the money before, and now it was happening all over again.
(ပိုက်ဆံကိစ္စ စကားများခဲ့ရပြီးပြီ။ ခုထပ် ပြန်ထပ်ဖြစ်လာပြန်ပြီ)

20. over to somebody - used to say that it is now someone else's turn to do something, to speak etc: တစ်ခြားလူအလှည့်
I've done my best. Now it's over to the professionals.
(ငါကတော့ အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ အခုချိန်ကစပြီး ကျွမ်းကျင်ပုဂ္ဂိုလ်များ အလှည့်ရောက်ပြီ)

21. TCradio message - spoken - used
when communicating by radio to show that you have finished speaking: ရေဒီယိုဆက်သွယ်မှုတွင် မိမိပြောစရာ အစိတ်အပိုင်းတစ်ခု ပြီးလျှင် အချက်ပြသဘောဖြင့် ပြောသည်
Are you hearing me loud and clear? Over.
(ကျယ်ကျယ် ၊ ကြည်ကြည်လင်လင် ကြားရဲ့လား။ အိုဗာ)
[မေးစရာတစ်ကန့်ပြီးသွားလို့ အိုဗာ ဖြင့် full stop သဘော ပြောလိုက်ခြင်း)


22. over against something - formal -
used to say what something is compared to or preferred to: တစ်စုံတစ်ခုအား ယှဉ်ခြင်း၊ သူ့ထက် ပိုနှစ်သက်ခြင်း
The Celtic Church maintained the Greek calendar over against that of Rome.
(ဆဲလ်တစ်ဘုရားကျောင်းက ရောမကို ပခုံးခြင်းယှဉ်ပြီး ဂရိပြက္ခဒိန်ကို ပြင်ဆင်ဖြည့်စွက်လိုက်ကြသည်)


Last edited by ဒီလူ on Thu Jun 03, 2010 11:29 pm; edited 1 time in total
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty over ကို noun အဖြစ် 1 မျိုး နှင့် prefix အဖြစ် 4 မျိုး

Post  ဒီလူ Thu Jun 03, 2010 11:27 pm

over ကို noun အဖြစ် 1 မျိုး

the period of time in the game of cricket during which six or eight balls are thrown by the same bowler in one direction
ခရက်ကစ်ကစားနည်းတွင် ဘောပစ်သူတစ်ဦးတည်းမှ ဦးတည်ချက်တစ်ဖက်တည်းသို့ ဘော ၆လုံး (သို့) ၈လုံး ပစ်သော အချိန်ပိုင်းအကန့်ကို over ဟု သတ်မှတ်သည်။

------------------------------------------------------------------------------

over ကို prefix အဖြစ် 4 မျိုး

ရှေ့ဆက်စကားလုံးအဖြစ် ....
1. too much: (လွန်ကဲများပြားသော အနေအထား)
overpopulation (လွန်ကဲလူဦးရေ)
overcooked vegetables (အချက်လွန်သွားသော အသီးအရွက်များ)
overweight (အ၀လွန်ခြင်း -
ကိုယ်အလေးချိန်လွန်ကဲခြင်း)


2. above; beyond; across: (အထက်၊ နောက်အလွန်၊ ဖြတ်လျှက်)
overhanging branches (အထက်မြင့်တက်ချိတ်ဆွဲသလိုဖြစ်နေသော သစ်ကိုင်းများ)
overhead telephone wires (အမြင့်တွင် သွယ်တန်းထားသော တယ်လီဖုန်းကြိုးများ)
the overland route (=not by sea or air) (ကုန်းလမ်းချည်းသာ ဖြတ်လျှက် ခရီးစဉ်)

3. outer: (အပြင်ပိုင်း)
an overcoat (အပေါ်ရုံ ကုတ်အင်္ကျီ)

4. additional: ထပ်လောင်းဖြည့်စွက်ခြင်း
We were working overtime. (=working beyond the usual time)
(အိုဗာတိုင်းမ် လုပ်ရခြင်း - အချိန်ဖြည့်စွက်အပိုလုပ်ရခြင်း)
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty How are you? ပြဿနာ

Post  ဒီလူ Thu Jun 03, 2010 11:31 pm

မြန်မာတွေပြောတဲ့သဘော နဲ့ English ဘာသာစကားရဲ့ သဘော မတူညီမှုကြောင့် How are you? ဟာ ပြဿနာ တစ်ခု ဖြစ်လာပါတယ်။

မြန်မာတွေ ပြောလေ့ရှိတဲ့သဘောမှာ -

(၁)
ဒီလူ ။ ။ ကိုဇော်ဇော် နေကောင်းရဲ့လား။
ကိုဇော်ဇော် ။ ။ ကောင်းတယ်။

(၂)
ဒီလူ ။ ။ ကိုဇော်ဇော် နေကောင်းရဲ့လား။
ကိုဇော်ဇော် ။ ။ ခုတစ်လော သိပ်နေလို့မကောင်းဘူး။ ကျောနာနေလို့ဗျ။
ဒီလူ ။ ။ ဘယ်လိုဖြစ်လို့လည်း ..............
ကိုဇော်ဇော် ။ ။ ဒီလိုဗျ ...

မြန်မာတွေ ပြောလေ့ပြောထရှိတဲ့ အပိုင်းမှာ (၁) ကိုလည်းတွေ့ရတတ်သလို(၂) ကိုလည်းတွေ့ရတတ်ပါတယ်။ မြန်မာတွေအတွက်တော့ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။

သို့သော် ..... English ဘာသာစကားအတွက်တော့ ....

(1)
D Lu : How are you?
Ko Zaw Zaw : Fine, thank you!
ဒါမျိုးဖြေလို့ရသည်။

(2)
D Lu : How are you?
Ko Zaw Zaw : Not really fine in these days. Because of my backache!
ဒါမျိုးကျတော့ ဖြေလို့မရပါ။
မြန်မာပြော ပြောတဲ့အခါရပေမယ့် English ဘာသာစကားအရဆိုရင်တော့ ပြောခွင့်မရှိပါ။

အင်္ဂလိပ်ဘာသာစကားမှာဆိုရင် ဥပမာအားဖြင့် လူတစ်ဦးတစ်ယောက်ရဲ့ ကျန်းမာရေးကို မေးတဲ့မေးခွန်းဟာ အသုံးများဆုံး နုတ်ခွန်းဆက်ခြင်းပါ။ `နေကောင်းရဲ့လား´ . ဒါပေမယ့် ကျနော်တို့အဲဒီလိုမေးတာဟာ သူတို့ရဲ့ ကျန်းမာရေး အကြောင်းပြန်ပြောပြဖို့ မျှော်လင့်ပြီး မေးလိုက်ခြင်းမဟုတ်။ သူတို့မှာ ခေါင်းကိုက်နေတာ ၊ ကျောနာနေတာ တစ်ခုခု ဖြစ်နေခဲ့ရင်တောင်မှ ... အဲဒီ ခေါင်းကိုက်၊ ကျောနာတဲ့အကြောင်းကို ပြောပြဖို့ မျှော်လင့်ပြီး မေးခြင်းမဟုတ်ပါ။
လူ(English ဘာသာစကားပြောသူ)တွေဟာ ဒီလိုမေးခွန်းတွေကို ဖော်ပြချက် အသေနဲ့သာ တုန့်ပြန်ပြောဆိုလေ့ရှိပါတယ်။ `နေကောင်းပါတယ်၊ ကျေးဇူးပဲ´ (သို့) `သိပ်ကောင်းပါတယ်ဗျာ၊ ကျေးဇူးနော်´


(ဘာသာပြန်မှု အားနည်းချက်ဖြစ်နေပါက သည်းခံကြပါရန် - ဒီလူ)

In English, for example, the commonest greeting is a question about a person's health: How are you? But we do not expect the person to tell us about their health when they reply. We do not expect them to talk about their headache or their backache if they have one. People reply to these questions with a fixed expression such as 'I'm fine, thanks' or 'I'm very well, thanks'.

Ref: BREAKTHROUGH (A Course in English Communication Practice) by
J.C.Richards, M.N.Long


ဒါကြောင့် တစ်ဖက်လူက ကိုယ့်ကို How are you? နဲ့ နူတ်ခွန်းဆက်လာတဲ့အခါ ..... ဘယ်လိုပဲတုန့်ပြန်ပေးရမလဲဆိုတာ မြင်သာပြီလို့ ယူဆပါတယ်။


Last edited by ဒီလူ on Thu Jun 03, 2010 11:41 pm; edited 1 time in total
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty Re: ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း

Post  ဒီလူ Thu Jun 03, 2010 11:35 pm

How are you ကိစ္စလေးကို အချက်(၃) ချက် နဲ့ ဦးတည် အခြေခံပြီး ပြောပါမယ်။

(၁) Look Ahead ရဲ့ ရုပ်သံလွှင့်မှုပြကွက်
(၂) Cambridge က ထုတ်တဲ့ English Vocabulary in Use (elementary level) by Michael McCarthy and Felicity O'Dell
(၃) Oxford က ထုတ်တဲ့ Breakthrough - A Basic Communication in by by J.C Richards and M.N.Long


(၁) Look Ahead ရဲ့ ရုပ်သံလွှင့်မှုပြကွက် Look Ahead ရုပ်သံပြသမှုကတော့ ဒီနေရာမှာတင်ပေးဖို့ အခက်အခဲဖြစ်နေလို့ ရှင်းလင်းချက်ပဲရေးပေးလိုက်ပါတယ်။ Greetings နဲ့ ပတ်သက်ပြီး Look Ahead က တင်ပြခဲ့တဲ့ ပြကွက်ထဲမှာ ... လူတစ်ယောက်က ဆရာဝန်ဆီကို သွားပါတယ်။ လမ်းတစ်လျှောက်မှာ .... တွေ့တဲ့လူတွေက သူ့ကို How are you? လို့ နူတ်ဆက်တဲ့အခါမှာ Fine, thanks. လို့ ပြန်ဖြေပါတယ်။
ဟိုလူကမေးလည်း Fine, thanks ..... ဒီလူကမေးလည်း Fine, thanks .... ဖြေရင်းကနေ .... ဆက်လျှောက်လာလိုက်တာ ....ဆရာဝန်နဲ့ တံခါးပေါက်ဝ မှာ တွေ့တယ်။ ဆရာဝန်က How are you? လို့ မေးတာ ထပ်ကြုံရပြန်တယ်။ အဲဒီအချိန်မှာ တစ်လမ်းလုံး နုတ်ကျိုးအောင် ဖြေခဲ့ရတဲ့ ... Fine, thanks ကိုပဲ ဖြေလိုက်မိပြန်တယ်။ ပြီးမှ .... No No... ဆိုပြီး သူ့အဖြေကို ပြန်ရုပ်သိမ်းတဲ့ သရုပ်ဆောင်ကွက်ကို ပြသွားပါတယ်။ ဒါဟာ How are you မေးခွန်းကို ပြန်ဖြေရတဲ့ Fixed Answer ရဲ့ ထုံးစံသဘောသဘာဝကို သရော်ကွက်နဲ့ ဖော်ပြထားတဲ့ ပြကွက်လေး တစ်ခုပါပဲ။


(၂) Cambridge က ထုတ်တဲ့ English Vocabulary in Use (elementary level) by Michael McCarthy &
Felicity O'Dell အဲဒီစာအုပ်ထဲမှာ ပုံနဲ့ဖော်ပြထားပါတယ်။ How are you လို့ မေးတဲ့သူက မေးလိုက်တယ်။ အမေးခံရသူက ထိပ်ပေါက်ခေါင်းကွဲ လက်ကျိုးဖြစ်နေပေမယ့် .... Fine, thanks လို့ ပြန်ဖြေပါတယ်။ ပုံကို လေ့လာနိုင်အောင် ပြထားပေးပါတယ်။

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း 2k2836ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း 2k2836


(၃) Oxford က ထုတ်တဲ့ Breakthrough - A Course in English Communication Practice by J.C Richards and M.N.Long
ဒါကတော့ အရင် ပို့စ်မှာ Reference အနေနဲ့ သေသေချာချာ ရေးပြခဲ့ပြီးသားပါ။ ထပ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

In English, for example, the commonest greeting is a question about a person's health: How are you? But we do not expect the person to tell us about their health when they reply. We
do not expect them to talk about their headache or their backache if they have one. People reply to these questions with a fixed expression such as 'I'm fine, thanks' or 'I'm very well, thanks'.

Ref: BREAKTHROUGH (A Course in English Communication Practice) by J.C.Richards, M.N.Long [Oxford University Press]

(ဒီနေရာမှာ ... J.C.Richards နဲ့ M.N.Long က ... Such as (ကဲ့သို့သော) လို့ ဖော်ပြထားတဲ့ အတွက် ..... I'm fine, thanks နဲ့ I'm very well, thanks ဆိုတဲ့ နှစ်ခုပဲ ဖြေရမယ်လို့ပြောခြင်းမဟုတ်။ Such as ဆိုတဲ့ အတွက် အနည်းစပ်ဆုံးဥပမာအနေနဲ့ ရေးသွားပေးခြင်းဖြစ်တယ်)။ ဖြေလို့ရတာတွေ အများကြီး ရှိနိုင်ပါတယ်။ Good, thanks. Great, thank you. Perfect, thanks. Not Bad, thanks. Just so so. အစရှိတဲ့ အဖြေတွေ အပြင် .... Informal အဖြေတွေလည်း ရှိပါတယ်။
ဒါပေမယ့် အဲဒီစာပိုဒ်မှာ J.C.Richards နဲ့ M.N.Long က ပေးချင်တဲ့ သဘောတရားက .....

But we do not expect the person to tell us about their health when they reply.
ဒါပေမယ့် ကျနော်တို့အဲဒီလိုမေးတာဟာ သူတို့ရဲ့ ကျန်းမာရေးအကြောင်းပြန်ပြောပြဖို့ မျှော်လင့်ပြီး မေးလိုက်ခြင်းမဟုတ်။

We do not expect them to talk about their headache or backache if they have one.
သူတို့မှာ ခေါင်းကိုက်နေတာ ၊ ကျောနာနေတာ တစ်ခုခုဖြစ်နေခဲ့ရင်တောင်မှ ... အဲဒီ ခေါင်းကိုက်၊ ကျောနာတဲ့အကြောင်းကို ပြောပြဖို့ မျှော်လင့်ပြီး မေးခြင်းမဟုတ်ပါ။

People reply to these questions with a fixed expression such as 'I'm fine, thanks' or 'I'm very well, thanks'.
လူ(English ဘာသာစကားပြောသူ)တွေဟာ ဒီလိုမေးခွန်းတွေကို ဖော်ပြချက် အသေနဲ့သာ တုန့်ပြန်ပြောဆိုလေ့ရှိပါတယ်။ `နေကောင်းပါတယ်၊ ကျေးဇူးပဲ´ (သို့) `သိပ်ကောင်းပါတယ်ဗျာ၊ ကျေးဇူးနော်´ ဆိုတာမျိုးတွေနဲ့ပါ။

ဒီသဘောတရားကို Oxford က အပြင် Cambridge ထုတ်ထားတဲ့ အပေါ်ကပုံလေးနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် ပိုမြင်သာလာပါလိမ့်မယ်။


ဒီလောက်ဆို How are you နဲ့ ဆက်စပ်ရာ သဘောတရားကို မြင်သာလောက်ပြီလို့ ယူဆပါတယ်။

References:
- Look Ahead - Basic English
- Cambridge Press; English Vocabulary in Use (elementary level) by Michael McCarthy & Felicity O'Dell
- Oxford University Press; Breakthrough (A Course in English Communication Practice) by
J.C.Richards, M.N.Long
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty How do you do အသုံး

Post  ဒီလူ Thu Jun 03, 2010 11:50 pm

ံHow do you do ဟာ စကားပြောအသုံးမှာဆိုရင် (formal ပုံစံတကျသုံးတဲ့ အသုံး) ဖြစ်ပါတယ်။ ဘာအတွက်သုံးလည်းဆိုရင်တော့ တစ်စုံတစ်ယောက် ပထမဦးဆုံးအကြိမ် ဆုံရတဲ့အခါ ယဉ်ကျေးတဲ့နူတ်ခွန်းဆက်မှုတစ်ခု
အဖြစ်သုံးပါတယ်။

ံကိုယ့်ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ သူငယ်ချင်းတွေလို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ပြောရမယ့်လူမဟုတ်ဘဲ ... ယဉ်ယဉ်ကျေးကျေး ပုံစံတကျပြောရမယ့်လူဆိုရင် .... ယဉ်ကျေးတဲ့နူတ်ခွန်းဆက်မှုတစ်ခု အနေနဲ့သုံးပါတယ်။ ပထမဦးဆုံးအကြိမ် ဆုံဆည်းတဲ့ အခါမှာပဲ သုံးပါတယ်။

ဥပမာ -

James : Hi, Thar! (ဟေး .. သာ!)

Thar : Hello, James. (ဟယ်လို ... ဂျိမ်းစ် ..)

James : Dad, this is a friend of mine, Thar. (အဖေ .. ဒါ .. ကျနော့်သူငယ်ချင်း ' သာ ' ) .. Thar, this is my father. (သာ ... ဒါ .. အစ်ကို့အဖေ)

Thar: How do you do? I'm Thar. (ဟုတ်ကဲ့ရှင့်။ ကျမက "သာ" ပါ)

James's father: How do you do? Nice to meet you! (သြော်... တွေ့ရတာ ၀မ်းသာတယ်ကွယ်)

တစ်ယောက်ယောက်က ကိုယ့်ကို how do you do နဲ့ နူတ်ဆက်လာပြီ ဆိုရင် how do you do နဲ့ တုန့်ပြန်လေ့ရှိတယ်။ မတုန့်ပြန်လည်း ဘာမှတော့ မဖြစ်ဘူး။ Formal ကျတဲ့ စကားဝိုင်းတွေမှာ တုန့်ပြန်လေ့ရှိတယ်။ ပထမဦးဆုံးအကြိမ် ဆုံဆည်းတဲ့ အခါမှာပဲ သုံးပါတယ်။

how do you do? - spoken (formal) -
used as a polite greeting when you meet someone for the first time (Ref: Longman)
How do you do? - formal - a formal greeting for someone that you have not met
before
(Ref: Cambridge)

ဒီလောက်ဆို How do you do ကို မြင်သာလောက်ပါပြီ။
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty Request အသုံး

Post  ဒီလူ Thu Jun 03, 2010 11:58 pm

Request ကို Noun အသုံးနဲ့ Verb အသုံး ဆိုပြီး ခွဲခြားထားပါတယ်။

Noun အသုံး -

ရေတွက်နိုင်သော Noun အဖြစ်သုံးပါတယ်။

1. a polite or formal demand for something
ယဉ်ကျေးသော [သို့မဟုတ်] ပုံစံတကျဖြစ်သော တောင်းဆိုမှု (တစ်စုံတစ်ရာအား တောင်းဆိုခြင်းကိုဆိုလိုပါသည်)
သုံးဟန်များမှာ -

Request for You have made a request for my explanation.
(ကျနော့် ရှင်းပြချက်ကို ခင်ဗျားက တောင်းဆိုလိုက်တာ)

Request that Helena repeated her request that we stop the meeting.
(အစည်းအဝေးရပ်ဖို့ ထပ်တလဲလဲ တောင်းဆိုတာ)

at somebody's request The report was done at the request of the General Manager.
(မန်နေဂျာချူပ်တောင်းဆိုချက်အရ .... )

on request
More info will be emailed on request.
(နောက်ထပ်အချက်အလက်တွေ တောင်းဆိုရင် အီးမေးလ်ပို့ပေးမယ်)

by request
There were no presents at the weeding, by request.
(လက်ဖွဲ့မပေးဖို့ မေတ္တာရပ်ခံ/တောင်းဆို ထားခြင်း )


2. a piece of music that is played on the radio because someone has asked for it
တစ်စုံတစ်ယောက်ကတောင်းဆိုထားလို့ ရေဒီယိုမှာလွှင့်ပေးတဲ့ သီချင်းကိုလည်း Request လို့ သုံးပါတယ်။

Oh, it was my girl's request.
(ကျနော့်ကောင်မလေး တောင်းထားတဲ့ သီချင်း)


Verb အသုံး

request [transitive] formal - to ask for something in a polite or formal way:
တစ်ခုခုကို ယဉ်ကျေးစွာ/ပုံစံတကျ တောင်းဆိုသော လုပ်ရပ်ကို ဆိုလိုသည်။

You have to request permission if you want to take any photo.
(ဓာတ်ပုံရိုက်ချင်ရင် ရိုက်ခွင့်တောင်းရမယ်)

request that
She has requested that one of her friends sings for her.
(သူ့အတွက် သူ့သူငယ်ချင်းတစ်ယောက် သီချင်းဆိုပေးဖို့ )

request somebody to do something
Guests are requested to leave room keys at the reception.
(ဧည့်သည်တွေကို ဧည့်ကြိုကောင်တာမှာ အခန်းသော့တွေ ထားခဲ့ဖို့)

request somebody to do something
I requested a grant from Mom to use her computer.
(အမေ့ကွန်ပျူတာကို သုံးတာ ခွင့်ပြုဖို့ အမေ့ဆီက တောင်းဆိုခြင်း)


Request နဲ့ အခြားချိန်ဆစရာ စကားလုံးတွေကတော့ ...

request
- to officially ask for something (တစ်စုံတစ်ရာကို ပုံစံတစ်ကျယဉ်ယဉ်ကျေးကျေး(formal) တောင်းဆိုခြင်း)

consult - to ask someone for advice (တစ်စုံတစ်ယောက်ကို အကြံအဉာဏ်အတွက် တောင်းဆိုခြင်း)

grill - informal - to ask someone a lot of difficult questions (တစ်စုံတစ်ယောက်ကို ခက်ခဲတဲ့ မေးခွန်းတွေ
မေးခြင်း/အင်ဖော်မေးရှင်းတွေ တောင်းဆိုခြင်း)

poll - to ask a lot of people for their opinion about something (တစ်ခုခုအတွက် မိမိတို့ရဲ့ ထင်မြင်မှုကို တောင်းဆိုခြင်း)

Request နဲ့ အနီးစပ်ဆုံး တစ်ခုကတော့ Demand ပါ။ ကွာဟချက်ကတော့ ....

request - a statement, letter etc in which you ask for something politely or formally

demand - a strong request saying very clearly what you want, especially when you are asking for something that someone does not want to give you

Request ဟာ Formal (ယဉ်ကျေး/ပုံစံတကျ) သဘောကိုဆောင်ပြီး ... Demand ကတော့ ပြင်းထန်တဲ့ သဘောကိုဆောင်ပြီး ပြတ်သားတဲ့သဘောကို ဦးတည်ပါတယ်။


Last edited by ဒီလူ on Fri Jun 04, 2010 12:03 am; edited 1 time in total
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty အမည်များ နှင့် Title အကြောင်း သိစရာများ (၁)

Post  ဒီလူ Fri Jun 04, 2010 12:00 am

ဒီတစ်ခါပြောပြချင်တာကတော့ .... အင်္ဂလိပ်စကားမှာ နာမည်တွေ ရှေ့မှာသုံးစွဲတဲ့ Title တွေ အကြောင်းပါ။ Title တွေ
အကြောင်းကို မပြောခင် နာမည်ကိစ္စကို အနည်းငယ်ရှင်းလင်းလိုပါတယ်။ အင်္ဂလိပ်စကားမှာ နာမည်နဲ့ ပတ်သက်ပြီး ပုံမှန်အားဖြင့် ၂ ပိုင်းခွဲပါတယ်။

ဆိုကျပါစို့ ... လူတစ်ယောက်နာမည်ဟာ .... James Bond .

James Bond
(ရှေ့နာမည်) (နောက်နာမည်)
[First Name] [Last Name]

ရှေ့နာမည်ကို First Name (သို့မဟုတ်) Given Name လို့ခေါ်ကြသလို ခရစ်ယာန်အသိုင်းအ၀ိုင်းမှာ Christian Name လို့ခေါ်ကြပါတယ်။ ရှေ့နာမည်ကို ကိုယ်ပိုင်နာမည် လို့ သတ်မှတ်ပါတယ်။

နောက်ကနာမည်ကို Last Name (သို့မဟုတ်) Family Name (သို့မဟုတ်) Surname လို့ခေါ်ကြပါတယ်။ နောက်နာမည်ကို မျိုးရိုးကပိုင်တဲ့ နာမည် လို့သတ်မှတ်ပါတယ်။

အမျိုးသမီးတွေဟာ လက်ထပ်ပြီးတာနဲ့ မိမိယောင်္ကျားရဲ့ မျိုးရိုးနာမည်ကို ဆက်ခံရပါတယ်။

လက်မထပ်သေးခင် - Mr John Smith and Miss Rose Woods
လက်ထပ်ပြီးသောအခါ - Mr John Smith and Mrs Rose Smith

ရှေ့နာမည်မှ နောက်နာမည်အထိ အပြည့်အစုံရေးထားသော နာမည်ကို Full Name ဟု သတ်မှတ်ကြသည်။

Note: တစ်ချို့သော အမည်များတွင် ရှေ့နာမည်နှင့် နောက်နာမည်ကြားတွင် အလယ်နာမည်များ ရှိတတ်သည်။
- First Name + Middle Name + Last Name


Mr. Mrs. Ms. ဆိုတာမျိုးတွေကို title လို့ခေါ်ပါတယ်။

Title (Noun) [countable]
a name such as `Sir' or `Professor', or letters such as `Mrs' or `Dr', that are used before someone's name to show their rank or profession, whether they are married etc
( တစ်စုံတစ်ယောက်ရဲ့ အမည်ရှေ့မှာ သူတို့ရဲ့ အဆင့်အတန်း/အလုပ်အကိုင် ၊ လက်ထပ်ပြီးမပြီး စသည်တို့ကို ဖော်ပြဖို့ Sir,
Professor ဆိုတဲ့ အမည်မျိုးတွေ ဒါမှမဟုတ် Mrs, Dr ဆိုတဲ့ စကားလုံးမျိုးတွေ သုံးစွဲ)


Mr ၏ အဓိပ္ပါယ်များ

Mr British English ; Mr. American English
(Mr ၏ နောက်တွင် ( . ) ထည့်ထားလျှင် အမေရိကန်အသုံးဖြစ်သည်။

1 - used before a man's family name to be polite when you are speaking to him, writing to him, or talking about him:
(အမျိုးသားတစ်ယောက်ရဲ့ မျိုးရိုးနာမည်ရှေ့မှာ သုံးသည်။ ယဉ်ကျေးသော သဘော -[ သူ့ကို တိုက်ရိုက်စကားပြောသောအခါ၊ စာရေးသောအခါ၊ သူ့အကြောင်းပြောသောအခါ])
Mr Smith is the headmaster.
Mr. John Smith
Mr and Mrs Smith

2 - used when speaking to a man in an official position:
(လူတစ်ဦး၏ ရာထူးအခွင့်အာဏာလုပ်ပိုင်ခွင့် အနေအထားအရ ခေါ်ဆိုရန်သုံးသည်)
Mr Chairman (ဥက္ကဋ္ဌကြီး)
Mr. President (သမ္မတကြီး)

Mr နှင့် ပတ်သက်သော အခြားသိမှတ်ဖွယ်များမှာ -

အမျိုးသမီးတစ်ဦးအတွက် .... မှန်ကန်သော ဘ၀အဖော်ဖြစ်သည့် ယောင်္ကျားကို Mr Right ဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။
She's finally found Mr. Right. (အဆုံးသတ်မှာတော့ သူမဟာ Mr Right ကို ရှာဖွေတွေ့ရှိသွားပါတယ်)

အဖွဲ့တွင်(ဒုစရိုက်ဂိုဏ်းများတွင်) ခေါင်းဆောင် (သို့မဟုတ်) အရေးကြီးဆုံးပုဂ္ဂိုလ်အား Mr Big ဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။ Informal အသုံးဖြစ်သည်။

တစ်စုံတစ်ဦးသည် ရိုးသား၍ ကျင့်ဝတ်ဥပဒေများကို အမြဲလိုက်နာကျင့်သုံးသူဖြစ်လျှင် Mr Clean ဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။ Informal အသုံးဖြစ်သည်။

Note: Informal အသုံးသည် Formal - ပုံစံတကျ ယဉ်ယဉ်ကျေးကျေးဖော်ပြသည့် အချိန်များတွင် မသုံးပါ။

-----------------------ဆက်လက်ဖော်ပြပေးပါမည် ------------------

Title ၏ အကြောင်းကို ပြည့်စုံအောင် ရှင်းပြသည့်အခါ -

၁။ အမည်များ ခွဲခြမ်းပုံ
၂။ Title ၏ သဘောတရား
၃။ Mr, Mrs, Miss စသည်တို့၏ တစ်ခုချင်း အဓိပ္ပါယ်များ
၎။ Title နှင့် ပတ်သက်သော သတ်မှတ်ချက်များ (ကန့်သတ်ချက်များ) စသည်ဖြင့် ဖော်ပြရှင်းလင်းရမည်ဖြစ်သည်။


အပေါ်တွင် အသေးစိတ်ဖော်ပြခဲ့ပြီးသည်မှာ ( ၃။ )၏ အစထိ ရောက်ခဲ့ပြီးဖြစ်သည်။
ကျန်ရှိသည်များကို ဆက်လက်ရေးသားရန် စီစဉ်နေပါသည်။

---------------------- စိတ်ဝင်စားသူများအတွက် ဆက်လက်ဖော်ပြပေးပါမည် ---------------------
ဒီလူ
ဒီလူ
လေ့လာသူ
လေ့လာသူ

Posts : 17
Join date : 2010-05-30
Location : မြန်မာပြည်

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty Re: ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း

Post  ဆိုင်မွန် Fri Jun 04, 2010 3:35 pm

စိတ်ဝင်စားပါတယ်။ ဆက်လက်ဖော်ပြပေးပါ။ အင်္ဂလိပ်ဘာသာစကား အကြောင်း အများကြီးဖော်ပြပေးလို့ ကျေးဇူးဗျာ Very Happy
ဆိုင်မွန်
ဆိုင်မွန်
လေ့လာသူ
လေ့လာသူ

Posts : 8
Join date : 2010-05-25

Back to top Go down

ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း Empty Re: ဒီလူ ပြောပြချင်တဲ့ အင်္ဂလိပ်စာအကြောင်း

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum