မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Mon May 31, 2010 2:29 am

မင်္ဂလာပါ.....

မန္တလေးတိုင်းကိုယ်စားပြု ရတနာပုံ အသင်းကို အားပေးသော ညီအစ်ကိုမောင်နှမ များ ဒီနေရာလေးမှာ ၀င်ရောက်ဆွေးနွေးပေးကြ
ပါလို့ ပြောချင်ပါတယ်........
ရတနာပုံအက်ဖ်စီ အောင်ပွဲသည် မန္တလေးတိုင်း ပြည်သူများ၏ အောင်ပွဲချည်းမဟုတ်ပါ။
ဘောလုံးကို စေတနာအရင်းခံ၍ ချစ်မြတ်နိုးသော မြန်မာပြည်သူတို့ ၏ အောင်ပွဲလည်း ဖြစ်ပါသည်။

ဒီတော့ပစ်လေးမှာ ရတနာပုံကိုအားပေးသော ညီအစ်ကိုများပျော်ရွင်စွာဖြင့် သတင်းများမျှဝေခြင်း ၊ ဆွေးနွေးမှုများ ပြုလုပ်ခြင်း ၊
ဘောလုံးပွဲများတူတူကြည့်ဖို့ ချိန်းဆိုခြင်းများ စသည်တို့ ကို ဖော်ပြပေးသွားပါမည်။

လေးစားလျက်
ယုန်[b]

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Fri Jun 04, 2010 10:00 pm

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို လက်ရှိတွင် အသင်း ( ၁၁ ) ဖြင့် ယှဉ်ပြိုင်ကစားနေပါသည်။
( ၁ )ရတနာပုံ အက်ဖ်စီ
( ၂ )ရန်ကုန်ယူနိုက်တက်
( ၃ )ကမ္ဘောဇယူနိုက်တက်
( ၄ )ဒယ်လ်တာယူနိုက်တက်
( ၅ )မကွေးအက်ဖ်စီ
( ၆ )ဇေယျာရွှေမြေ
( ၇ )ဥသာယူနိုက်တက်
( ၈ )ဆောက်သမ်းမြန်မာ
( ၉ )နေပြည်တော် အက်ဖ်စီ
( ၁၀ )မနောမြေ
( ၁၁ )ဇွဲကပင် ယူနိုက်တတ်

တို့ ဖြစ်ပါတယ်.....
ဒီထဲမှာဆိုရင်ဖြင့် ရတနာပုံအသင်းက ၂ နှစ်ဆက်တိုက် ချန်ပီယံဘွဲ့ ကို ရယူထားတာ တွေ့ ရတယ်ဗျာ့...
အရင်တစ်ချိန်က ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှု နဲ့ ဆိုးသွမ်းလူအချို့ ကြောင့် ရတနာပုံ ပ၇ိတ်သတ်များကို ရမ်းကားသော
ပရိတ်သတ်အဖြစ် တစ်ချို့ အသင်းပရိတ်သတ်များရဲ့ သမုတ်ခြင်းကို ခံခဲ့ရပါတယ်..
ဒီအချိန်မှာဆို၇င်ဖြင့် အသင်း နဲ့ ပရိတ်သတ် တွဲလက်ညီညီဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းမှုများကြောင့်
ရတနာပုံ ပရိတ်သတ်များဟာ ပရိုပီသစွာ အားပေးနေတာကို ပွဲတိုင်းမြင်တွေ့ နေရပါတယ်.....
-------------------------------------------------------------------------------------------
ရတနာပုံအသင်းရဲ့ ၂၀၀၉ ခုနှစ်အတွက် အသုံးစရိတ်


၁။လစာ............................................................ကျပ်သိန်း ၃၈၀၀
၂။ကစားသမား နေထိုင်မှုစရိတ်....................................ကျပ်သိန်း ၁၈၀၀
၃။လူငယ်အကယ်ဒမီ...............................................ကျပ်သိန်း ၁၂၀၀
၎။စားသောက်စရိတ်................................................ကျပ်သိန်း ၉၀၀
၅။ခရီးစရိတ်........................................................ကျပ်သိန်း ၆၂၀
၆။အသင်းရဲ့ အသုံးစရိတ်............................................ကျပ်သိန်း ၅၀၀
၇။တီဗီကြော်ငြာ.....................................................ကျပ်သိန်း ၅၀၀
၈။ကြော်ငြာဆိုင်းဘုတ်...............................................ကျပ်သိန်း ၅၀၀
၉။ခြေစမ်းပွဲများ......................................................ကျပ်သိန်း ၅၀၀
၁၀။စပွန်ဆာ.........................................................ကျပ်သိန်း ၄၅၀
၁၁။အခြားအသုံးစရိတ်...............................................ကျပ်သိန်း ၂၃၀
စုစုပေါင်း..............................................ကျပ်သိန်း ၁၁၀၀၀

လေးစားလျက်
ယုန်

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Fri Jun 04, 2010 10:03 pm

MNL CUP GRAND ROYAL 2009 ရဲ့ အောင်ပွဲများ.......

၁။ ရတနာပုံ ............. ၂ & ၀ ဆောက်သမ်း
၂။ ရတနာပုံ ............. ၀ & ၀ ဇေယျာရွှေမြေ
၃။ ရတနာပုံ ............. ၁ & ၀ ကမ္ဘောဇ
၎။ ရတနာပုံ ............. ၁ & ၀ ဒယ်လ်တာ
၅။ ရတနာပုံ ............. ၂ & ၂ ရန်ကုန်ယူနိုက်တက်
၆။ ရတနာပုံ ............. ၂ & ၁ မကွေး
၇။ ရတနာပုံ ............. ၂ & ၀ ဥဿာ
၈။ ရတနာပုံ ............. ၆ & ၃ ရန်ကုန်ယူနိုက်တတ် ( ဗိုလ်လုပွဲ )

MNL CUP GRAND ROYAL 2009 ဒိုင်ဆုကြီးကို မန္တလေးကို အောင်မြင်စွာ သယ်ဆောင်နိုင်ခဲ့ပါသည်။

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Fri Jun 04, 2010 10:33 pm

MNL GRAND ROYAL 2009-2010

၁။ ရတနာပုံ ............. ၃ & ၁ ကမ္ဘောဇ
၂။ ရတနာပုံ ............. ၁ & ၀ မကွေး
၎။ ရတနာပုံ ............. ၂ & ၀ ဥဿာယူနိုက်တက်
၅။ ရတနာပုံ ............. ၁ & ၂ ဒယ်လ်တာယူနိုက်တက်
၆။ ရတနာပုံ ............. ၂ & ၁ ရန်ကုန်ယူနိုက်တတ်
၇။ ရတနာပုံ ............. ၅ & ၁ ဆောက်သမ်းမြန်မာ
၈။ ရတနာပုံ ............. ၃ & ၁ ဥဿယူနိုက်တတ်
၉။ ရတနာပုံ ............. ၁ & ၀ ဒယ်လ်တာ ယူနိုက်တတ်
၁၀။ ရတနာပုံ ............. ၂ & ၁ မကွေး
၁၁။ ရတနာပုံ ............. ၂ & ၂ ဆောက်သမ်းမြန်မာ
၁၂။ ရတနာပုံ .............. ၁ & ၂ ဇေယျာရွှေမြေ
၁၃။ ရတနာပုံ ............. ၁ & ၀ ကမ္ဘောဇ
၁၄။ ရတနာပုံ ............. ၀ & ၂ ရန်ကုန်ယူနိုက်တတ်

ရတနာပုံ အသင်းမှ ရမှတ် အများဆုံးဖြင့် မြန်မာနေရှင်နယ်လိဂ် ဒုတိယ ဖလားကို ထပ်မံ သိမ်းယူနိုင်ခဲ့ပါပြီ..
ထပ်ဆင့်ချန်ပီယံ ရတနာပုံ အသင်း အား ရတနာပုံ ပရိတ်သတ်ကိုယ်စား ဂုဏ်ပြုပါသည်။။

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Fri Jun 04, 2010 10:37 pm

ရတနာပုံ အသင်း၏ ပထမ အကျော့ ပွဲစဉ်များ

၁၃-၀၃-၂၀၁၀ ရတနာပုံ vs ဇေယျာရွှေမြေ
၂၀-၀၃-၂၀၁၀ ရတနာပုံ vs ဥဿာ ယူနိုက်တက်
၂၇-၀၃-၂၀၁၀ ရတနာပုံ vs မကွေး
၀၄-၀၄-၂၀၁၀ ရတနာပုံ vs ဆောက်သမ်းမြန်မာ
၂၄-၀၄-၂၀၁၀ ရတနာပုံ vs ရန်ကုန် ယူနိုက်တက်
၁၆-၀၅-၂၀၁၀ ရတနာပုံ vs ကမ္ဘောဇ
၂၂-၀၅-၂၀၁၀ ရတနာပုံ vs နေပြည်တော်
၂၉-၀၅-၂၀၁၀ ရတနာပုံ vs ဇွဲကပင် ယူနိုက်တက်
၀၅-၀၆-၂၀၁၀ ရတနာပုံ vs မနောမြေ
၁၂-၀၆-၂၀၁၀ ရတနာပုံ vs ဒယ်လ်တာ ယူနိုက်တက်

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Sun Jun 06, 2010 9:17 pm

ရတနာပုံ ၅ & ၀ မနောမြေ

ယနေ့ ညနေပိုင်းက မန္တလေး ဗထူးကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ရတနာပုံ အသင်းနှင့် မနောမြေ အသင်းတို့ ပွဲတွင် ရတနာပုံ အသင်းက ၅ဂိုးပြတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိ ခဲ့ကာ အမှတ်ပေး ဇယား တတိယ နေရာသို့ တက်လှမ်း လာနိုင်ခဲ့သည်။

ရတနာပုံ အသင်း အတွက် ဦးဆောင်ဂိုးအား ပွဲချိန် ၆မိနစ်တွင်ပင် နိုင်ငံခြားသား ကစားသမား ကွန်ပိုရီက သွင်းယူ ပေးခဲ့ပြီး ၃၇မိနစ်တွင် အောင်ချမ်းမိုးက အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးအား သွင်းယူ နိုင်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် ရတနာပုံ အသင်းက ၂ဂိုးပြတ် ဦးဆောင် နေခဲ့ပြီး ပွဲချိန် ၆၆မိနစ်တွင် ရတနာပုံ အသင်း ပင်နယ်တီ ကန်ခွင့် ရရှိခဲ့သည်။ ထိုပင်နယ်တီအား တိုက်စစ်မှူး ရန်ပိုင်က အပိုင် ကန်သွင်းခဲ့ပြီး အသင်း အတွက် တတိယ ဦးဆောင်ဂိုးအား ရယူ နိုင်ခဲ့သည်။

ထို့နောက် ၇၈မိနစ်တွင် ခင်မောင်ထွန်းက အသင်း အတွက် စတုတ္ထ ဂိုးအား သွင်းယူ ပေးခဲ့ကာ ပွဲချိန် မိနစ် ၉၀ ပြည့်၍ နာကျင် အချိန်ပို ၁မိနစ်တွင် ရန်ပိုင်က ပွဲသိမ်း အနိုင်ဂိုး တစ်ဂိုး ထပ်မံ သွင်းယူ ခဲ့ကာ ယခုကဲ့သို့ ၅ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ရတနာပုံ အသင်းသည် ရမှတ် ၁၈မှတ်ဖြင့် တတိယ နေရာသို့ တက်လှမ်း နိုင်ခဲ့ပြီး အမှတ်ပေး ဇယား ထိပ်ဆုံးတွင် ရပ်တည်နေသည့် ဇေယျာရွှေမြေနှင့် ကမ္ဘောဇ အသင်းများ အောက် ရမှတ် ၂မှတ် အကွာတွင် ရပ်တည် နေခဲ့ခြင်း ဖြစ်သည်။

ဆောစ်ကားမြန်မာဆိုက်မှ ကူးယူတင်ပြလိုက်ပါသည်။

လေးစားလျက်
ယုန်

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Sun Jun 06, 2010 9:18 pm

ရတနာပုံမှ ကစားသမားပိုင်စိုးအား ရောင်းထုတ်ရန် အစီအစဉ်မရှိသေး

ရတနာပုံအသင်းမှ ကစားသမား ပိုင်စိုးအား ရောင်းထုတ်ရန် လောလောဆယ် အစီအစဉ်မရှိသေးကြောင်း ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက မေလ 28 ရက်နေ့က 7Day News သို့ပြောသည်။

ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်လက်ရှိချန်ပီယံ ရတနာပုံအသင်း၏ တောင်ပံကစားသမားပိုင်စိုးအား အသင်းပြောင်းရွှေ့ကြေး ကျပ်သိန်း 150 ဖြင့် တရားဝင်ကမ်းလှမ်းလိုက်ကြောင်း အသင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည် ။ ပိုင်စိုးအား ကမ်းလှမ်းရာတွင် လစာအနေဖြင့် ကျပ် 15 သိန်း နှင့် (2)နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခြင်းဖြစ်ကြောင်း သိရသည် ။

" ရန်ကုန်အသင်းက ကမ်းလှမ်းထားပေမယ့် ပိုင်စိုးကို ရောင်းထုတ်ဖို့လောလောဆယ် အစီအစဉ်မရှိပါဘူး ။ ပိုင်စိုးဟာ ရတနာပုံအသင်းမှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်ရှိနေမှာပါ ။ စာချုပ်ပြည့်သွားရင်တော့ ကာယကံရှင်ရဲ့ သဘောထားလည်း ရှိသေးတော့ ဘာဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး " ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည် ။

ပိုင်စိုးသည် ရတနာပုံအသင်းတွင် လက်ရှိလစာ 15 သိန်း ရရှိနေသူဖြစ်ပြီး ၊ အသင်းနှင့်စာချုပ် သက်တမ်းမှာ 2011 ခုနှစ် မတ်လတွင် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည် ။

Credit to 7Day News Journal ( တွဲ-9 ၊ အမှတ် 11 ၊ ကြာသပတေး ဇွန် -3 ၊ 2010 )

လေးစားလျက်
ယုန်

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Sun Jun 06, 2010 9:25 pm

ကျေးဇူးတင်လွှာ

ရတနာပုံ အက်ဖ်စီသည် ၂၀၁၀ခုနှစ် မေလ ၁၃ရက်နေ့က တာ့ခ်မီနစ္စတန် ကလပ် အိုင်တီတီယူကို ဂိုးမရှိ သရေ ကစား ပြီးနောက် ၂၀၁၀ပြည့်နှစ် အေအက်ဖ်စီ ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲ ဆီမီး ဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သည်။

ယင်းသို့ တက်ရောက် နိုင်ခြင်းမှာ အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့ ဘောလုံး ကလပ် တစ်သင်း အနေဖြင့် ပထမဆုံး အကြိမ် တက်ရောက် နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရတနာပုံ အသင်းသည် အေအက်ဖ်စီ ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲ၌ မှတ်တိုင်သစ် ရေးထိုး နိုင်ခဲ့ သောကြောင့် အောင်မြင်မှု ရခဲ့သည်ဟု ဆိုနိုင်သည်။ ရတနာပုံ အသင်း အောင်မြင်မှု ရရှိခြင်းမှာ ရတနာပုံ တစ်သင်း တည်း၏ စွမ်းဆောင် မှုကြောင့် မဟုတ်ဘဲ အဖက်ဖက်မှ ၀ိုင်းဝန်း ကူညီ ပံ့ပိုး ပေးခဲ့မှုကြောင့် ဖြစ်ပြီး မြန်မာ့ ဘောလုံး လောက ဂုဏ်ကိုပါ မြှင့်တင် ပေးနိုင် ခဲ့ခြင်းပင် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့ ဘောလုံး လောက ဂုဏ်ကို မြှင့်တင် ပေးနိုင်အောင် စွမ်းဆောင် ပေးခဲ့ကြသော နည်းပြ အဖွဲ့ဝင်များနှင့် ကစားသမားများ၊ မျိုးချစ် စိတ်ဖြင့် အားပေး ခဲ့ကြသော မြန်မာ ဘောလုံး ပရိသတ်များ၊ ပြိုင်ပွဲ လက်ခံ ကျင်းပ နိုင်ရေး အတွက် အဘက်ဘက်မှ ၀ိုင်းဝန်း ကူညီ ပံ့ပိုး ပေးခဲ့သော မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့သားများ၊ ဂုဏ်ယူ ၀မ်းမြောက် ပါကြောင်း မီဒီယာ များမှ တစ်ဆင့် ဖော်ပြ ပေးခဲ့သည့် ရန်ကုန် ယူနိုက်တက် အသင်း ပိုင်ရှင် ဦးတေဇ၊ အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုး တေဇနှင့် ရန်ကုန် ယူနိုက်တက် အသင်း တာဝန် ရှိသူများ၊ အေအက်ဖ်စီ ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်ရာတွင် ကူညီပေးခဲ့သော ဥဿာယူနိုက်တက် အသင်းပိုင်ရှင် ဦးအောင်မိုးကျော်နှင့် အသင်းမှ တာဝန်ရှိသူများ၊ အသင်းသားများ၊ တယ်လီ ဖုန်းဖြင့် ဆက်သွယ်၍ ၀မ်းမြောက်ကြောင်း ဂုဏ်ပြု ခဲ့ကြသည့် မိတ်ဆွေ၊ သင်္ဂဟများ အားလုံးကို အထူး ကျေးဇူး တင်ရှိ ပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။

ရတနာပုံ အသင်း အနေဖြင့် မြန်မာ့ ဘောလုံး လောက ဖွံ့ဖြိုး တိုးတက် ရေးအတွက် ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း...။

ဒေါက်တာ စိုင်းဆမ်ထွန်း
အသင်းပိုင်ရှင်
ရတနာပုံ အက်ဖ်စီ

www.yadanarbonfc.com မှ ကူးယူတင်ပြလိုက်ပါသည်။

လေးစားလျက်
ယုန်

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Sun Jun 06, 2010 9:33 pm

ရတနာပုံ အသင်း President's Cup ချန်ပီယံ ဆုအတွက် သက်သေ ပြခဲ့ပြီဟု ရိုဟန်ကြုံးဝါး

ရတနာပုံ အသင်း၏ မန်နေဂျာ ဖြစ်သူ ရိုဟန် ဂါးရတ်က ၎င်းတို့ အသင်းသည် President's Cup တွင် ချန်ပီယံ ဖြစ်နိုင်သည်ဟု အိုင်တီတီယူနှင့် ပွဲတွင် သက်သေ ပြခဲ့ပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။



[Mr Rohan - Yadanarbon FC] "ကျွန်တော့် အနေနဲ့ ရတနာပုံ အတွက်ရော၊ မြန်မာ ဘောလုံး အတွက်ပါ အရမ်းကို ၀မ်းသာပါတယ်။ ကျွန်တော်တို့ အသင်း President's Cup ပြိုင်ပွဲမှာ ပထမဆုံး ဆီမီးဖိုင်နယ် တက်တဲ့ မြန်မာအသင်း ဖြစ်လာခဲ့ပြီ။ ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်နိုင်တယ် ဆိုတာ တာ့ခ်မင် နစ္စတန် ကလပ် အိုင်တီတီယူနဲ့ ပွဲမှာ သက်သေပြနိုင် ခဲ့ပါပြီ။ ဒီအသင်းဟာ AFC Challenge Cup ဗိုလ်လုပွဲ ရောက်ခဲ့တဲ့ တာ့ခ်မင် နစ္စတန် လက်ရွေးစင် အသင်းက ကစားသမား (၁၂)ယောက်နဲ့ ဖွဲ့စည်း ထားတာပါ။ ဒီလို အသင်းမျိုးကို လူတစ်ယောက် လျော့နေ တာတောင် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူပြီး လိုချင်တဲ့ ရလဒ် ရအောင် ကစားနိုင် ခဲ့တယ်။ ကျွန်တော်တို့ လာမယ့် ပွဲစဉ်တွေ အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေပါပြီ" ဟု ရိုဟန်က ဆိုသည်။

အဆိုပါ ပွဲစဉ်တွင် ရတနာပုံ အသင်းသည် အိုင်တီတီယူအား (၀-၀)ဂိုး သရေကျခဲ့ခြင်း ဖြစ်သော်လည်း ဂိုးကွာခြားချက် အရ အုပ်စုဗိုလ် နေရာ ရခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းပွဲတွင် ရတနာပုံ ကစားသမား ချစ်စမ်းမောင် ပွဲချိန် ၂၇ မိနစ်တွင် အထုတ်ခံခဲ့ ရသောကြောင့် ပွဲချိန် သုံးပုံ နှစ်ပုံကျော်ကို လူတစ်ယောက် လျော့ဖြင့် ကစားခဲ့ ရသည်။ ရတနာပုံ အသင်းသည် အဆိုပါ ရလဒ်ကြောင့် President's Cup ပြိုင်ပွဲ၌ ပထမဆုံး ဆီမီးဖိုင်နယ် တက်သည့် မြန်မာအသင်း ဖြစ်လာခဲ့သည်။ ယမန်နှစ် များက ပါဝင် ယှဉ်ပြိုင်ခဲ့သော ကမ္ဘောဇ အသင်းသည် အုပ်စု အဆင့်ဖြင့်သာ နှစ်ကြိမ် ဆက်တိုက် ကျေနပ် ခဲ့ရသည်။

"ကျွန်တော်တို့ အနေနဲ့ ဒီပွဲမှာ ဂိုးမရှိ သရေကျရုံနဲ့ နောက်တစ်ဆင့် တက်ရမှာမို့ ကျွန်တော့် ကစားသမား တွေကို အမှားအယွင်း မရှိအောင် ကစားဖို့ပဲ မှာထားပါတယ်။ ဘောလုံးကို များများ ဖျက်နိုင်အောင် လုပ်ပြီး ကိုယ့်ခြေထဲမှာ ဘောလုံးကို ကိုင်ကစား စေတဲ့ ပုံစံနဲ့ ကစားစေခဲ့ တာပါ။ ကျွန်တော်တို့ အသင်းက လူငယ် ကစားသမား လေးတွေဟာ အရမ်းကောင်း ပါတယ်။ သူတို့ဟာ အသက် ငယ်ကြသေး သလို အရည်အသွေးလည်း ရှိတဲ့ သူတွေပါ" ဟု ရိုဟန်က ဆက်လက် ပြောကြားသွားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ပါဝင်ကစားသွား ခဲ့သော လူငယ် ကွင်းလယ် ကစားသမား ရဲကိုဦးသည် နည်းပြ ဦးခင်မောင်တင့်၏ ရတနာပုံ လူငယ် အသင်းမှ ရွေးချယ်ခေါ်ယူ ထားသည့် ကစားသမား ဖြစ်ကာ အသင်းကြီး နှင့်ပင် တရားဝင် စာချုပ် ချုပ်ဆိုရခြင်း မရှိသေးကြောင်း သိရသည်။

ရတနာပုံ အသင်းသည် အဆိုပါ ပွဲစဉ် ကစားအပြီး ၂ ရက်အကြာတွင် ကမ္ဘောဇနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ထိုသို့ ပွဲစဉ်များ ကျပ်နေခြင်း အပေါ် မြန်မာ ဘောလုံး အဖွဲ့ချုပ်ထံ စောဒက မတက်လိုကြောင်း ပြောကြားခဲ့သည်။ ရတနာပုံ အသင်း အုပ်စုအဆင့်မှ ကျော်ဖြတ် နိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၅၀ ဆုချီးမြှင့် ခဲ့ကြောင်းလည်း သိရသည်။

ဆောကားမြန်မာဆိုက်မှ ကူးယူတင်ပြလိုက်ပါသည်။

လေးစားလျက်
ယုန်

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  kindrabbit Sun Jun 06, 2010 9:40 pm

အရန် အသင်းများ လိဂ် ပြိုင်ပွဲ ပထမ အကျော့ ပွဲစဉ် ဇယား မူကြမ်း၌ ရတနာပုံ နှင့် ဇေယျာ ရွှေမြေ အရန် အသင်း ပွဲဦးထွက် ထိပ်တိုက်တွေ့

မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာ နေရှင်နယ် လိဂ် ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ဦးစီး ကျင်းပသော ၂၀၁၀ ပြည့်နှစ် မြန်မာ နေရှင်နယ် လိဂ် အရန် အသင်းများ လိဂ် ပြိုင်ပွဲ ပထမ အကျော့ ပွဲစဉ် ဇယား မူကြမ်းကို ရေးဆွဲ ထုတ်ပြန် လိုက်ရာ ပွဲစဉ်-၁ အဖွင့် ပွဲ၌ ရတနာပုံ အရန် အသင်းသည် ဇေယျာ ရွှေမြေ အရန် အသင်းနှင့် ထိပ်တိုက် တွေ့ဆုံ နေသည်။

ပွဲစဉ်-၁ ပဉ္စမမြောက် ပွဲစဉ် တွင်လည်း ကမ္ဘောဇ အရန် အသင်းနှင့် ရန်ကုန် ယူနိုက်တက် အရန် အသင်းတို့ ယှဉ်ပြိုင် ရမည် ဖြစ်သည်။ ရတနာပုံ အသင်း အနေဖြင့် ယခုနှစ် အရန် အသင်း လိဂ် ပြိုင်ပွဲကို ဦးခင်မောင်တင့် လေ့ကျင့် ပေးနေသော ၂၀၀၉ ခုနှစ် မန္တလေး မြို့တော် ၀န်ဖလား ချန်ပီယံ လူငယ် အသင်းဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် MNL အရန် အသင်းများ လိဂ် ပြိုင်ပွဲကို မြန်မာ နေရှင်နယ် လိဂ် ပြိုင်ပွဲဝင် အသင်း ၁၁ သင်းမှ အရန် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ အသင်းများနှင့် ဂိုးသွင်း အများဆုံး ကစား သမားဆုများ ချီးမြှင့် မည်ဖြစ်သည်။ ၂၀၀၉ ခုနှစ် အရန် အသင်းများ အမှတ်ပေး ဘောလုံး ပြိုင်ပွဲ ကဲ့သို့ပင် ပြိုင်ပွဲဝင် အသင်းများ အနေဖြင့် ပြည်ပ ကစား သမားများ ထည့်သွင်း ကစားခွင့် မပြုကြောင်း ပြိုင်ပွဲ ကျင်းပရေး စည်းမျဉ်းတွင် ဖော်ပြ ထားသည်။ ထို့အပြင် မြန်မာ နေရှင်နယ် လိဂ် အမှတ်ပေး ပြိုင်ပွဲ ပထမ အကျော့၌ ၅ပွဲ ကစား ထားသည့် ကစား သမားများ ပါဝင် ကစားခွင့် မရှိပေ။

MNL အရန် အသင်းများ အမှတ်ပေး ဘောလုံး ပြိုင်ပွဲ ပထမ အကျော့ကို ဇွန်လ ၁၉ရက် စနေနေ့တွင် စတင်ကာ သြဂုတ်လ ၂၂ရက် တနင်္ဂနွေ နေ့တွင် ပွဲစဉ်-၁၁ နောက်ဆုံးပွဲ ကစားရန် သတ်မှတ် ထားသည်။ ပွဲအားလုံး စတင် ကစားမည့် အချိန်မှာ မြန်မာ စံတော်ချိန် ညနေ ၄း၀၀ နာရီဖြစ်ပြီး ကစားမည့် ကွင်းအား ပွဲစဉ်-၁မှ ၄အထိသာ သတ်မှတ် ထားသည်။ ပွဲစဉ်-၁ မှ ၄ အထိ ပွဲများကို သုဝဏ္ဏ ကွင်းနှင့် အောင်ဆန်း ကွင်းတို့တွင် ယှဉ်ပြိုင် စေမည် ဖြစ်သည်။

MNL Reserve Teams League Competition 2010

Fixtures (1st Round) - Week-1

19-06-2010 SAT Yadanarbon – Zeyar Shwe Myay Y.T.C
19-06-2010 SAT Manaw Myay – Okkthar United Aung San
20-06-2010 SUN Zwekapin United – Magway Y.T.C
20-06-2010 SUN Nay Pyi Taw-S-Myanmar Aung San
21-06-2010 MON Kanbawza –Yangon United Y.T.C

www.yadanarbonfc.com မှ ကူးယူတင်ပြလိုက်ပါသည်။

လေးစားလျက်
ယုန်

kindrabbit
လေ့လာသူ
လေ့လာသူ

Posts : 12
Join date : 2010-05-31
Location : အမေရှိသောအရပ်

Back to top Go down

ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန် Empty Re: ရတနာပုံ ပရိတ်သတ်များ မိတ်ဆက်ရန်

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum