မြန်မာဖိုင်းဒ်တော့ခ်နက်

ငါ ဖတ် ဖို့ ငါ ရေး တဲ့ ငါ့ စာ ...

Go down

ငါ ဖတ် ဖို့ ငါ ရေး တဲ့ ငါ့ စာ ...

Post  ဆိုင်မွန် on Thu Jul 01, 2010 9:22 pm

ငါ ဖတ် ဖို့ ငါ ရေး တဲ့ ငါ့ စာ ...


ရေးချင်တာတွေ လျှောက်ရေးမည်....



Last edited by ဆိုင်မွန် on Thu Jul 01, 2010 9:29 pm; edited 1 time in total
avatar
ဆိုင်မွန်
လေ့လာသူ
လေ့လာသူ

Posts : 8
Join date : 2010-05-25

View user profile

Back to top Go down

အတုအယောင်များနှင့် နှစ်ပါးသွား ...

Post  ဆိုင်မွန် on Sun Jul 25, 2010 9:02 pm

မမျှတဘူး။

ပေါ့ပျက်ပျက် ....
သစ္စာမရှိတဲ့ ရည်းစားတစ်ယောက်ရဲ့ ထားခဲ့ခြင်းမှာ တွေဝေ ကြေကွဲနေမိတယ် ၊၊ စိတ်ပြေလက်ပျောက် အခန်းလေးထဲမှာ ကိုရီးယားကား ဖွင့်ကြည့်မိပြန်တော့လည်း ၊၊

ဇာတ်ညွှန်းအရ ....
လှိုင်းလူးနေတဲ့ ကန်ရေပြင်ရယ် ကြွေကျနေတဲ့ သစ်ရွက်ကလေးတွေရယ် ညဥ့်ငှက် တစ်ကောင်တစ်လေတောင် မရှိဘူး ၊ လရောင်ပါးပါးအောက်မှာ မင်းသမီးက တစ်ယောက်တည်း အသည်းကွဲပြတယ် ၊၊

ငါ က ....
အခန်းကျဉ်းလေးထဲ ဖုံ မခါဖြစ်တဲ့ စာအုပ်ပုံတွေရယ် ကုတင်ခြေရင်းက ကြိုးပြတ်နေတဲ့ ဂစ်တာအိုလေးရယ် မေ့ပျောက်ထားတဲ့ သတိတရရှိမှုတွေ ၊ ၀ါဖန့်ဖန့် မီးလုံးလေးအောက်မှာ အထီးကျန်ဆန်ဆန် လိုက်လံ ၀မ်းနည်းရတယ် ၊၊

အဆင်မပြေလိုက်ပုံများ ....
တစ်ကယ့်အစစ်မှာ ၊ ( ရိုက်ကွင်းထဲမှာ ) ဒါရိုက်တာ၊ ကင်မရာသမား မီးထိုး မီးပြ ... လူတွေ လူတွေ သူ့ဘေးမှာ ရှိနေသေးရဲ့ ၊၊

ငါ့ အ နား မှာ တော့ ....
.......ဘ.ယ.်..............
...သ.ူ.............မ.ှ......
..........မ............ှရ.ိ.၊၊

ပြုံး လိုက် မိ တယ် ၊၊
အကျိုး - အကြောင်းမဲ့ စိတ်ဆိုး မာန်မဲမှုတွေ တိမ်ခိုးလို ငွေ့ငွေ့လေး လွင့်ပျယ် သွားပါစေသား ၊၊ ခ၀ါချထားတဲ့ မာန တွေနဲ့ ကျိုးနွံသေ၀ပ်စွာ ... အရှုံးပေးပြဖို့လည်း သတ္တိ မရှိပြန်ဘူး .... တဲ့ ၊၊

မှတ်မှတ်ရရပါပဲ ...
ဒူးမထောက်ခဲ့သူ [s]( ဟောဒီက )[/s] လူ့အန္ဓ ရဲ့ ရင်ဝ မှာ မင်း ရဲ့ ခြေရာ တစ်စုံ ရှိနေမယ် ၊ ..ေ.သ..ခ..ျ..ာ.၀.ာ.ယ..် ၊၊

မမျှတဘူး ။
avatar
ဆိုင်မွန်
လေ့လာသူ
လေ့လာသူ

Posts : 8
Join date : 2010-05-25

View user profile

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum