မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

ဘောင် တွေ ကို ကျော ခိုင်း ခဲ့ သူ ...

Go down

ဘောင် တွေ ကို ကျော ခိုင်း ခဲ့ သူ ... Empty ဘောင် တွေ ကို ကျော ခိုင်း ခဲ့ သူ ...

Post  mkn Thu Jun 03, 2010 12:28 pm

မိုးခက်နွယ်ရဲ့ တစ်သီးပုဂ္ဂလ အနေဖြင့် ဘာသာမဲ့ ဖွင့်ဆိုချက်များ ဖြစ်ပါသည်။


လောကမှာ ဘောင်ခတ်၍ နေကြသူ များ

ဝန်ခံချက် : ဖော်ပြပါ ဖွင့်ဆိုချက် စကားစု နှင့် တွေးလုံးများ သည် ပြီးပြည့်စုံသော အရာများ မဟုတ်ပါ။ လွတ်လပ်စွာ တွေးခေါ်ကြည့်သည့် ရှုမြင်ချက် point of view တစ်ခုသာ ဖြစ်ကောင်း ဖြစ်နိုင်ပါမည်။

"လူသားတွေ အားလုံးနီးပါး ဟာ လွတ်လပ်မှုကို တက်မက်ကြတယ်။ မြတ်နိုးကြတယ်။ လွတ်လပ်စွာ ရှင်သန်လိုစိတ် ရှိကြတယ်။ ဒါကြောင့် လွတ်လပ်မှုကို ဖွေရှာဖို့ အယူဝါဒ အတွေးအခေါ်တွေကို ချမှတ် ထူထောင်ရင်း၊ သို့မဟုတ် ရှိပြီးသား အယူဝါဒ အတွေးအခေါ်တွေဆီမှာ ခိုလှုံရင်းနဲ့ လူသားတွေဟာ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ပစ်လိုက်ကြတယ်။ လွတ်မြောက်ဖို့ကြိုးစားရင်း လွတ်လပ်မှုကို အဆုံးစီရင် ပစ်လိုက်ကြတယ်...."
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

ဘောင် တွေ ကို ကျော ခိုင်း ခဲ့ သူ ... Empty ဘောင် တွေ ကို ကျော ခိုင်း ခဲ့ သူ ...

Post  mkn Thu Jun 03, 2010 12:32 pm

လူသားတွေဟာ ဘောင်တစ်ခုထဲမှာ ပိတ်လှောင်မိနေမှသာ နေပျော် လာကြတယ်။

လုံခြုံမှု နဲ့ သက်တောင့်သက်သာ ရှိမှုကို ခံတွင်းတွေ့လာကြတယ်။ ကိုယ့်ကိုယ့်ကိုယ် ကာရံ ပိတ်ဆီးထားတဲ့ ဘောင်တွေရဲ့ နံရံတံတိုင်းတွေကို နှစ်သက်ဖွယ်ရာ အရောင်တွေ ခြယ်သရင်း မိမိကိုယ်ကိုယ် မိမိ အကျဉ်းစံ အဖြစ် မွေ့ပျော် လာကြတယ်။ လှည့်စားမှုတွေရဲ့ ကြားမှာ မိမိကိုယ်ကိုယ် ပိရိသေသပ်စွာ လှည့်ဖျားရင်း၊ ဆုပ်ကိုင်မိထားတဲ့ ဘ၀ရဲ့ အဓိပ္ပါယ် တစ်ပိုင်းတစ်စလေး ကိုပဲ ပြီးပြည့်စုံတဲ့ အဓိပ္ပါယ်တစ်ခုလို ကိုးစား လာကြတယ်။ ဒီလိုနဲ့ လူတွေဟာ လူသားဂုဏ်ရည် လျောကျသွားရပါတယ်။

ခိုင်မာ ပြည့်စုံလွန်းသည် ဟု ယူဆသော အယူဝါဒအောက်တွင် ခိုလှုံနေသော ၀ါဒီ သည် မိမိကိုယ်ကိုယ် မိမိ လုံလောက်စွာ ဘောင်ခတ်ပစ် လိုက်ခြင်းပင် ဖြစ်သည်။ မိမိ၏ လူသားတန်ဘိုးနှင့် လူသားဂုဏ်ရည်ကို အဆုံးစီရင် ပစ်လိုက်ခြင်းပင်ဖြစ်သည်။

ဤသို့သော မိုးခက်နွယ်ရဲ့ အတွေးစများ၊ မပီသသော အယူအဆများကို အခြေပြုလျှက် မိုးခက်နွယ် သည် လွတ်လပ်သော သူ ------- ဘုရားမဲ့ ------ ဘာသာမဲ့ တစ်ယောက် အဖြစ် မိမိကိုယ်ကိုယ်မိမိ ဖန်တီးခဲ့ ပါတော့သည်။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum