မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ကျိုးပဲ့နေသော ကျောက်သင်ပုန်းလေးများ ...

Go down

ကျိုးပဲ့နေသော ကျောက်သင်ပုန်းလေးများ ... Empty ကျိုးပဲ့နေသော ကျောက်သင်ပုန်းလေးများ ...

Post  mkn Wed Jul 14, 2010 8:16 pm

ကျိုးပဲ့နေသော ကျောက်သင်ပုန်းလေးများ ...


*မိမိ တွေးခေါ်နိုင်သလောက် သိမြင်လျှက် မိမိ သိမြင်သလောက်လည်း တွေးခေါ်ခြင်း အားဖြင့် မိမိကိုယ်ကိုယ် ထူမတ်ရာ၏.. *



rule 0 : အတိတ် ကို တွေးပါ .. အနာဂတ် ကို ငေးမျှော်ပါ .. ပစ္စုပ္ပန်ကို အသက်သွင်းဖို့ မမေ့လျော့ပါနှင့်။

rule 1 : အကျိုး-အကြောင်း သဘောကို နားလည်ပါ ... ရှောင်တခင် စည်းချက်ကျ ဖြစ်-ပျက် မှု နိယာမ ကိုလည်း
နှလုံးသွင်းပါ။

rule 2 : မိမိ ဘာလဲ ဆိုတာ သိရှိအောင် ကြိုးပမ်းပါ ... မိမိ ဘာမှမဟုတ်ဘူးဆိုတာလည်း မြင်နိုင်အောင် ကြည့်ပါ။

rule 3 : မိမိကိုယ်ကို ဗဟိုပြု၍ ကြည့်ပါ ... မိမိကိုယ်ကို ခွာ ကြည့်ဖို့လည်း မမေ့ပါနှင့်။

rule 4 : မိမိကိုယ်ကို မိမိ ဖန်တီးပါ ... ထို့အတူ မိမိဖန်တီးလိုက်သော ပတ်ဝန်းကျင်က မိမိကို တန်ပြန်
ဖန်တီးတတ်ကြောင်း သတိရှိပါ။

rule 5 : မိမိရဲ့ အယူအဆ ကို တဖက်သတ် မတွယ်ဖက်ပါနှင့် ... အခြားတစ်ပါးသော အယူအဆ များကိုလည်း
မျက်စိမှိတ် ပုံအပ်ပြီး မယုံမှတ်ပါနှင့်။

rule 6 : အမှားတွေကို သင်ယူပါ ... 'အမှားမဟုတ်တဲ့ အရာတိုင်းကို အမှန် လို့ မသတ်မှတ်နိုင်သေးကြောင်း'
ကိုလည်း သိရှိနားလည်ပါ။

rule 7 : ပကတိအစစ်အမှန် သဘောကို ထိုးထွင်း ပုံဖော်ပါ ... ထင်ယောင်ဝိုးဝါးမှု သဘောကိုလည်း မျက်ကွယ်
မပြုပါနှင့်။

rule 8 : မိမိရဲ့ ပြင်းထန်တဲ့ အား ကို လည်း သုံးပါ ... အခြားသူများရဲ့ အား ကို လည်း ပျော့ပျောင်းစွာ
သုံးတတ်ပါစေ။

rule 9 : တစ်ပါးသူရဲ့ အားနည်းချက်ကို အမိအရ ဆုပ်ကိုင်ပါ ... ဒါပေမယ့် မွမွကြေအောင် မနင်းခြေပါနှင့်။




foot note :

rule 0 : -------> သင်ခန်းစာယူခြင်း ၊ အစီအစဉ်ချခြင်း ၊ အကောင်အထည်ဖော်ခြင်း။

* အကျိုး-အကြောင်း သဘော - cause and effect

* ရှောင်တခင် စည်းချက်ကျ ဖြစ်-ပျက် မှု နိယာမ - law of accidental-harmonized coincidences

* 'အမှားမဟုတ်တဲ့ အရာတိုင်းကို အမှန် လို့ မသတ်မှတ်နိုင်သေးကြောင်း' - not false ~ true , but not false ≠ true

* ပကတိအစစ်အမှန် - absolute truth

* ထင်ယောင်ဝိုးဝါးမှု သဘော - Illusion
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum