မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

သုညတစ်လုံးနှင့်ပတ်သက်၍

3 posters

Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty သုညတစ်လုံးနှင့်ပတ်သက်၍

Post  SOME-ONE Tue Jul 06, 2010 10:36 pm

သုည တစ်လုံးနှင့် ပတ်သက်၍



သုညတစ်လုံးနှင့်ပတ်သက်၍ 6c55d26f3a47e73d790b24fcc45165f0



- ငြင်းခုန်ရန်မဟုတ်ပါ မျှဝေခံစားရန်သာ ( Admin ရဲ့ ကြေငြာချက်အရ ) -





- a -

သုည

သုညတစ်လုံးဖြစ်တည်ရန် လိုအပ်သော အချိန်
SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty - a - 1 - သုည

Post  SOME-ONE Tue Jul 06, 2010 10:43 pm

- a - 1 - သုည



o is not equal to ' nothing '

သုည ဆိုတာ ဘာမှမရှိခြင်း မဟုတ်ဘူး။

o is something !

သုည က တစ်ခုခုရှိခြင်းလို့ အဓိပ္ပါယ်ရတယ် ။

ဟုတ်တယ် တစ်ခုခုကို ရှိနေတယ်။
SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty - a - 2 - သုညတစ်လုံးဖြစ်တည်ရန် လိုအပ်သောအချိန်

Post  SOME-ONE Thu Jul 08, 2010 10:49 am

- a - 2 - သုညတစ်လုံးဖြစ်တည်ရန် လိုအပ်သောအချိန်



သုည တစ်လုံးအတွက် အချိန်များများမလိုအပ်ပေ။

သိုသော် ထို သုည၏ နက်ရှိုင်းမှု ဒီဂရီအား သိရန်သည် လွန်စွာရှည်လျားသော အခိုက်အတန့်ဖြစ်ရာ၏။

တစ်ခုခုရှိကိုရှိနေသည့် ထို သုည၏ ဘ၀ ထိုသုည၏ အလှကို မြင်အောင် ခံစားကြည့်တန်သည်။

ကြည့်ထိုက်လှပေသည်။




ကျွန်တော်တို့၏ မျက်တောင်မွှေးများအောက်တွင် မသိလိုက်မသိဘာသာ ၀ှက်ထားသော သုညပေါင်း မြောက်များစွာ

ခိုဝင်တွယ်ညိနေသည်။

များစွာ .. များ ... စွာ သော သုညတို့သည် တန်ဘိုးသတ်မှတ်စရာမလိုပဲ တန်ဘိုးပိုင်ဆိုင်ထားကြစမြဲဖြစ်သည်။



သုည သည် zero မဟုတ်။

သုည သည် သရေးတစ်ချောင်းငင် - သု / ည ရေး - ည ( သုည ) ဟု အမည်ပိုင်ဆိုင်ထားသော

တန်ဘိုးရှိအရာတစ်ခုပင်။





ကျွန်တော်တို့၏ စိတ်အစဉ်တွင် သုညများ ကြီးစိုးသွားလျှင် ကျွန်တော်တို့သည် လွန်စွာမှ တန်ဘိုးကြီးမားသော ပစ္စည်း

ပစ္စယ

တစ်ခုကို လက်ဝယ်ပိုင်ပိုင်ရရှိခြင်းမျိုးထက် သာလွန်ကောင်းမွန်သော အပျော့ထည် တစ်ခုကို ရရှိမည်။


ထိုအခါ အရာအားလုံးတို့ကို ကျော်ဖြတ်ရန် ခွန်အားများ မသိမသာတိုးပွားလာလိမ့်မည်။



ထိုကဲ့သိုသောအချိန်သို့ရောက်ရန် လိုအပ်သောအချိန်သည် သုည၏ ပကတိတန်ဘိုးကို နားလည်မည်ဖြစ်သော ကြာချိန်နှင့်

တူညီလိမ့်မည်။




SOME-ONE


MYANMARFINDTALK.NET FORUM
SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty - b -

Post  SOME-ONE Thu Jul 08, 2010 10:53 am

- b -


သုည နှင့် အခြားဂဏန်းများယှဉ်ခြင်း


သုညများ အသွင်ပြောင်းခြင်း


ဆက်မည်။
SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty Re: သုညတစ်လုံးနှင့်ပတ်သက်၍

Post  အဂျဲ Thu Jul 08, 2010 2:00 pm

သုည တစ်လုံးနဲ့ ပတ်သက်ပြီး အတွေးအမြင်တွေကို လက်လှမ်းမမီပေမယ့်၊ ကြိုးစားပြီး နားလည်အောင် ဖတ်ရှုအားပေးနေပါတယ်။

အခုလို စိတ်ရော ကိုယ်ရော နှစ်ပြီး မြန်မာဖိုင်းတော့ခ်နက် မှာ အတွေးအမြင် စာတွေ ကို ရေးသား မျှဝေပေးတဲ့အတွက် မြန်မာ ဖိုင်းတော့ခ်နက် ကို ကိုယ်စားပြုပြီး ကျေးဇူးတင်စကား ပြောပါရစေ။

ဆက်လက်ရေးသားမျှဝေပေးမယ့် ... သုည နှင့် အခြားဂဏန်းများယှဉ်ခြင်း သုညများ
အသွင်ပြောင်းခြ
င်း


ဆိုတဲ့ ခေါင်းစဉ်ခွဲများကိုလည်း မျှော်လင့် ကြိုဆိုလျှက် ရှိပါတယ်။


အဂျဲ

မြန်မာဖိုင်းတော့ခ်နက်
အဂျဲ
အဂျဲ
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 14
Join date : 2010-05-25
Location : ကောင်းကင်အောက်

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty - b - 1 - သုညနှင့် အခြားဂဏန်းများ ယှဉ်ခြင်း

Post  SOME-ONE Thu Jul 08, 2010 9:00 pm

- b - 1 - သုညနှင့် အခြားဂဏန်းများ ယှဉ်ခြင်း

နှိုင်းယှဉ်သင့်သော / နှိုင်းယှဉ်မိနေသောအရာတို့သည် မတူညီသော တူညီခြင်းမရှိသော အရာများသာ များသည်။


သုည , 1, 2, 3, 4, 5, 6, 7, 8, 9, သုည , 1, 2, ........, သုည , ............ etc...

1 မှ 9 အထိသည် သုညမဟုတ်သော အခြား အခြေခံကိန်းဂဏန်းများဖြစ်သည်။

ထို 1 မှ 9 အထိသည် မြင်လိုက်သည်နှင့် ပြစရာရှိစမြဲ။

၁ ကိုမြင်သည်။ လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သည်။

၂ ကိုမြင်သည်။ နှစ်ချောင်းထောင်ပြလိုက်သည်။

.....................................................

.................................

.................

.......

၉ ကိုမြင်သည်။ လက်ကိုးချောင်းထောင်ပြလိုက်ရုံ။

သုည ကိုမြင်လျှင်ရော ...

စဉ်းစားမိနေသည်။ သုညက တန်ဘိုးမဲ့တယ်လေလို့များ ပိုးစိုးပက်စက် လက်ခံနေကြမည်လား။



- b - 1 - I

အပြည့်သဘော သုည၏ တန်ဘိုး


၁သုည = ၁၀ ( တစ်ဆယ် တိတိ )

၁ကိုး = ၁၉ ( တစ်ဆယ်လောက် မတိကျ )

၁၂ကိုး = ၁၂၉ ( တစ်ရာနှစ်ဆယ့်ကိုး )

၁၂သုည = ၁၂၀ ( တစ်ရာ့နှစ်ဆယ် )

အတိဖြစ်ခြင်းသဘောဆောင်သော သုည၏ အသွင်သဏ္ဍာန်များဖြစ်သည် ထင်မိသည်။


- b - 1 - II

အလွယ်တကူခွဲထုတ် ဖြန့်ကျက် / ခွဲဝေ ချဲ့ကား ဝေမျှနိုင်စွမ်း

၁၉ = ၁၉ x ၁

၁၀ = ၁၀ x ၁ = ၅ x ၂

၂၆ = ၂၆ x ၁ = ၁၃ x ၂

၂၀ = ၂၀ x ၁ = ၁၀ x ၂ = ၅ x ၎

သုည၏ ပျော့ပြောင်းမှုကို ဤကဲ့သို့ မြင်မိပါသည်။


- b - 1 - III

သုည၏ စိတ်နေသဘောထားတစ်ချို့

20 = 1

222
0 = 1

2222
0 = 1

222222
0 = 1

zzzooohhhk
0 = 1

SOME-ONE
0 = 1

mkn
0= 1

တူညီမှု ( 1 ) အားစုစည်းစေသော ဂုဏ်ရည်ကိုပြသည်။

ယုတ်စွအဆုံး ...

ကိုယ်တိုင်ပင် မညှာမတာညှိယူတတ်သော ဘက်မလိုက်သည့် သဘော

( သုည )
0 = 1


SOME-ONE
Myanmarfindtalk.net Forum
SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty - b - 2 - သုညများအသွင်ပြောင်းခြင်း

Post  SOME-ONE Thu Jul 08, 2010 9:16 pm

- b - 2 - သုညများအသွင်ပြောင်းခြင်း

ပြောင်းလဲတတ်သော လောကသဘာဝသဘောအရ သုညများလည်း ပြောင်းလဲကြသည်။

ပုံသဏ္ဍာန်အရ ကွာခြားမှုသိပ်ရှိမည်အံ့မထင်။

သို့သော် တန်ဘိုး ... အတိအကျပင်ပြောင်းလဲသွားသည်။

သုည မှ ၀လုံး ဖြစ်သွားလျှင် ထိုအရာသည် ပုံသဏ္ဍာန်တူသော်လည်း သုညကဲ့သို့ တန်ဘိုးရှိမည်မဟုတ်တော့။

သုည မှ အို o ဖြစ်သွားပါကလည်း အင်္ဂလိပ်အက္ခရာ တစ်ခုအဖြစ်သာလျှင် မြင်နိုင်ပေတော့မည်။

ပကတိ အငြိမ်တန်ဘိုးရှိသော သုည များနှင့်အသွင်တူသော in သုည များသာလျှင် ဖြစ်သည်။


“ တန်ဘိုးရှိသော သုညများကို ဆုပ်ကိုင်ကြဖို့လွန်စွာလိုအပ်လှသည်ထက်

အသွင်မပြောင်းသော သုညများကို ဆုပ်ကိုင်နိုင်ရေးသည် သာ၍ လိုအပ်သည်။ ”


SOME-ONE
Myanmarfindtalk.net Forum
SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty သုည အတွေး - I

Post  SOME-ONE Fri Jul 09, 2010 2:21 pm



သုည အတွေး -
I

စိတ်အား သုည အထိရောက်အောင် တိုးလိုက်သည်။

စိတ်သည် မည်သည့်အရာကိုမျှ မလိုချင်လောက်အောင် ဖြစ်သွားသည်။
ပြည့်စုံသွား၍ မလိုချင်တော့ခြင်းမဟုတ်။
မလိုအပ်ခြင်း ( ခဏတာ လိုအပ်ခြင်း ) အားသိမြင်လာသလိုဖြစ်သည်။

ထိုအခါ စိတ်၏ သာယာခြင်းကို ဖြစ်စေသည်။

အရာရာကို လိုချင်လျှင်တတ်နိုင်သည်ဟုလည်း ထင်မြင်လာလောက်အောင် Power များရလာသည်။
ထို Power များကို လောကဓံအား ကုစားစရာ ဆေးများအဖြစ် အသုံးပြုသည်။
ပြီးပြည့်စုံစွာ အောင်မြင်ရသည်။

ထိုအခါ စိတ်၏ သာယာခြင်းကိုဖြစ်စေသည်။


SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty သုညအတွေး - II

Post  SOME-ONE Fri Jul 09, 2010 2:42 pm




သုညအတွေး - II


အရာရာကို သုညဖြင့်ယှဉ်လိုက်ပါ။


သင် အသက်တမျှ အရေးကြီးသည်ဟုထင်နေသော ဗာဟီရ ကိစ္စအ၀၀ ၊
သင် မဖြစ်ဘူး/ဖြစ်လို့မရဘူး ဟု မြင်နေသော လုပ်ငန်းကိုင်ငန်းများ ၊
သင် ဆုပ်ကိုင်ထားသော အယူဝါဒများ ၊
သင် လှမ်းလျှောက်နေသော ဘ၀ခံယူချက်လမ်းမများ ၊
သင် မဆုတ်မနစ်ကြိုးစားနေသော အောင်မြင်မှုပန်းတိုင်များ ၊
သင် လိုချင်တပ်မက်နေသော ရာဂယှဉ် စဉ်းစိမ်များ ၊
သင် နှင့် သင်တို့ လိုချင်နေကြသော နိဗ္ဗာန် ဟူသည့် အရာရာငြိမ်းချမ်းခြင်း အဆုံး၊

နောက်ဆုံး ...

သင် ... ကိုယ်တိုင်ပင်လျှင် ယှဉ်ကြည့်လိုက်ပါလေ။

ထိုအခါ ...



ထို့နောက် ...

သုည၏ အရောင် အဆင်း အနံ့တို့အား တို့ထိခံစားကြည့်ပါ။
အသေအချာ လက်/နှလုံးအိမ် တို့နှင့် တို့ထိခံစားကြည့်လိုက်ပါ။



မည်မျှ အေးဆေးလိုက်ပါသနည်း ။


SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty Re: သုညတစ်လုံးနှင့်ပတ်သက်၍

Post  mkn Sat Jul 10, 2010 11:16 am

သုည အကြောင်းကို အကျယ်တ၀င့် ဖွင့်ဆို ရှင်းလင်း နေတာကို ဖတ်ရတဲ့ အခါ ... တစ်ချိန်က Zero (အင်္ဂလိပ်လို သုည ကို ခေါ်ဝေါ်ခြင်း ... ) ဟူသော နစ်ခ် လေးကို အမှတ်ရမိတယ်။

သုည အကြောင်း Some one လောက် စေ့စေ့စပ်စပ် မတွေးမိဖူးခဲ့ဘဲ အဲ့ဒီ Zero ဆိုတဲ့ နာမည်ကို ယူ ခဲ့မိလို့ ကိုယ့်ကိုယ်ကို နည်းနည်းတောင် ရှက်ရွံ့မိတယ်။ အဟီး

သုည အကြောင်း စုံစီနဖာ ရေးသားတင်ပြပုံလေးတွေကို တစ်ကယ်ပဲ နှစ်ခြိုက်မိပါတယ်။

အားပေးလျှက် -

မိုးခက်နွယ်
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty သုညအတွေး - III

Post  SOME-ONE Sat Jul 10, 2010 1:55 pm



သုညအတွေး - III

အစားထိုးခံစားချက်များနှင့် သုည

တစ်စုံတစ်ရာခံစားစူးရှမိသည်ဆိုပါစို့ ... ( တစ်စုံတစ်ရာ ရှုံးနိမ့်ဖူးသည်ဆိုပါစို့ )

နာကျင်မှုများ ၊ အလိုမကျမှုများ ၊ ဝေခွဲဆုံးဖြတ်ရမှုများ ၊ အစအစသော ... ခံစားမှုအရိပ်မည်းတို့ ယှက်သန်းကြစမြဲ။
ထိုအရိပ်တို့သည် နောင်အနာဂါတ်လမ်းများအထိ လိုက်ပါငြိတွယ်နေတတ်ဆဲ။ လိုက်ပါငြိတွယ်နေကြဆဲ ...။
လိုက်ပါ နှောက်ယှက်ခြင်းပေးသလို၊ စိတ်ဓါတ်အဟုန်တို့အား ကမ္ဘာ့ဆွဲအားနှင့် လားရာတူစွာသော နေရာအရပ်ဆီသို့ အတင်း/
တဖြည်းဖြည်း ဆွဲချတတ်ကြစမြဲ။


တစ်စုံတစ်ရာကို ထပ်မံခံစားစူးရှဖို့ ကြိုးစားကြည့်တယ် ...

တစ်ခုတည်းသော ငြိမ်ဆိတ်မှုပေးနိုင်သည့်သူမှာ သုည ဖြစ်သည်။
သုညနှင့် ကစားသည်။
သုညနှင့် စကားပြောကြည့်သည်။
သုညနှင့် ယှဉ်ကြည့်လိုက်သည်။
သုညနှင့် ထမင်းပင်လက်စုံစားလိုက်သေးသည်။

သုည၏ အားအင်တို့ကို ရရှိလိုက်သည်လား ...
သုည၏ Infinity Limitation ( မကုန်ဆုံးနိုင်သော အကန့်အသတ်သဘော ) အား သိရှိလိုက်ရသည်လား ...
သုည၏ ရောင့်ရဲနိုင်မှုအရိပ်အယောင်များပင် ခိုဝင်ယှက်သန်းလာလေသလား ...
သုည၏ မျှော်လင့်ချက်မထားတတ်သော အကျင့်စရိုက်တစ်ခု စိတ်မှာ ကိန်းအောင်းလာနေသည်လား ...
သုည၏ အပြည့်သဘော / အတိဖြစ်ခြင်းသဘော /
ဖြန့်ကားနိုင်ခြင်းသဘော / ပျော့ပျောင်းမှုသဘောတို့ သည်ပင် ကူးစက်တတ်သည်လား ...

အိုး ...

နာကျင်မှုများ ၊ အလိုမကျမှုများ ၊ ဝေခွဲဆုံးဖြတ်ရမှုများ
၊ အစအစသော ... ခံစားမှုအရိပ်မည်းတို့ ...

အထိုက်အလျောက်သက်သာသွားပါလား ။

SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty သုညအတွေး - IV

Post  SOME-ONE Sat Jul 10, 2010 3:36 pm

သုညအတွေး - IV

အိမ်အိုဟောင်း နှင့် ရောင့်ရဲနိုင်ခြင်း သဘော (
Death & Zero )

အိမ်အိုဟောင်းကြီး ကို မေ့နေကြပြီထင်တယ်။ Death လေ ... ။
ကျွန်တော်တို့ အိမ်ပြန်ဖို့ မသိမသာလေး ကြိုးစားနေကြတယ်ဆိုတာ သတိချပ်ကြည့်စမ်းပါဗျာ။
မနက်အိပ်ယာထတယ် ...


  • စားလိုက်

  • အိပ်လိုက်

  • ပျင်းလိုက်
  • ပျော်လိုက်
  • ငိုလိုက်
  • ရယ်လိုက်
  • ငြင်းလိုက်
  • ကျေလည်လိုက်
  • ချစ်လိုက်
  • မုန်းလိုက်
  • တိုးလိုက်
  • ဆုတ်လိုက်
ပြီးတော့လည်း ဘာမှမဟုတ်သလို / ပါ ဘူး ... ။
တစ်နေ့တစ်နေ့ အသက်တွေတာ တစ်ရက်ပြီးတစ်ရက်ကြီးသွားတယ် ... ။
သေခြင်းနဲ့ တစ်ရက်ပိုပိုနီးလာတယ်လို့ ဖြည့်တွေးလိုက်စမ်းပါ ။

ရောင့်ရဲနိုင်မှုလေး ကို ကိုးစားပြီး သေခြင်းတရားဆီကိုတရွေ့ရွေ့သွားနေတဲ့ ခြေလှမ်းတွေကို ပြင်လှမ်းလိုက်စမ်းပါ။
နည်းနည်းလောက် နှေးဖို့ မဖြစ်နိုင်ပေမဲ့ ရောင့်ရဲမှုနဲ့ သေခြင်းဆီကို တိုးသွားလိုက်ပါ။

စိတ်ထဲမှာ သေခြင်းဆီကို တိုးသွားတယ်လို့ သာ မြင်ကြည့်လိုက်ပါဦး ။

လိုအပ်လာမှာ ရောင့်ရဲခြင်း သုည ကိုပါပဲ ... ။


ခင်ဗျားတို့ အပူအပင်တွေကို သုညဆီမှာ ထားခဲ့လိုက်စမ်းပါဗျာ ... ။
ပြီးတော့ ကျွန်တော်တို့ အိမ်အိုကြီးဆီကို အတူတူ ရဲရဲဝံ့ဝံ့လှမ်းကြရအောင်ဗျာ ... ။


SOME-ONE
MYANMARFINDTALK.NET FORUM
SOME-ONE
SOME-ONE
လေ့လာသူ
လေ့လာသူ

Posts : 11
Join date : 2010-07-06
Location : ယခု သည်နေရာ

Back to top Go down

သုညတစ်လုံးနှင့်ပတ်သက်၍ Empty Re: သုညတစ်လုံးနှင့်ပတ်သက်၍

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum