မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ဖိုရမ် မှတ်ပုံတင်ခြင်း

3 posters

Go down

ဖိုရမ် မှတ်ပုံတင်ခြင်း Empty ဖိုရမ် မှတ်ပုံတင်ခြင်း

Post  Dr ds Thu Jun 17, 2010 8:02 pm

ဖိုရမ်တိုးတက်ရေးအတွက် ကျွန်တော် အနည်းငယ် အကြံပြုပါရစေ။ ကျွန်တော် အရင်က ဖိုရမ်အချို့မှာ မင်ဘာ ၀င်ဖူးပါတယ်။ အဲမှာ ဖိုရမ်ဝင်ဖို့ အချက်အလက်အချို့ ဖြည့်ရပါတယ်။ အားလုံးပြီးလို့ ပြီးဆုံးကြောင်း နှိပ်လိုက်ရင် ချက်ချင်း တန်းဝင်မရဘူးခင်ဗျ။ ကိုယ့် အီးမေးလ်ကိုအတည်ပြုမေးလ် ပို့ပြီးကြောင်း ထိုမေးလ်ရှိ အတည်ပြု link ကို နှိပ်လိုက်မှ အဲဒီဖိုရမ်ထဲကို ၀င်ခွင့်ရတယ်ခင်ဗျ။ အခု သည်မှာ မင်ဘာဝင်တော့ အလွယ်တကူပဲ အချက်အလက်တွေဖြည့်ပြီးတာနဲ့ တန်းဝင်လို့ရလာတယ်ခင်ဗျ။ ဖိုရမ် တာဝန်ရှိသူများက လွယ်ကူစွာ အသုံးပြုရန် ရည်ရွယ်ထားဟန်ရှိပါတယ်။ အကြမ်းမျဉ်းပြောရရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် တဖက်က လှည့်တွေးကြည့်ရင် ကိုယ့်မှာရှိတဲ့မေးလ်အမှန်မဟုတ်ပဲနဲ့ ဖိုရမ်ဝင်လို့ရသလိုဖြစ်နေတယ်။
ဥပမာ တစ်ခုပြပါမည်။
ကျွန်တော်က မြန်မာဖိုင်းတော့ခ်ကို ၀င်တော့မယ်ဗျာ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ကျွန်တော့် မေးလ်ကို မသုံးချင်ဘူး။ အဲဒါနဲ့ ကျွန်တော်နဲ့ ခင်တဲ့ (ဥပမာ ဆိုပေမယ့် တကယ်လဲ ခင်ချင်ပါတယ်) Admin ရဲ့ မေးလ် myanmarfindadmin@gamil.com ကိုကျွန်တော်သိတယ်။ အဲဒါနဲ့ မေးလ်နေရာမှာ ဖြည့်လိုက်တယ်။ ၀င်တယ်။ ရတယ်။ ကျွန်တော်သုံးတယ်ပေါ့ဗျာ။ အကြောင်းကြောင်းကြောင့် ဖိုရမ်ထဲမှာ ကျွန်တော်ပြဿနာရှာတယ်ပေါ့ဗျာ။ (ဥပမာ ဖိုရမ်ထဲက မိန်းကလေးတွေကို ရည်းစားစာလိုက်ပို့တယ်ပေါ့ (တကယ်လဲ ကြုံရင်လုပ်မှာနော်ဟီးဟီး)}
အဲမှာ ကျွန်တော့်ကို back check လုပ်မယ်ပေါ့။ ဘယ်မလဲ ကျွန်တော့်မေးလ်အမှန်။ ဖျက်ချင်ဖျက် ကိစ္စမရှိဘူး။
ကဲ ဒီဥပမာကို လေ့လာကြည့်ရင် နိုင်ငံတစ်နိုင်ငံကို ပတ်စပို့မပါပဲ ၀င်ခွင့် ဗီဇာ ရသလို ဖြစ်နေတာပေါ့။ ဒါလေးအကြံပြုတာပါ။ ဖိုရမ်ပိုမို စည်းကမ်း ပြည့်ဝရေးအတွက် စဉ်းစားသင့်တယ်လို့ထင်ပါတယ်။ ဖိုရမ်ကြီး သည်ထက်မက တိုးတက်ပါစေ..............
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ဖိုရမ် မှတ်ပုံတင်ခြင်း Empty လေးစားကျေးဇူးတင်စွာဖြင့်

Post  ကြယ်ပြာ Fri Jun 18, 2010 1:02 am

Dr ds ရဲ့ အကြံပေးချက်အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဖိုရမ်မှာ လွတ်လပ်လွယ်ကူစေချင်တဲ့ သဘောနဲ့ အတည်ပြုတဲ့ Link ကို နှိပ်ပြီးမှ ၀င်ခွင့်ပြုတာကို ခတ္တရပ်ဆိုင်းထားတာပါ။ အသင်းဝင်တစ်ယောက်ဟာ သူ့ရဲ့ အီးမေးလ် အစစ်အမှန်ကို မသုံးပဲ ၀င်လို့ရတာလည်း မှန်ပါတယ်။ ဆိုကြပါစို့ဗျာ။

မောင်ဘဟာ အီးမေးလ်အတု (မရှိတဲ့ အီးမေးလ်) နဲ့ အသင်းဝင်အဖြစ် မှတ်ပုံတင်လိုက်တယ်ဆိုပါစို့။ သူဝင်လို့ရမယ်။ သို့သော် -
(၁) တစ်ခုခု ဖြစ်လာတဲ့အခါ (သတင်းအချက်အလက်ရစရာ၊ စကားဝှက်မေ့သွားလို့ ပြန်တောင်းတာမျိုး လုပ်တဲ့အခါ) သူ့ရဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး သူ့မှာ လက်ခံဖို့ အီးမေးလ်မရှိနိုင်တော့ပါဘူး။
(၂) သူစည်းကမ်းဖောက်ဖျက်တဲ့အခါ သူ့ကို ဖိုရမ်က ယာယီ ၀င်ခွင့်ပိတ်လိုက်တဲ့အခါ ... ပြန်ဝင်နိုင်တဲ့ အချိန်နဲ့ အကြောင်းအရာကို လက်ခံဖို့ အီးမေးလ် မရှိနိုင်တော့ပါဘူး။

ဒါကြောင့် သူ့ရဲ့ မရိုးသားတဲ့ အီးမေးလ်အတု ကိစ္စက သူ့အတွက်ပဲ ပိုပြီး ပြဿနာ ရှိနိုင်တာပါ။


နောက်တစ်ခု မောင်ဘက မမြရဲ့ အီးမေးလ်နဲ့ အသင်းဝင်အဖြစ် မှတ်ပုံတင်လိုက်တယ်ဆိုပါစို့။ သူဝင်လို့ရမယ်။ သို့သော် -
(၁) သူရဲ့ အသုံးပြုတဲ့ ဖိုရမ်သုံးနာမည် နဲ့ စကားဝှက်ဟာ မမြဆီကို အချက်အလက်အနေနဲ့ ရောက်သွားမှာဖြစ်ပါတယ်။ အဲဒီအခါ မမြက သူ့နာမည်ကိုသုံးပြီး ကြိုက်သလို လုပ်ခွင့်တွေ ရသွားနိုင်ပါတယ်။
(၂) သူစည်းကမ်းဖောက်ဖျက်တဲ့အခါ သူ့ကို ဖိုရမ်က ယာယီ ၀င်ခွင့်ပိတ်လိုက်တဲ့အခါ ... ပြန်ဝင်နိုင်တဲ့ အချိန်နဲ့ အကြောင်းအရာကို လက်ခံဖို့အီးမေးလ်က မမြရဲ့ အီးမေးလ်ဖြစ်တဲ့အတွက် သူ့အနေနဲ့ မမြဆီမှာ တောင်းယူရမယ့် အနေအထားကို ရောက်သွားပါလိမ့်မယ်။ အဲဒီအခါ သူ့အနေနဲ့ မမြအီးမေးလ်ကို အသိမပေးပဲ ယူသုံးတဲ့ကိစ္စကိုပါ သူရှင်းရမယ့် အနေအထားကိုပါ ရောက်သွားပါလိမ့်မယ်။

ဒါကြောင့် မရိုးသားပဲ သူ့များအီးမေးလ်ကိုယူသုံးတဲ့ ကိစ္စက သူ့အချက်အလက်တွေ သူများသိသွားစေတဲ့အပြင် ... သူ့အတွက်ပဲ ပိုပြီး ပြဿနာ ရှိနိုင်တာပါ။

ပြဿနာတွေ ထိန်းသိမ်းဖို့အပိုင်းကတော့ ... ဖိုရမ်တာဝန်ထမ်းဆောင်နေသူတွေ အကြီးပိုင်းတွေအနေနဲ့ အသင်းဝင်တွေရဲ့ စက်အသုံးပြုနေတဲ့ အိုင်ပီလိပ်စာ(IP address)တွေကို မြင်ရပါတယ်။ ပြဿနာရှာနေသူအချို့ကို အဲဒီကနေ ခြေရာခံပြီး ပိတ်ပင်ဟန့်တားလို့လည်း ရနိုင်ပါတယ်။

ဒါကြောင့် ဒီအတွက် စိတ်မပူပန်စေလိုပါဘူးခင်ဗျာ။


သို့သော် .... ကျွန်တော် အထက်ကပြောခဲ့သလို .... လွတ်လပ်လွယ်ကူစေချင်တဲ့ သဘောနဲ့ အတည်ပြုတဲ့ Link ကို နှိပ်ပြီးမှ ၀င်ခွင့်ပြုတာကို ခတ္တရပ်ဆိုင်းထားတာပါ

ဒါကြောင့် သတ်မှတ်ကာလတစ်ခုကို ရောက်တဲ့အခါမှာ အခုရပ်ဆိုင်းထားတဲ့အရာကို ပြန်လည်အသုံးပြုမှာဖြစ်ပါတယ်။ လောလောဆယ်အနေနဲ့ ဖိုရမ်ဖွင့်ခါစ Promotion သဘောပါ။

ဖိုရမ်အကျိုးကို မျှော်ကိုးပြီး အကြံပြုချက်ရေးသားပေးတဲ့ Dr ds ရဲ့ ဖိုရမ်အပေါ် အလေးအနက်ထားတဲ့ စိတ်ကို ချီးကျူးဂုဏ်ပြုပါတယ်ခင်ဗျာ။ ဒီကိစ္စအတွက်တော့ စိတ်မပူပါနဲ့ခင်ဗျာ။ အခြား အကြံပြုလိုသည်များ ရှိခဲ့လျှင်လည်း လွတ်လပ်စွာ ရေးသားနိုင်ပါတယ်။ အလေးအနက်ထားပြီး ဖတ်ရှုမှာ ဖြစ်ပါတယ်။

Dr ds ကိုယ်တိုင်ဟာ အသင်းဝင်တစ်ဦး အနေနဲ့ ဒီဖိုရမ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါပြီ လို့ မြင်စေလိုပါတယ်။ ဒီဖိုရမ်ကြီးရဲ့ သွေးကြောတစ်ခု အဖြစ် လွတ်လပ်စွာ အမြဲရပ်တည်နိုင်ပါစေ လို့ ကျွန်တော် ကြယ်ပြာက စီမံအုပ်ချုပ်သူကိုယ်စား လေးစားစွာ ပြောကြားရင်း ဒီကိစ္စလေး နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
ကြယ်ပြာ
ကြယ်ပြာ
အုပ်ချုပ်သူ
အုပ်ချုပ်သူ

Posts : 10
Join date : 2010-06-05

Back to top Go down

ဖိုရမ် မှတ်ပုံတင်ခြင်း Empty Re: ဖိုရမ် မှတ်ပုံတင်ခြင်း

Post  Dr ds Fri Jun 18, 2010 9:35 pm

ယခုလို အသေးစိတ်သုံးသပ်ပြမှုအပေါ် များစွာ ကျေနပ်မိပါတယ်။ ဖိုရမ်တိုးတက်ရေးအတွက် အသင်းသားတစ်ဦးအနေဖြင့် အလျဉ်းသင့်သလို ကူညီသွားပါမည့်အကြောင်း လေးစားစွာ ပြန်ကြားအပ်ပါသည် ခင်ဗျား........
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ဖိုရမ် မှတ်ပုံတင်ခြင်း Empty Re: ဖိုရမ် မှတ်ပုံတင်ခြင်း

Post  Zike Fri Jun 18, 2010 10:15 pm

Dr ds wrote:ယခုလို အသေးစိတ်သုံးသပ်ပြမှုအပေါ် များစွာ ကျေနပ်မိပါတယ်။ ဖိုရမ်တိုးတက်ရေးအတွက် အသင်းသားတစ်ဦးအနေဖြင့် အလျဉ်းသင့်သလို ကူညီသွားပါမည့်အကြောင်း လေးစားစွာ ပြန်ကြားအပ်ပါသည် ခင်ဗျား........

အခုလိုပြောကြားတဲ့ ကိုDr ds ကိုကျေးဇူးတင်ပါတယ်ဗျာ
Zike
Zike
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 22
Join date : 2010-05-30

Back to top Go down

ဖိုရမ် မှတ်ပုံတင်ခြင်း Empty ရေးလက်စနဲ့ ရေးရဦးမယ်

Post  Dr ds Sun Jun 20, 2010 8:53 pm

မနေ့က ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့ G-talk ပြောရင်း သည် ဖိုရမ်အကြောင်း ပြောမိတော့ သူက သူမသိဘူးတဲ့။ အဲဒါနဲ့ ကျွန်တော် လင့်ခ်လေးတော့ ပေးလိုက်တယ်။ နောက်နေ့မှ သူအေးအေးဆေးဆေး ၀င်ကြည့်ဦးမယ်ဆိုပြီး ယူသွားပါတယ်။ ကျွန်တော်တစ်ခုစဉ်းစားမိတာက facebook တို့ ဘာတို့လို သူငယ်ချင်းတွေကို invite လုပ်လို့ရမယ့် tab လေးတွေ ထည့်ထားရင် ပိုအဆင်ပြေမလားလို့။(ဖိုရမ်ထဲမှာ ရှိပြီးဖြစ်ကာ ကျွန်တော်မသိသေးတာဆိုရင်လည်း ပြောပြပါဦး) ကိုယ့်G-talk ထဲမှာ ရှိနေတဲ့သူတွေကို အားလုံး invite လုပ်လို့ရတာပေါ့။ (ဖိုရမ်အစပိုင်း အရှိန်ယူနေစဉ်ကာလ အတွက် ပြောတာပါ)။ မင်ဘာဝင်များလာမှ ဖိုရမ်လဲ ပိုစည်လာမှာ မဟုတ်လား။...........
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

ဖိုရမ် မှတ်ပုံတင်ခြင်း Empty Re: ဖိုရမ် မှတ်ပုံတင်ခြင်း

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum