မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

စကားလုံးများဖြင့် ကခုန်ခြင်း

4 posters

Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty စကားလုံးများဖြင့် ကခုန်ခြင်း

Post  mkn Tue May 25, 2010 10:44 am

ကစဥ့်ကလျား.....

တိမ်လို လေလို...
ကပိုကရို ပေါ့ပေါ့ပါးပါး....
ခေတ်ဆိုတာလည်း နေသားတကျ စီးမျောတတ်ရင်...
ပျော်စရာ အကောင်းသား....
အကောင်းစားတွေနဲ့... အိပ်မက်နှစ်စင်းခြားနေတဲ့...ည ပျော်လိုက်ကြ..
မြူးလိုက်ကြ.....လုံလောက်စွာ ရူးသွပ်ပစ်ကြ... စိတ်ကူးသစ်တွေ
စနစ်တကျ မွေးမြူနေရင်း.... လေဘေးဆိုင်မှာ
မနက်ဖြန်တွေကို ဖောဖောသီသီဝယ်ယူလိုက်ကြ.... ပလက်ဖောင်းဘေးမှာ
ရာသီပေါ်အတွေးအခေါ်တွေ ဈေးကောင်းနေခိုက်.... ရိုးသားမှုနဲ့
ရိုးမြေကျ ပေါင်းဖက်ခွင့်လည်း လွဲခဲ့ရ...နေ၀င်လိုက်..
မိုးသောက်လိုက်၊ လူတွေလို ကောက်ကျစ်ရင်း...လူကြားမှာ ကျပျောက်သွား...
ဒါမှမဟုတ်...
ထုပ်ပိုးထားတဲ့ လုပ်ကြံမှုမှန်သမျှကို ဆေးရောင်ခြယ်သ...
လူလိုအယောင်ဆောင် နေခဲ့ရ၊
လူလိုအယောင်ဆောင် သေခဲ့ကြ...လူတွေက လူတွေကို မှတ်တမ်းတင်ထားကြ...
မေ့ပျောက်ပစ်ကြ၊ ဘာအရေးလဲ... ဓားအိမ်ထဲက လရောင်တွေ ခမ်းသွားတဲ့အခါ....
ရင်ဘတ်တစ်ခြမ်းနဲ့ ကြားနာခဲ့ဖူးသမျှ.... အရာအားလုံးဟာလည်း
ရွှေအိုရောင် ပုံပြင်တွေ ဖြစ်သွားကြပေါ့။ ။



မိုးခက်နွယ်


April 24, 2010


Last edited by mkn on Tue May 25, 2010 10:53 am; edited 1 time in total
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty Re: စကားလုံးများဖြင့် ကခုန်ခြင်း

Post  mkn Tue May 25, 2010 10:46 am


ကာလသုံးပါး နှင့် လူ

မနက်ဖြန်တွေအကြောင်း ငေးရင်း.. မျှော်ရင်း...
စိတ်ကူး နဲ့ ဆွတ်ခြွေခဲ့ ကြယ်ပွင့်များ...
မနက်ဖြန်ထဲမှာ မနက်ဖြန်တွေ ဖောသီ ဝေဆာ။

မနေ့ကတွေအကြောင်း တွေးရင်း... ခေါ်ရင်း...
နောင်တနဲ့ ဖတ်ကြားခဲ့ သင်္ခန်းစာများ....
မနေ့ကထဲမှာ မနေ့ကတွေ တောင်ပုံ ရာပုံ။

ဒီလိုနဲ့၊
ဒီနေ့... ဟာ ဒီနေ့နဲ့ ရင်လွဲနေတော့....
လေးသည်တော်ဟာ လေးညှို့တင်နေဆဲ....
ဒီနေ့ထဲမှာ ဒီနေ့ဟာ ကျပျောက်သွားခဲ့။



မိုးခက်နွယ်


May 06, 2010


Last edited by mkn on Tue May 25, 2010 11:03 am; edited 2 times in total
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty Re: စကားလုံးများဖြင့် ကခုန်ခြင်း

Post  mkn Tue May 25, 2010 10:51 am


နွားရိုင်းသွင်းချိန်....


ပျင်းပျင်းနဲ့
ပြတင်းတံခါးကို ဆွဲဖွင့်လိုက်တော့
လေညင်း ပါးပါးလေးထဲမှာ
သေဆုံးခြင်း တေးသွားတစ်ပိုဒ်
ညနေခင်း ဟာ ကော်ဖီခါးခါးကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်တယ်။



မိုးခက်နွယ်


May 18, 2010


Last edited by mkn on Tue May 25, 2010 10:59 am; edited 1 time in total
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty Re: စကားလုံးများဖြင့် ကခုန်ခြင်း

Post  mkn Tue May 25, 2010 10:55 am


မျက်နှာမွဲ ကဗျာဆရာ...


နေ့တဓူဝ ခံစားမှုတွေ သစ် သစ် လာ
ထုဆစ်ရာ ပုံကြမ်းတွေ ပုံ ပုံ လာ
စကားလုံးတွေကတော့ ဟောင်း ဟောင်း လာ ပြီး
မျက်နှာမွဲ ကဗျာဆရာ
နေ့ဖို့ညစာ ၀ါကျတွေ ရှားပြီးရင်း ရှားပါးလာ။

အထပ်ထပ်အခါခါ သုံးစွဲလာခဲ့ပြီမို့
စကားလုံးတွေ တစ်လုံးပြီး တစ်လုံး
ဝါကျတွေ တစ်ကြောင်းပြီးတစ်ကြောင်း
အက်ကြောင်းထပ် ဟောင်းနွမ်းသွားခဲ့ပြီ။

ဟောကြည့်.. အခုတောင် စာလုံးတွေ ထပ်ကုန်ပြီ။

ဒါနဲ့တောင်....
မနက်ခင်းလေပြည်ထဲက ငှက်တစ်ကောင်ရဲ့ တေးသွားကို မျှားချင်သေးတယ်။
ကော်ဖီခါးခါးတစ်ခွက်မှာ ဘ၀ ရဲ့ မျက်နှာစာတွေ ပုံဖော်ချင်သေးတယ်။
ခံစားမှုတွေ ရိုးတိုးရိပ်တိတ်လှုပ်ခတ်မှုနောက်က မုဆိုး လည်း ဖြစ်ချင်သေးတယ်။
တစ်ခါတစ်ခါ သိမ်းထုတ်ထားတဲ့ ဒုက္ခတွေကိုလည်း လှစ်ဟ ပြချင်တယ်။
နေ့စွဲမမှန်တဲ့ အနမ်းတွေကိုလည်း တခမ်းတနား လွှင့်ထူလိုသေးတယ်။

အဲ့ဒီလို
ဖောဖောသီသီရနေတဲ့ လေ တွေကို တစ်ဝကြီး ရှိုက်ရှူရင်း
ကဗျာတွေနဲ့ ပျော်ပိုက်ချင်နေတဲ့
မျက်နှာမွဲကဗျာဆရာ..........
စကားလုံးတွေ ဘယ်လောက်ဟောင်းဟောင်း
ဝါကျတွေ ဘယ်လောက် ရှားရှား
အသုံးအနှုံးနဲ့ နိမိတ်ပုံတွေ ဘယ်လောက်ထပ်ထပ်
က..ဗ..ျ..ာ...
ဆက် ရေး နေ ဦး မှာ။

့သေချာတယ်....
ကဗျာကို ချစ်မြတ်နိုးတဲ့စိတ် ... နွမ်းဖတ် မသွားဘူး ဆိုတာ
ကဗျာရေးတဲ့ လက်.... ဘယ်တော့မှ သစ္စာ မဖျက်ဘူး ဆိုတာ။



မိုးခက်နွယ်


May 21, 2010
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty Re: စကားလုံးများဖြင့် ကခုန်ခြင်း

Post  mkn Tue May 25, 2010 10:57 am


နေထိုင်ခြင်း...


ကောင်းကင်မှာ တိမ်နဲ့ရေးတဲ့ ပန်းချီ
ပုံဆွဲစက္ကူကြမ်းပေါ်က ခဲခြစ်ရာ အရေးအကြောင်းများ...
ခမ်းနားခြင်းနဲ့ သိမ်ငယ်ခြင်း
စိတ်ကူးယဉ်ဆန်မှုနဲ့ လက်တွေ့ဆန်မှု
အိမ်မက် နဲ့ ဘဝ
ခေါင်းဝင် ကိုယ်ဆန့် ခဲ့သော အတွေးအခေါ်များ
လောကမှာ ခေါင်းလောင်းထိုးတော့မှ
လန့်နိုးခဲ့ရတဲ့ သွေးရိုးသားရိုး မှားခဲ့ခြင်းများ။



မိုးခက်နွယ်


May 19, 2010
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty Re: စကားလုံးများဖြင့် ကခုန်ခြင်း

Post  Admin Wed May 26, 2010 6:56 pm

ကိုမိုးခက်နွယ် ဆက်လက်ရေးသားနိုင်ပါစေ။ အားပေးလျှက်ပါ။

လေးစားစွာဖြင့် -

စီမံအုပ်ချုပ်သူ
မြန်မာဖိုင်းဒ်တော့ခ်နက် ဖိုရမ်
---------------------
Admin
Admin
Admin
Admin

Posts : 36
Join date : 2010-05-24
Location : ကမ္ဘာမြေ

https://myanmar.forumotion.net

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty Re: စကားလုံးများဖြင့် ကခုန်ခြင်း

Post  mkn Fri May 28, 2010 8:51 am

ကဗျာဆရာ သေသွားသည်..နောက်……


ကဗျာဆရာ သေသွားသည်..နောက်
ဘယ်သူတွေ ငိုမလဲ
ခမ်းသွားတဲ့ စမ်းရေ….
နွမ်းသွားတဲ့ ပန်းတွေ…..၊

ကူးတို့ဆိပ်မှာ နှင်းတွေဝေပြီလား
ဘယ်သူသိနိုင်တော့မလဲ
အချစ်တွေ၊ စစ်တွေ
အတင်းတွေ၊ သတင်းတွေ
အနမ်းတွေ၊ အလွမ်းတွေ
လမ်းပေါ်က ချွေးစို့နေတဲ့ ရေခဲရေ
နေ့တဓူဝ ရယ်သံ၊ ငိုသံများ
စပါးကြီးမြွေလို အိပ်ကပ်တွေ
ဓာတ်ဆီနံ့ထွက်နေတဲ့ ကြယ်များ
လိုင်းကားပေါ်က အကျင့်ပျက်လက်များ.........

ကျားကြီး အကြောင်း၊ ရှင်ကြီး ပုံပြင်
ညနေရီ ဆည်းဆာချိုချို
ကောင်းကင်ကိုမျိုထားတဲ့ ပင်လယ်ပြာ
တေးသီငှက်တို့ လျှာခင်များ
ဘီယာတွေနဲ့ ဗိုက်ပူနေတဲ့ မြို့ကလေး
ပြားနေလား၊ လုံးနေလား မသေချာတော့တဲ့ ကမ္ဘာကြီး
“ကဗျာ”လား မမြောက်သေးတဲ့ ကဗျာတွေ……
ကဗျာဆရာရဲ့
နောက်ဆုံးခရီးနဲ့အတူ ပါသွား..(လေမလား)

ကဗျာဆရာ သေသွားသည်..နောက်
ဘယ်သူတွေ ကြိုမလဲ
ကန်းနေတဲ့…..နေ့တွေ
ကန်းနေတဲ့….ညတွေ။



(မိုးခက်နွယ်)
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty Re: စကားလုံးများဖြင့် ကခုန်ခြင်း

Post  Zike Mon May 31, 2010 11:09 pm

အားပေးပါတယ်ခင်ဗျ နွားရိုင်းသွင်းချိန်ကဗျာလေးကိုသိပ်ပြီးမရှင်းဘူး
ညနေခင်းကိုဘယ်လိုအနက်ဖွင့်မလဲ ကော်ဖီကိုလည်းသောက်တယ်ဆိုတော့
အဟီးနားမလည်တော့ဘူး လိုက်မမီတော့ဘူးလေ
Zike
Zike
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 22
Join date : 2010-05-30

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty ဘာမှန်းမသိ ပို့စ်မော်ဒန်

Post  Dr ds Fri Jun 18, 2010 9:55 pm

ညီငယ် မိုးခက်.......
ဆက်လက် ရေးသားပါကွာ..
အစ်ကို့ ကင်မရာထဲမှာ မင်း နိဒါန်းတွေ
ထည့်လို့ CPU ထဲက memory နဲ့ ခံစားရင်း
ဆက်လက်အားပေးနေမှာပါ
တကယ်တော့ အစ်ကိုဟာလည်း
သမုဒ္ဒရာကြီး အောက်ထဲမှာ
တိတ်တိတ်လေး ပေါက်ကွဲနေတဲ့
မီးတောင်ငယ်တစ်ခုပါပဲ။
ဘယ်အချိန်ဘာတွေဖြစ်မယ် မသိပေမယ့်
အစ်ကိုဟာ ညီ စာရိုက်ရိုက်နေတဲ့
ကီးဘုတ် မြင့်မြင့်တစ်ခုလောက်မှ
ဖိုရမ်ကို မြှင့်တင်မပေးနိုင်တော့
သြော်......အသင်လောက
ငါ့အား...မေ့လိုက်ပါတော့........
Dr ds
Dr ds
လေ့လာသူ
လေ့လာသူ

Posts : 20
Join date : 2010-06-16
Location : သစ်တွေ မျစ်ချဉ်တွေ ပေါတဲ့မြို့။

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty ရပ်ဝေး....

Post  mkn Thu Jun 24, 2010 8:56 pm

ရပ်ဝေး

ဟိုးဆီမှာ.. မိုးတွေညို့လာတယ် ဆိုရင်တော့
အမေ မျှော်နေမယ့် ရွာထိပ်ကလမ်းလေးဆီ
ယောင်ယမ်းပြီး စိတ်ထဲကနေ အပြေးရောက်ခဲ့တယ်.. အမေ။

အဖန်တစ်ရာမကတဲ့ ဒဏ်ရာဗရဗွနဲ့ပဲ
မြို့ပြရဲ့ လူနံ့တွေကြားမှာ နေထိုင်ရင်း
ရွာက ယာတဲလေးကို တမ်းတမိတယ်.. အမေ။

ခေါင်းမော့ ရင်ကော့ပြီး ထွက်လာခဲ့တဲ့.. သားကို
ရွာလေးကရော သတိရနေမှာလား
ခေါင်းငိုက်စိုက်နဲ့ ဟောဒီက သားကတော့
အမေရော၊ ရွာလေးကိုရော လွမ်းနေမိတယ်..အမေ။

လူနဲ့လူတွေကြားမှ မြုပ်ချည် ပေါ်ချည်နဲ့
တစ်ခါတစ်ရံတော့ လူသားဆန်ဆန်ပဲ
အိမ်ပြန်ခဲ့ချင်တယ်.. အမေ။

ဟိုးဆီမှာ.. မိုးတွေညို့လာတယ် ဆိုရင်တော့
အမေ မျှော်နေမယ့် ရွာထိပ်ကလမ်းလေးဆီ
ယောင်ယမ်းပြီး စိတ်ထဲကနေ အပြေးရောက်ခဲ့တယ်.. အမေ။


မိုးခက်နွယ်
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty ကြယ်ငေးပွဲ

Post  mkn Mon Jul 05, 2010 5:09 pm

ကြယ်ငေးပွဲ


အိပ်မက်တွေ အပြိုင်းအရိုင်းနဲ့
အိပ်မောကျနေတဲ့ လောက
ဒီမှာတော့....
တစ်ယောက်တည်း အထီးကျန်နေသလိုလို။

လရောင် မရှိတဲ့ ည က
လိုအပ်တာထက် ပိုပြီး ဆိတ်ငြိမ်လွန်းတယ်။

သစ်ရွက်လေတိုးသံ မှ အပ
ညဥ့်ငှက်တစ်ကောင် တစ်လေတောင် မတွေ့ရဘူး။

မျှော်ငေးရာ ကောင်းကင်မှာ
ဖျိုးတိုးဖျောက်တောက် ကြယ်လေးတွေ။

မက်မက်စက်စက်ထိုင်ငေးနေရင်း...
ငါ ကိုယ်တိုင်ဟာ ကြယ်တစ်လုံး ဖြစ်လို့သွား။

ကြယ်တွေကြားမှာ ကြယ်တွေလို
ရုန်းကန် လင်း ဖျပ် ရင်း...
ကြယ်တွေနဲ့ ကြယ်တွေကြား ကြယ်တွေရဲ့ဘာသာစကားကို
ကြားနာခဲ့တယ်။

ကြယ်တစ်လုံးချင်းစီရဲ့ အတွင်းသားကို ဖတ်ကြားရင်း
ကြယ်တွေထဲမှာ ကြယ်မဟုတ်တာတွေကို မြင်လိုက်ရ။

ဟောကြည့်... ဟိုနားက ပြိုးပြိုးပြက်ပြက် လင်းနေတဲ့..
တစ်လုံးတည်းသော ကြယ် ထဲမှာ
အဖေတစ်ယောက်ရဲ့ အံခဲထားတဲ့ အပြုံးတွေကို တွေ့ရမယ်။

အရှေ့မြောက်စွန်းစွန်းက
မှိန်မှိန်ဖျဖျ ကြယ်အစုစုလေးတွေထဲမှာ
အမေရဲ့ မျှော်လင့်ချက်တွေကို ရှာတွေ့ခဲ့။

ဟိုနား.. ဒီနား.. နေရာတိုင်းမှာ
ကြယ်တွေ.. ကြယ်တွေ ... ကြယ်လေးတွေ...
မကြည့်ရဲတော့ဘူး......။

ဒါပေသိ ၀တ္တရားအရ
နောက်ဆုံး..ကြယ်တစ်လုံး
ကမာကောင်ကို ခွဲကြည့်သလို ကြည့်လိုက်တော့
....................
...........................
...........................။

သားတစ်ယောက်ရဲ့ လုံလုံလောက်လောက် အသုံးကျမှုတွေ အစီအရီ..
အဲ့ဒီကြယ်လေးထဲမှာ...
.............................
ဒါမှမဟုတ်
ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်နေမိတာ


မိုးခက်နွယ်
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty Re: စကားလုံးများဖြင့် ကခုန်ခြင်း

Post  Zike Wed Jul 07, 2010 5:07 pm

မက်မက်စက်စက်ကြယ်တစ်လုံးကိုငေးကြည့်ပီး ဆြာမိုးခက်ရေးထားသောကြယ်ငေးပွဲအား
ပက်ပက်စက်စက်ခံစားရင်းထပ်တူမဟုတ်ရင်တောင်အနီးစပ်ဆုံးခံစားသွားပါသည်......။ ။
Zike
Zike
ထိန်းသိမ်းသူ
ထိန်းသိမ်းသူ

Posts : 22
Join date : 2010-05-30

Back to top Go down

စကားလုံးများဖြင့် ကခုန်ခြင်း Empty Re: စကားလုံးများဖြင့် ကခုန်ခြင်း

Post  Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum