မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

4 posters

Go down

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင် Empty လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

Post  XIII Wed Jun 02, 2010 10:32 am

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာမှ ဗုဒ္ဓဘာသာဝင် ပီသမယ်။ ကြားရသမျှကို ယုံနေရင် ဗုဒ္ဓဘာသာဝင် မပီသဘူး။ ယုံရတာ လွယ်တယ်။ ကိုယ်တိုင်သိအောင် လုပ်ရတာ မလွယ်ဘူး။ ဘုရားဟောတဲ့ တရားကို ယုံကြပါတယ်ဆိုတဲ့လူက ယုံကြည်ပါတယ် ဆိုတဲ့ နေရာတင် ရပ်နေလို့ မဖြစ်ဘူး။ သိအောင် လုပ်ရဦးမယ်။ သိတာက ယုံကြည်တာထက် ပိုပြီး အဆင့်မြင့်တယ်။

ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးကြီးဆုံး အချက် မဟုတ်ဘူး။ ကိုယ်တိုင်သိတာက အရေးကြီးတဲ့ အချက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို လွတ်လွတ်လပ်လပ် ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့ အားပေးတဲ့ တရားဖြစ်တယ်။ ဒါကြောင့် Buddhism is The Religion of Freedom လို့ ဆိုနိုင်တယ်။

ဗုဒ္ဓဘာသာတရားဟာ အဆင့်အမြင့်ဆုံး လွတ်လပ်မှုကို ရောက်အောင် လမ်းဖွင့်ပေးတဲ့ ဘာသာတရား ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ The Religion of Absolute Freedom ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီး ဟောကြားခဲ့တဲ့ တရားတွေဟာ သက်သက် စိတ်ကူးနဲ့ ဖန်တီးထားတဲ့ အယူဝါဒတစ်ခု မဟုတ်ဘူး။ သဘာဝတရားပဲ။ အဲဒီတော့ ဗုဒ္ဓမြတ်စွာ ကိုယ်တော်အရှင်မြတ်ကြီး ဟောကြားခဲ့တဲ့ တရားတော်တွေကို တစ်ကယ်သဘောပေါက်ချင်ရင် ကိုယ်တိုင်အားထုတ်ကြည့်ရင် ရပါတယ်။

ဗုဒ္ဓဘာသာတရားဟာ အားငယ်သူတို့ရဲ့ ဘာသာတရား မဟုတ်ဘူး။ စိတ်ဓာတ်အင်အားကြီးသူတို့ရဲ့ ဘာသာတရား ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးက လမ်းကိုပဲ ညွှန်ပြတယ်။ တွဲမခေါ်ဘူး။ ကိုယ့်တာဝန်ကိုယ် ယူခိုင်းတာဟာ လွတ်လပ်တဲ့သူ ဖြစ်စေချင်လို့။ ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးဟာ လွတ်လပ်တဲ့ သူ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်မှုကို လမ်းညွှန်ပေးခဲ့သူ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးက သဘာဝမကျတဲ့ မျှော်လင့်ချက်တွေ မပေးဘူး။ False Hope မျှော်လင့်ချက်အတုတွေကို မပေးဘူး။ အဲဒါဟာ ဆရာကောင်းတွေရဲ့ လက္ခဏာပါပဲ။ ဗုဒ္ဓဘာသာတရားရဲ့ အမြင့်ဆုံးရည်မှန်းချက်ဟာ လွတ်လပ်မှု ဖြစ်ပါတယ်။ ကောင်းကင်ဘုံတို့ နတ်ပြည်တို့ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်မှုနဲ့ စပြီး လွတ်လပ်မှုနဲ့ ဆုံးတယ်လို့ ဆိုနိုင်ပါတယ်။


Last edited by XIII on Wed Jun 02, 2010 7:40 pm; edited 2 times in total (Reason for editing : if --------> is)
XIII
XIII
ညှိနှိုင်းသူ
ညှိနှိုင်းသူ

Posts : 5
Join date : 2010-06-01

Back to top Go down

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင် Empty ဗုဒ္ဓဘာသာ စကားလုံးအစု

Post  XIII Wed Jun 02, 2010 10:33 am

ဗုဒ္ဓဘာသာ စကားလုံးအစု


ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးဟောကြားခဲ့တဲ့တရားတွေကို အခုခေတ်မှာ ဗုဒ္ဓဘာသာလို့ ခေါ်နေကြတယ်။ ဒီဗုဒ္ဓဘာသာဆိုတဲ့ စကားလုံးကိုက ပေါ်ပေါက်လာတာ သိပ်မကြာသေးဘူး။ တစ်ခြားတစ်ခြား ဘာသာတရားတွေကို 'ဘာသာ' လို့ ခေါ်တဲ့ ခေတ်မှာမှ အဲဒီနောက်ပိုင်းမှာ ဗုဒ္ဓဘာသာ လို့ ခေါ်တာ။

ဘုန်းကြီးကတော့ သမ္မာဒိဌိဝါဒီ ဆိုတဲ့ အသုံးအနှုံး ကို ပိုကြိုက်တယ်။ အကြောင်းအကျိုး မှန်တာကို လက်ခံတယ်။ ဘယ်ပုဂ္ဂိုလ်ကိုမှ မစွဲဘူး။ ပုဂ္ဂိုလ်စွဲ မရှိဘူး။ ဂိုဏ်းစွဲ မရှိဘူး။ ဘုန်းကြီးကို တစ်ချို့က ဘယ်ဂိုဏ်းဝင်လဲလို့ မေးကြတယ်။ အဲ့ဒီလို မေးခွန်းကို ဘုန်းကြီး မဖြေချင်ဘူး။

အာသောကမင်းကြီး လက်ထက်မှာ ရဟန်း အတုနဲ့ အစစ်ခွဲဖို့ သူတို့ စီစဉ်တဲ့အခါမှာ ရဟန်းတွေကို မေးတယ်။ သင့်ဆရာရဲ့ အယူဝါဒဟာ ဘယ်လို အယူဝါဒလဲ။ ဒီပုဂ္ဂိုလဟာ ဘုရားရဲ့ တရားကို ဘယ်လောက်သိလဲဆိုတာ စမ်းသပ်တာ။ ရဟန်းအတုတွေကတော့ အမျိုးမျိုးဖြေကြတာပေါ့။ ရဟန်းအစစ်၊ ဘုရားရဲ့ အဆုံးအမသြ၀ါဒကို တစ်ကယ်သိတဲ့ ပုဂ္ဂိုလ်က ဘယ်လို ဖြေလဲဆိုတော့ ငါတို့ဆ၇ာ၇ဲ့ ၀ါဒဟာ "၀ိဘဇ္ဖ၀ါဒ" ဖြစ်ပါသတဲ့။ ဗုဒ္ဓ၀ါဒလို့ မပြောဘူးနော်။

ဝိဘဇ္ဖ၀ါဒ ဆိုတာ ဝေဖန် ပိုင်းခြား စီစစ်တဲ့ ၀ါဒ။ အတုံးလိုက် အခဲလိုက် ယူတဲ့ ၀ါဒ မဟုတ်ဘူး။ အကြောင်းအကျိုး သေသေချာချာ ခွဲခြား စီစစ်တဲ့ ၀ါဒ ဖြစ်တယ် ။ အဲ့ဒါလေးတွေကအစ အမှတ်တမဲ့ မနေသင့်ဘူး။ ဗုဒ္ဓဘာသာတရားကို တစ်ကယ် လေးလေးစားစား တန်ဖိုးထားတယ်ဆိုရင် ဒီစကားလုံးလေး သုံးတာက အစ စဉ်းစားသင့်တယ်။

(ဆရာတော် ဦးဇောတိက)
XIII
XIII
ညှိနှိုင်းသူ
ညှိနှိုင်းသူ

Posts : 5
Join date : 2010-06-01

Back to top Go down

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင် Empty Re: လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

Post  ဆိုင်မွန် Fri Jun 04, 2010 3:47 pm

တစ်ကယ်လေးစားထိုက်တဲ့ စကားတွေပါပဲ။ သာဓုဗျာ သာဓု သာဓု။ ခေါင်းစဉ်ကိုတော့ အကြိုက်ဆုံးပါပဲ။ "လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်" ။ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်မြဲပါစေဗျာ။
ဆိုင်မွန်
ဆိုင်မွန်
လေ့လာသူ
လေ့လာသူ

Posts : 8
Join date : 2010-05-25

Back to top Go down

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင် Empty ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာပြု ခရီးစဉ်

Post  XIII Sat Jun 05, 2010 9:05 am

ဗုဒ္ဓကျမ်းစာများနှင့် သမိုင်းအထောက်အထားများရ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာပြု ခရီးစဉ်ရှည်ကြီးကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားကြပါသည်။


၀၁။ ဘီစီ ၅၂၈ - က္ကုသိပတန (ယခု - ဆာရနာတ်)
၀၂။ ဘီစီ ၅၂၇ - ရာဇဂြိုလ်
၀၃။ ဘီစီ ၅၂၆ - ရာဇဂြိုလ်
၀၄။ ဘီစီ ၅၂၅ - ရာဇဂြိုလ်
၀၅။ ဘီစီ ၅၂၄ - ဝေသာလီ
၀၆။ ဘီစီ ၅၂၃ - မကုဋတောင် (ယခု - ဗိဟာရ်)
၀၇။ ဘီစီ ၅၂၂ - တာဝတိံသာ ?
၀၈။ ဘီစီ ၅၂၁ - သုသုမာရတောင် (ယခု - ကျူနာရ်)
၀၉။ ဘီစီ ၅၂၀ - ကောသမ္ဗီ (ယခု - က္ကုလဟာဗာ်)
၁၀။ ဘီစီ ၅၁၉ - ပါလိလေယျက (ယခု - မိရ် ဂျာပူ)
၁၁။ ဘီစီ ၅၁၈ -နာဠာ (ယခု - ဗိဟာရ်)
၁၂။ ဘီစီ ၅၁၇ -ဝေရဉ္ဇာ (ယခု - မထုရာ)
၁၃။ ဘီစီ ၅၁၆ - စာလိယတောင် (ယခု - ဗိဟာရ်)
၁၄။ ဘီစီ ၅၁၅ - သာဝတ္ထိ (ယခု - ဂေါဏ္ဍာ)
၁၅။ ဘီစီ ၅၁၄ - ကပိလ၀တ္ထု
၁၆။ ဘီစီ ၅၁၃ - အာလ၀ီ (ယခု - အာရ်ဝလိ)
၁၇။ ဘီစီ ၅၁၂ - ရာဇဂြိုလ်
၁၈။ ဘီစီ ၅၁၁ - စာလိယတောင်
၁၉။ ဘီစီ ၅၁၀ - စာလိယတောင်
၂၀။ ဘီစီ ၅၀၉ - ရာဇဂြိုလ်
၂၁။ ဘီစီ ၅၀၈ မှ ဘီစီ ၄၈၄ - သာဝတ္ထိ
၂၂။ ဘီစီ ၄၈၃ - ဝေသာလီ

ဘီစီ ၄၈၃ ၊ သက်တော် ရှစ်ဆယ်အရွယ်တွင် ကုသိနာရုံပြည် အင်ကြင်းဥယျာဉ် တစ်ခု၌ ဗုဒ္ဓ ပရိနိဗ္ဗာန်စံ ခဲ့သည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မိမိ၏ တစ်ဘ၀လုံး လူသားများအကျိုးကို မငဲ့မကွက် သယ်ပိုး အကျိုးပြုခဲ့ခြင်းမှာ အံ့မခန်း လေးစား ကြည်ညိုဖွယ် ကောင်းလေစွ။

Ref : Buddhism Made Plain by Fernando & Leonard Swidler

Fernando & Leonard Swidler တို့မှာ ပင်ဆာ(လ်)ဗေးနီးယား တက္ကသိုလ်မှ Theology ပညာရှင်များဖြစ်ကြသည်။
XIII
XIII
ညှိနှိုင်းသူ
ညှိနှိုင်းသူ

Posts : 5
Join date : 2010-06-01

Back to top Go down

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင် Empty Re: လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

Post  ငပွေ Tue Jun 08, 2010 4:51 pm

XIII wrote:
လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာမှ ဗုဒ္ဓဘာသာဝင် ပီသမယ်။ ကြားရသမျှကို ယုံနေရင် ဗုဒ္ဓဘာသာဝင် မပီသဘူး။ ယုံရတာ လွယ်တယ်။ ကိုယ်တိုင်သိအောင် လုပ်ရတာ မလွယ်ဘူး။ ဘုရားဟောတဲ့ တရားကို ယုံကြပါတယ်ဆိုတဲ့လူက ယုံကြည်ပါတယ် ဆိုတဲ့ နေရာတင် ရပ်နေလို့ မဖြစ်ဘူး။ သိအောင် လုပ်ရဦးမယ်။ သိတာက ယုံကြည်တာထက် ပိုပြီး အဆင့်မြင့်တယ်။

ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးကြီးဆုံး အချက် မဟုတ်ဘူး။ ကိုယ်တိုင်သိတာက အရေးကြီးတဲ့ အချက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို လွတ်လွတ်လပ်လပ် ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့ အားပေးတဲ့ တရားဖြစ်တယ်။ ဒါကြောင့် Buddhism is The Religion of Freedom လို့ ဆိုနိုင်တယ်။

ဗုဒ္ဓဘာသာတရားဟာ အဆင့်အမြင့်ဆုံး လွတ်လပ်မှုကို ရောက်အောင် လမ်းဖွင့်ပေးတဲ့ ဘာသာတရား ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ The Religion of Absolute Freedom ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီး ဟောကြားခဲ့တဲ့ တရားတွေဟာ သက်သက် စိတ်ကူးနဲ့ ဖန်တီးထားတဲ့ အယူဝါဒတစ်ခု မဟုတ်ဘူး။ သဘာဝတရားပဲ။ အဲဒီတော့ ဗုဒ္ဓမြတ်စွာ ကိုယ်တော်အရှင်မြတ်ကြီး ဟောကြားခဲ့တဲ့ တရားတော်တွေကို တစ်ကယ်သဘောပေါက်ချင်ရင် ကိုယ်တိုင်အားထုတ်ကြည့်ရင် ရပါတယ်။

ဗုဒ္ဓဘာသာတရားဟာ အားငယ်သူတို့ရဲ့ ဘာသာတရား မဟုတ်ဘူး။ စိတ်ဓာတ်အင်အားကြီးသူတို့ရဲ့ ဘာသာတရား ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးက လမ်းကိုပဲ ညွှန်ပြတယ်။ တွဲမခေါ်ဘူး။ ကိုယ့်တာဝန်ကိုယ် ယူခိုင်းတာဟာ လွတ်လပ်တဲ့သူ ဖြစ်စေချင်လို့။ ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးဟာ လွတ်လပ်တဲ့ သူ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်မှုကို လမ်းညွှန်ပေးခဲ့သူ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာကိုယ်တော်အရှင်မြတ်ကြီးက သဘာဝမကျတဲ့ မျှော်လင့်ချက်တွေ မပေးဘူး။ False Hope မျှော်လင့်ချက်အတုတွေကို မပေးဘူး။ အဲဒါဟာ ဆရာကောင်းတွေရဲ့ လက္ခဏာပါပဲ။ ဗုဒ္ဓဘာသာတရားရဲ့ အမြင့်ဆုံးရည်မှန်းချက်ဟာ လွတ်လပ်မှု ဖြစ်ပါတယ်။ ကောင်းကင်ဘုံတို့ နတ်ပြည်တို့ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်မှုနဲ့ စပြီး လွတ်လပ်မှုနဲ့ ဆုံးတယ်လို့ ဆိုနိုင်ပါတယ်။

လွန်ခဲ့သော2006 ခုနှစ်ဆရာတော်ဦးဇောတိက ရေးတဲ့လွတ်လပ်သောစိတ် စာအုပ်မှာဖတ်ပြီးပြီပါပြီ.........
အခုလို မေ့နေတာကို ပြန်လည်မှတ်မိအောင် ရေးပေးတဲ့ကိုXIIIကိုကျေးဇူးအထူးတင်ပါတယ်.....
ရှေ့ဆက်လည်း ကော်ပီဆွဲပြီး ဖော်ပြပေးပါဦးဗျာ..........
ငပွေ
ငပွေ
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 29
Join date : 2010-06-05
Age : 33
Location : myawaddy

Back to top Go down

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင် Empty Re: လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

Post  phonelay Tue Jul 13, 2010 4:44 pm

( ဗုဒ္ဓဝါဒသည် ဘာကို အခြေခံသလဲ )
ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်း သုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓဝါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓဝါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓဝါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ဝါဒမျိုး မဟုတ်ပါဘူး။
အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓဝါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ဝက္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-
အို-ဝက္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ထူးပါတယ်။ ဝက္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။

( ဗုဒ္ဓကို ဘယ်လို ယုံကြည်အားကိုးသလဲ )
ဗုဒ္ဓဝါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့ သဘာဝတရားတခု အနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါ ရနေတဲ့ လူမမာဟာ သူ့ကို ဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသား တပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာ့အရည်အချင်းနှင့် မေတ္တာ၊ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။

ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးးမှ လွတ်မြောက်ရေး လမ်းစဉ်၊ ချမ်းသာစစ် ချမ်းသာမှန် ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။
သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တဝါတွေရဲ့ အပြစ်တွေ၊ အညစ်အကြေးတွေ၊ ဆင်းရဲဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်၊ ချမ်းသာသုခအားလုံး ပစ်ချပေးလိမ့်မယ်၊ ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ဆွဲခေါ်ကယ်တင်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ ဗုဒ္ဓကို ယုံကြည်အားကိုးနေကြတာ မဟုတ်ပါဘူး။

( ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ )
ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါ အားလုံး ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။
တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသားတယောက်ကို သင်ကြားပြသသလို ပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။ မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ မရှိပါဘူး-တဲ့။

( လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ )
ဗုဒ္ဓဘာသာဝင်တယောက်သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့ လက်နက်ချ အရှုံးပေး၊ အညံ့ခံ လိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစား ဝေဖန်ခြင်းတို့ကို စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။ မိမိစိတ်ထဲမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဘယ်လောက်အထိ လွတ်လပ်ပါသလဲဆိုရင် ကိုယ်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို ပွားများနိုင်ပါတယ်။ တို့ချဲ့နိုင်ပါတယ်။

ဗုဒ္ဓဝါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိ ပါပဲ။ သမ္မာဒိဋ္ဌိ ဆိုတာ အသိဉာဏ် မှန်ကန်ဖို့၊ အယူအဆ မှန်ကန်ဖို့ ပါပဲ။ ဒုက္ခ နှင့် ဒုက္ခအကြောင်းမှန်ကို သိရှိနားလည်ရမယ်။ ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏ စိတ်၊ စေတသိက် တို့ရဲ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ ထိုသစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။

( ဗုဒ္ဓရဲ့ စကားကြီး ၁ဝ-ခွန်း )
ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ဝါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁ဝ။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။

( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။

ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ာကပါ။ ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။
(သီတဂူ ဆရာတော် )

phonelay
စတင်သူ
စတင်သူ

Posts : 1
Join date : 2010-07-02

Back to top Go down

လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင် Empty Re: လူတကာ့လူ သို့မဟုတ် ဗုဒ္ဓဘာသာဝင်

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum