မြန်မာဖိုင်းဒ်တော့ခ်နက်


Join the forum, it's quick and easy

မြန်မာဖိုင်းဒ်တော့ခ်နက်
မြန်မာဖိုင်းဒ်တော့ခ်နက်
Would you like to react to this message? Create an account in a few clicks or log in to continue.

why we donate our bodies !

Go down

why we donate our bodies ! Empty why we donate our bodies !

Post  mkn Thu Jul 15, 2010 11:06 am

အလောင်းလှူခြင်း နဲ့ ပက်သက်တဲ့ အတွေးများ ကို ရှုထောင့်တစ်ခုမှ တင်ပြခြင်း ဖြစ်ပါတယ်။ ပုဂ္ဂလအမြင်များကို အနည်းငယ် ချဲ့ထွင်ထားခြင်း သက်သက်မျှသာ ဖြစ်ပါတယ်။


ဘာကြောင့် အလောင်းလှူ ပါ သလဲ ?

လှူချင်လို့ လှူတယ်။

သည်းခံကြပါခင်မျာ။ ပျော်စေ ပျက်စေ နောက်ပြောင်မိပါတယ်။

ဘာကြောင့် အလောင်းလှူ သလဲ .. ဆိုတာ နဲ့ ပက်သက်ပြီး အပိုင်း ၃ ပိုင်း ခွဲပြီး ပြောချင်ပါတယ်။ "ဆန္ဒ - လိုအပ်ချက် - ပြုန်းတီးမှု များ" ဆိုတဲ့ အပိုင်း ၃ ပိုင်းပါ။ ဒီထက်မကတဲ့ အခြား အမြင်များ၊ အပိုင်းကဏ္ဍများလည်း ရှိကောင်း ရှိနိုင်ပါမယ်။ ထို့အတူ အတိုက်အခံ သဘော၊ ဖော်ပြပါ အမြင်များကို ဆန့်ကျင် ချေဖျက်မယ့် သဘောထား အမြင်များလည်း ရှိကောင်း ရှိနိုင်ပါမယ်။ အခုတော့ အလောင်းလှူဖို့အတွက် အပြုသဘောဆောင်တဲ့ (ကျနော် မြင်မိတဲ့) အပိုင်း ၃ ပိုင်းကို အနည်းငယ် တင်ပြ ပါမယ်။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:09 am

အပိုင်း - ၁


ဆန္ဒ

မိမိရဲ့ ဆန္ဒအလျောက် .. လို့ လွယ်လွယ်ကူကူ မှတ်ယူလို့ရပါတယ်။ မိမိရဲ့ ဆန္ဒဟာ ဘယ်အရာတွေကို အခြေပြုလာပါသလဲ ? လူတွင်ကျယ် စကားလုံး ကြီးကြီးကျယ်ကျယ် ဟု ထင်မြင်နိုင်သော စာကြောင်းမျိုးနှင့် ဖော်ပြရပါလျှင် .

"အကျွန်ုပ်တို့သည် အသက်ရှင်စဉ် ကာလအတွင်း လူ့သားတို့ အကျိုးပွားစည်းရေးအတွက် ဆောင်ရွက်ခြင်းငှာ မစွမ်းသာဘဲ ပျက်ကွက် လစ်ဟင်း ခဲ့မည် ဆိုလျှင်တောင် ..... တစ်ချိန်၌ အကျွန်ုပ်တို့၏ စိတ် - အတွေး - အသွေး - အသက် ကင်းမဲ့နေသော ဤခန္ဓာကိုယ် အပိုကြီး သည် လိုအပ်နေသော လူသားအသိုင်းအ၀ိုင်းအတွက် အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ပါစေသား ... "

ဖော်ပြပါ စာကြောင်းများတွင် ပါဝင်သော 'မစွမ်းသာဘဲ ပျက်ကွက် လစ်ဟင်း ခဲ့မည် ဆိုလျှင်တောင်.. ''စိတ် - အတွေး - အသွေး - အသက် ကင်းမဲ့နေသော ဤခန္ဓာကိုယ် အပိုကြီး' ' လိုအပ်နေသော လူသားအသိုင်းအ၀ိုင်းအတွက်' ... ဟူသော စကားလုံးများကို အဓိက focus လုပ်ပြီး ဖတ်ရှုစေချင်တာပါ။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:13 am

'မစွမ်းသာဘဲ ပျက်ကွက် လစ်ဟင်း ခဲ့မည် ဆိုလျှင်တောင်.. '

မိမိရဲ့ အသက်နဲ့ ကိုယ် ယှဉ်တွဲလျှက် အသက်ရှင်ကာလအတွင်းမှာ အများအကျိုးအတွက် မဆောင်ရွက်နိုင်ဘဲ ... ကိုယ့်အကျိုး၊ ကိုယ့်မိသားစု အကျိုး၊ ကိုယ့်ဆွေမျိုးသားချင်းအကျိုး.. စသဖြင့် ကိုယ့်ကိုယ်ကိုယ် ဗဟိုပြု ချဲ့ထွင်လာသော "ကိုယ်ကျိုး" များအတွက်သာ ရုန်းကန် ရှင်သန်ခဲ့ရသည် ... ဟူသော အခြေအနေမျိုးတွေကို လူတွေ အတော်တော်များ ကြုံကြရမှာပါ။ ကြုံချင်မှလည်း ကြုံမှာပေါ့လေ။ သူများတွေဟာ အများအကျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းလုပ်ဆောင်နေချိန်မှာတောင် ... ၊ မိမိအနေနဲ့ မျက်နှာလွှဲပြီး ကိုယ်ကျိုးအတွက် အချိန်ကုန် နစ်မွန်းနေရသူ ထဲမှာ ကိုယ်ကိုယ်တိုင် ပါခဲ့ရင်တောင် ...... ။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:14 am

'စိတ် - အတွေး - အသွေး - အသက် ကင်းမဲ့နေသော ဤခန္ဓာကိုယ် အပိုကြီး'

သေဆုံးနေသော အလောင်းကောင်သည် မည်သို့သော စိတ်ခံစားမှုမျိုး၊ အတွေးအခေါ်မျိုး မျှ မရှိဟု .. ကျနော် - မိုးခက်နွယ် အနေနဲ့ လူပြိန်းနားလည်သလို နားလည်ထားမိပါတယ်။ မည်သို့သော လှုပ်ရှားစွမ်းဆောင်မှုမျိုးမျှလည်း မရှိနိုင်။

အချို့သော ရိုးရာ အယူစွဲ ဓလေ့ အစဉ်အလာ ယူဆချက်များ မှ လွဲလျှင် ... အလောင်းကောင်သည် အလောင်းကောင်းသာ ဖြစ်တော့သည်။

သေပြီးသည်၏နောက် နောင်ဘ၀ ရှိသည်ဟု ခံယူသည် ဖြစ်စေ..၊ သေပြီးသည်၏နောက် နောင်ဘ၀ မရှိဟု ခံယူသည် ဖြစ်စေ ...၊ သေဆုံးနေသော အလောင်းကောင်းကား ထိုဘ၀-ဘ၀-ဘ၀ ဆက်စပ်မှုများအတွက် ဘာမှ အကျိုးကျေးဇူး ထူးထူးခြားခြား မပြုနိုင်။

အထက်တစ်နေရာ တွင် "အချို့သော ရိုးရာ အယူစွဲ ဓလေ့ အစဉ်အလာ ယူဆချက်များ မှ လွဲလျှင် .." ဟု စကား ခံ ၍ ပြောခဲ့ပါတယ်။ တစ်ချို့ ရိုးရာ ယူဆ ချက်တွေမှာတော့ သေဆုံးနေသော အလောင်းကောင်နှင့် အတူ ထိုသူ မသေခင်က သုံးစွဲခဲ့သော ပစ္စည်း ပစ္စယ များ၊ အသုံးအဆောင်များနှင့် တကွ သဂြိုလ်ခြင်း အားဖြင့် .. နောက်နောင် ဘ၀ ၌ ထိုအသုံးအဆောင်ပစ္စည်းများကို ပြန်လည်ပိုင်ဆိုင်နိုင်သည် သို့မဟုတ် ထိုအယူအဆနှင့် ဆင်ဆင်တူသော အယူအဆများ ကြီးစိုးကြလို့ပါ။

( ၀ါသနာ အရ ဤနေရာတွင် အနည်းငယ် အပြောင်အပျက် ပြောချင်မိပါတယ်။ တစ်ကယ်လို့များ မောင်မိုးတစ်ယောက် ကောက်ခါ ငင်ခါ သေသွားတဲ့ အခါ ... မောင်မိုးရဲ့ အသုံးဆောင် တန်ဘိုးရှိ ရတနာ များနဲ့ သဂြိုလ်ပေးလိုက်ရာ ... နောက်ဘ၀မှာ မောင်မိုးတစ်ယောက် ထိုအသုံးအဆောင်များကို ပိုင်ဆိုင်လိုက်သတဲ့။ အဲ . .. နည်းနည်းလေး ခွ ကျ နေ တာ က မောင်မိုးတစ်ယောက် ဘ၀ပေးမကောင်းလို့ နောက်ဘ၀မှာ လူ မဖြစ်ဘဲ ၊ ခွေး ဖြစ်နေလေရာ ... သူ့ ခမျာမယ် ထိုအသုံအဆောင် တန်ဘိုးရှိ ရတနာ များ ကို မသုံးနိုင်-မစွဲနိုင်နှင့် ရင်တမမ မာန်ဖီ စောင့်ကြပ်နေရသည် .. ဆိုပါကလား ။)

ထားပါ။

အဲ့ဒီလို အသုံးအဆောင်တွေ၊ ပစ္စည်းရတနာတွေ .. အစရှိတာတွေကို အစစ်ဖြစ်စေ .. သဏ္ဍာန်တူပြုလုပ်ပြီးတော့ ဖြစ်စေ .. အလောင်းကောင်နှင့် အတူ သဂြိုလ်ကြတဲ့ အလေ့အထဟာ အီဂျစ် သင်္ချိုင်းဂူတွေနဲ့ ယနေ့ခေတ် ပိုက်ဆံရှိ တရုတ်များ ကျင့်သုံးနေသည်ဟု မြင်မိပါတယ်။ အဲ့ဒီ အလေ့အထဟာ ကျနော်-မိုးခက်နွယ် အတွက် nonsense ဆိုသော်ငြား၊ ထိုသူတွေအတွကတော့ meaningful ဖြစ်ချင်ဖြစ်နေမှာပါ။

ဆိုတော့ကာ ... Reality နဲ့ ညှိပြီး လူပြိန်းတွေး၊ လူပြိန်းအမြင်နဲ့ ကျနော်မြင် ကြည့်တဲ့အခါ - အသက်မဲ့နေတဲ့ အလောင်းကောင်ဟာ အလောင်းကောင် သက်သက်ရယ်ပါ။ ဆိုကြပါစို့ ... မောင်မိုးရဲ့ အလောင်းကောင်ဟာ သေဆုံးပြီးဖြစ်နေတဲ့ မောင်မိုးအတွက် ဘာမှ အကျိုးမထူး။ ဘာမှလည်း မလှုပ်ရှား မစွမ်းဆောင်နိုင်။ ကျန်ရစ်သူများကလည်း အလောင်းကောင်ကြီးကို တစ်သက်လုံး ဖက်ပြီး တယုတယ နေနိုင်မည် မဟုတ်။ တစ်ချို့ဆို သေပြီး မီးသဂြိုလ်တာမျိုး မဟုတ်ဘဲ ၊ ဂူသွင်းကြတယ်..ဆိုရင်တောင် အဲ့ဒီ အုတ်ဂူဆီကို လေး - ငါး - ခြောက် လ လောက်နေရင် ရောက်ဖြစ်တော့တာ မဟုတ်ဘူး။ မြန်မာသင်္ချိုင်းနဲ့ မြန်မာ တစ်ချို့ရဲ့ အပြုအမူကို ပြောပါတယ်။

ဒီတော့ သေဆုံးပြီး ဖြစ်တဲ့ မောင်မိုးအတွက် နောက်ဘ၀ ရှိရှိ - မရှိရှိ .. အဲ့ဒီ အလောင်းကောင်ဟာ အပိုသက်သက်လို ဖြစ်နေပြီ။ အဲ့ဒီ အလောင်းကောင်ဟာ ကျန်ရစ်သူတွေအတွက်လည်း အကျိုးကျေးဇူးပြုနိုင်တဲ့ အရာ မဟုတ်။ ကျန်ရစ်သူတွေ အနေနဲ့ သေလွန်သူကို အောက်မေ့တသ သတိတရ အမှတ်ရနေချင်တယ် ဆိုလည်း စိတ်ထဲမှာ တစ်သက်လုံး အမှတ်ရနေနိုင်တာပဲ။

မဟုတ်လည်း ဆွေးမြေ့သွားပြီး မြေဇာ ဖြစ်သွားမယ့် အလောင်းကောင်ကြီး ... ပြာဖြစ်သွားမယ့် အလောင်းကောင်ကြီး ... အလောင်းကောင်ကြီး ... အလောင်းကောင်ကြီး ...ဤခန္ဓာကိုယ် အပိုကြီး ...... ။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:16 am

'လိုအပ်နေသော လူသားအသိုင်းအ၀ိုင်းအတွက်'

ဟုတ်ပါတယ် ... ။

အဲ့ဒီလို ယေဘူယျ အားဖြင့် ဘာမှ ထဲထဲဝင်ဝင် အသုံးမကျနိုင်တဲ့ အလောင်းကောင်ကြီးကို လိုအပ်နေတဲ့ အသိုင်းအ၀ိုင်း တွေ ရှိနေသေးရဲ့။

ဘယ်လို အသိုင်းအ၀န်းတွေလဲ ?
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:17 am

အပိုင်း - ၂

လိုအပ်ချက် ...



Event - i

"ဟကောင် .. ငမိုး၊ မကွေးဆေးကျောင်းက အလောင်းမရှိလို့ ကျောင်းသားတွေ အလောင်းအတုတွေနဲ့ ပရက်တီကယ် လုပ်ရသတဲ့ကွ ..."
"အွန် .. ဟုတ်ရဲ့လား .."
"အေး .. မယုံမရှိနဲ့ ငါ့ကောင်ရ၊ အဲ့ဒီကျောင်းက အသစ်ကြီး ဆိုတော့ကွာ.. ဟောင်းလောင်းကြီးလေ။ ဘာမှ ပြည့်ပြည့်စုံစုံ မရှိဘူးကွ။ အဲဒါကြောင့် တစ်ချို့ဆို ကျောင်းပြောင်းလာရတာ ..."
"ဟေ .."

ကောလဟာလတွေ ပြောတယ် မထင်ပါနဲ့။ ပေါက်တက်ကရ ပြောတာပါ။ မကွေးက ကျောင်းပြောင်းလာတဲ့ မကွေး transfer ဆေးကျောင်းသူတွေကို အဲ့သလို စခဲ့ ပြောင်ခဲ့တာ ... ။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:18 am


Event - ii


အိမ်က လူကြီးတွေက ကိုယ့်ရဲ့သား ဆေးကျောင်းတက်နေတာ ဆိုတော့ ကြီးကြီးကျယ်ကျယ် ထွေရာလေးပါးတွေ စကားဝိုင်းဖွဲ့ လျှောက်ပြောကြသေးတယ်။

"တစ်ချို့ကျောင်းတွေဆို အလောင်းက တစ်လောင်းတည်းကို ကျောင်းသားတွေ အများကြီး ၀ိုင်း ခွဲရတယ်.. ကျောင်းသားတွေက ထန်းလျက်ခဲ ပုရွက်ဆိတ်အုံနေသလို အုန်းအုန်းကျက်ကျက်။ ဆရာ က နည်းနည်းပါးပါးပြောပြီး အပြင်ထွက်သွားတာတဲ့။ ကျောင်းသားတွေထဲက တစ်ယောက်နှစ်ယောက်ပဲ အလောင်းကို တစ်ကယ် ခွဲ ရတယ်။ ကျန်တဲ့ ကောင်တွေက ယောင်ဝါးဝါး လုပ်ကြတယ်.. ဆိုပဲ။။ အဲ့လိုကောင်တွေ ဆရာဝန်ဖြစ်လာရင် ရင်မောရချည်ရဲ့ဗျာ။ အိမ်က ကောင် ကိုတောင် ခွဲဖို့ဓားတွေ၊ လိုအပ်တဲ့ instruction စာအုပ်တွေ အကုန်ဝယ်ပေးထားရတယ်။ ပြီးတော့ အလောင်းခွဲရင် ရှေ့ဆုံးကနေ ၀င်ပြီး ခွဲ .. လို့ တစ်ရက်တစ်ရက် မှာရတာ မောလှပါပြီဗျာ ... "

ပြီးတော့ အဲ့ဒီ လူကြီးက ဟန်ကြီး ပန်ကြီးနဲ့ ကော်ဖီကို မော့သောက်လိုက်တယ်.. ထင်ပါရဲ့။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:24 am

Event - iii

ကျနော် ကျောင်းတက်ခဲ့တုန်းကရော ခန္ဓာဗေဒ ပရက်တီကယ် ခန်း ၀င်တဲ့ အခါ ... အလောင်းတွေ လုံလောက်ခဲ့ပါသလား ?

အဟီး .. အတိအကျတော့ မသိဘူး။ ယုန်ကလေး နှာစေးတာတော့ မဟုတ်။ ခန္ဓာဗေဒ ပရက်တီကယ်ချိန် ဆိုရင် ... ကျနော့်ခမျာ လက္ဖက်ရည်ဆိုင်မှာ ဇိမ်နဲ့ နှပ်ပြီး ကဗျာလေးရေး..၊ ဟိုဝါလေး ငေး နဲ့ အလုပ်ဖြစ်နေတာကလား။ ဒါကြောင့်လည်း စာမေးပွဲ တဘုန်းဘုန်း ကျပြီး ကျောင်းက ထွက်ရတာ နေမှာ ...း)

ခန့်မှန်းအရတော့ Group တစ်ခုကို တစ်လောင်းတော့ ရမယ် ထင်ပါရဲ့။ Group တစ်ခုမှာ ၁၅ ယောက်ကနေ အယောက်၂၀ လောက်ထိ ရှိမှာပေါ့။ တစ်ချို့ဆို အလောင်းတစ်လောင်းကို အချိန်ခွဲပြီး ကိုင်ရတဲ့ Group တစ်ခုနဲ့ တစ်ခု ၊ မနက်ပိုင်းကျောင်းသားနဲ့ ညနေပိုင်း ကျောင်းသား နှောင်ဂျိမ်တောင် ပလေး ကြတယ် ဆိုပဲ။

တစ်ချို့ မိန်းခလေး အုပ်စုများက စွာ စိ လန် တွေ လေ။ တစ်ချို့ ငနဲသားများကလည်း အလောင်းကို မလုပ်တတ်ဘဲ လျှောက်ကမြင်ကျောဆွဲလို့..၊ ဓား သရမ်းပြီး မွမွကြဲသွားလို့... နောက်မှ အလောင်းကိုင်ရတဲ့ ကျောင်းသားတွေ ငုပ် ပျောက်ကြတာလေ။ "ဟယ် .. ငါတို့ ဟိုဒင်း System ကြီး အတွက် ခွဲမလို့ဟာကို ..၊ အလောင်းက ဟိုဒင်းကြီး ရှိတော့ဘူးတော့... မနက်ခင်းပိုင်းက ငနဲတွေ ရူးကြောင် မူးကြောင်နဲ့ ဘီယာနဲ့ မြည်းဖို့ သယ်သွားသလား မသိဘူး...." အဲ့လိုတွေ ကြုံကြ၊ ဆုံရ မှာပေါ့ ။

ကျနော် - မိုးခက်နွယ် ကတော့ လက္ဖက်ရည်ဆိုင်မှာ ဇိမ်နဲ့ နှပ်နေတာ ဆိုတော့ နေသာသပ လေညာက ။
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:25 am

အဲ .. ဒီအပိုင်း ကို တင်ပြတဲ့ အခါ ၀တ္ထုရေးသလို ဖြစ်သွားလားတော့ မသိဘူး။ မျက်စိနောက်သွားရင်တော့ ခွင့်လွှတ်ကြပါကုန်။

ဆိုတော့ကာ .. ဒီအလောင်းကောင်တွေကို လိုအပ်နေတဲ့ နေရာတွေ ၊ အသိုင်းအ၀ိုင်းတွေ ရှိနေပါတယ်.. ဆိုတာကို Highlight လုပ် ပြချင်တာပါ။

"ကောင်းပြီ .. မိုးခက်နွယ် ရေ။ မောင်ရင် ပြောသလို .. အဲ့ဒီနေရာတွေမှာ .. (မောင်ရင့်အပြောနဲ့ ဆိုရင် ) ဆေးကျောင်းတွေမှာ လက်တွေ့ခွဲကြ၊ ဖြဲကြ ဖို့ အတွက် အကျိုးရှိရှိ အသုံးချနိုင်တယ် ... လှူရမယ်...။ အဲ့လို အလောင်းလှူဖို့ knowledge လည်း ကျယ်ပြန့်သွားမယ်။ လူတိုင်းလည်း လှူကြမယ်။ ဒါဆို .. အဲ့ဒီ ကျောင်းတွေမှာ အလောင်းတွေ ပုံ မကုန်ဘူးလား။ သင်္ချိုင်းက သုဘရာဇာတွေ၊ မီးသင်္ဂြိုလ်စက် ကိုင်တဲ့ သူတွေ၊ အခေါင်းလုပ်ရောင်းတဲ့ သူတွေ စားပေါက် ပိတ်မကုန်ဘူးလား ? "

ဟူး ... ။

သင်္ချိုင်းက သုဘရာဇာတွေ၊ မီးသင်္ဂြိုလ်စက် ကိုင်တဲ့ သူတွေ၊ အခေါင်းလုပ်ရောင်းတဲ့ သူတွေ စားပေါက် ပိတ်မကုန်ဘူးလား ? ဆိုတာကိုတော့ စိတ်မ၀င်စားပါဘူး။ အများကြီးလည်း မဖြေရှင်းလို။ ပြောမိရင် လွန်ရာကျကုန်မှာစိုးသမို့ ... ။

တစ်ကယ်တော့ သူတို့တွေ စားပေါက် မပိတ်ပါဘူး။ လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေရယ်။ အလောင်းလှူတဲ့ knowledge ဘယ်လောက်ပဲ ကျယ်ပြန့် ကျယ်ပြန့် သင်္ဂြိုလ်ဆဲ ... သင်္ဂြိုလ်မြဲ ... သင်္ဂြိုလ်မယ့် သူတွေ ထုနဲ့ထေး အများကြီး ကျန်နေဦးမှာပါ။ အစွဲကြီးကြသကိုးဗျ။ ကဲ .. အခုပဲ ကြည့် ။ ဒီလို အလောင်းလှူဖို့ တင်ပြ ဆွေးနွေးနေတဲ့ စာတွေ ဖတ်ပြီး ... တစ်ယောက်စ နှစ်ယောက်စ ကများ ငါတို့လည်း လှူလိုက်မဟဲ့... ဆိုတဲ့ စိတ်ကူးများ ပေါ်လာလို့လား။ ဒါနဲ့ ဖတ်တဲ့ သူကော ရှိရဲ့လား။ ခေါင်းစဉ် မြင်ကတည်းက ဝေါင်ဝေါင်ရှေး.. ဝေးဝေးရှောင်သွားမယ့်သူတွေ အများကြီး ...း)

ကျောင်းတွေမှာ အလောင်းတွေ ပုံ မကုန်ဘူးလား ... ဆိုတာ အတွက်တော့ .. ပုံတော့ လည်း ဘာဖြစ်တုန်း။ တစ်လောင်းကို နှစ်ယောက်ကိုင်မယ်/ ခွဲမယ်။ အဲ့ဒီထက် အလောင်းပေါလို့ တစ်လောင်းကို ကျောင်းသားတစ်ယောက် ကိုင်မယ်။ အဲ.. ပေါသထက် ပိုပေါ လာရင် တစ်ယောက်တည်း တစ်လ ကို တစ်လောင်းကိုင်မယ် ... တစ်ပတ်ကို တစ်လောင်းကိုင်မယ် .. တစ်ရက်ကို တစ်လောင်းကိုင်မယ်။ ဒီနေ့က "ငါ့အဖေရဲ့ ယောက်ခကြီး .. အဲ ငါ့ အဘိုး အလောင်းကွ။ မနေ့က ငါ့ကောင်မလေးရဲ့ အရင်ရည်းစားရဲ့ အဘိုး အလောင်းကွ။" ဟော တစ်လောင်း.. ဟောတစ်လောင်း.. အိုခေ။ ဘာဖြစ်သလဲနော် ?

ကိုင်ပြီးသားအလောင်းတွေကို အကြော - အရေ(ပြား) - အသား တွေကို ခွာဆုပ် ရေလှန်.... အဲ အရိုး ရ ပါသကောလား။ အဲ့ဒီလို ဖောဖောသီသီရတဲ့ အရိုးတွေကို ကျောင်းသားတွေကို ဈေးချိုချိုနဲ့ ပြန်ရောင်းမယ်။ ( ကျနော် တို့တုန်းက အရိုးကို အစုံလိုက်တောင် မကိုင်ခဲ့ရဘူး။ ဟိုတစ်ရိုး ဒီတစ်ရိုး ၊ ကိုယ်က System တစ်ခု နှစ်ခု အတွက်၊ သူငယ်ချင်းက System တစ်ခု နှစ်ခု အတွက် .. အဲ့သလို ပေါင်းပေါင်းစုစု ...၊ အိမ်ကနေ အစုံလိုက်ဖိုး တောင်းလို့ရတဲ့ ပိုက်ဆံကနေ ပိုတာလေးတွေ သွားလေရော့ ဘီယာဆိုင်။ အိမ်တွေက အရိုးတွေ သယ် မလာလို့လည်း မပူညံဘူး။ သူငယ်ချင်း အဆောင်မှာ ထားလိုက်တယ် ဆိုရင် အိုခေ။ )

ဆိုတော့ ... အရိုးတွေကို ကျောင်းသားတွေကို ဈေးချိုချိုနဲ့ ပြန်ရောင်းမယ်။ ကျောင်းသားတိုင်းလည်း အရိုးကို အစုံလိုက် ကိုင်နိုင်မယ်။ ဈေးပေါမယ်။ ဒါဆို သိပ်အကျိုးရှိသပေါ့။ ကျောင်းကလည်း အရေအတွက် များများ ရောင်းရမယ်။ ကျောင်း/ဌာန ရန်ပုံငွေ တိုးပွား လာမယ်။ အားလုံးအိုခေ။

တစ်ခုတော့ ရှိမယ်။ အလောင်းတွေ များ လာလို့ ထားစရာ နေရာ၊ အလောင်းတစ်ခုချင်း ကျောင်းသားတစ်ယောက်ဆီက ကိုင်ရမယ်..ဆိုရင် ပရက်တီကယ် ခန်းတွေ များများ လိုလာမယ်။ အဆင့်မြင့် ပညာရေးကြီး အတွက်ပဲ...။ လုပ်ကြပေါ့။ နောက်မှ အရိုးက ရတဲ့ ရန်ပုံငွေနဲ့ ပြန်ဖာထေးကြပေါ့။ တစ်ချို့ မသုံးဘဲ ပစ်ထားတဲ့ အခန်းတွေ ပေါမှပေါ။ ဖုန်တောင် တက်နေသေးတယ်။ အဲ့ဒီ အခန်းတွေကို သုံးလည်း ဖြစ်သားပဲ။ ကိုယ်တွေဆို အဲ့ဒီ အခန်းနားလေးတွေမှာ ဆေးလိပ် သွား သောက်ရတာ အမောသား။း) တစ်ချို့ဆို နှစ်ကိုယ်တူ ကြည်ဖြူ ..... ? ... ? အတူတူ စာ ထိုင် ကျက် နေ ကြ တာ .. ပြော ပါတယ်။

ထားတော့။

ဒီတော့ အလောင်းတွေကို လိုအပ်တဲ့ နေရာတွေ ရှိတယ်။ (ကျနော် မြင်သလောက် ဆေးကျောင်းတွေ။ ) အဲ့ဒီနေရာတွေမှာလည်း အလောင်းကို အကျိုးရှိရှိ အသုံးချကြမယ်လို့ ထင်တယ်။ ကျနော် တွေးသလောက်တော့ တစ်ကယ် အသုံးချရင် အကျိုးလည်း ရှိပါတယ်။

ကဲ .. အလောင်းကြီးကို လိုအပ်နေတဲ့ နေရာတွေ ... နေရာတွေ .. လူတွေ .. အသိုင်းအ၀ိုင်းတွေ .... ။


Last edited by mkn on Thu Jul 15, 2010 8:44 pm; edited 1 time in total
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:27 am

အပိုင်း - ၃


ပြုန်းတီးမှု များ ...

ဒီအပိုင်းကတော့ တစ်ကယ့်ကို ပုဂ္ဂလအမြင်သက်သက်ပါ။ မဆီမဆိုင်တာလေးတွေကို ချဲ့ကား ရေးတယ် လို့တောင် ပြောလို့ ရပါမယ်။ စွပ်စွဲလို့ ရပါတယ်။

ပသို့ဆိုစေ ... ဒီအပိုင်း ကိုတော့ နည်းနည်း တင်ပြလိုပါတယ်။

ပြုန်းတီးမှု များ .. ? ဘယ်လို ပြုန်းတီးမှုတွေလဲ ၊ ဘယ်သူတွေက ဖြုန်းတီးပစ်တာလဲ ?

ယနေ့ မြို့ပြခေတ်ရဲ့ ခေတ်အစားဆုံး သဂြိုလ်နည်း ... မီးလောင်တိုက်သွင်းတာ .. မီးသင်္ဂြိုလ်တာပေါ့။ မြေမြှပ်တာတွေ ..၊ အလောင်းကောင် အုတ်ဂူသွင်းသင်္ဂြိုလ်တာတွေကို ထည့်သွင်း မပြောတော့ပါ။ မီးသင်္ဂြိုလ်တဲ့ အကြောင်းလေး နည်းနည်းပြောပါမယ်။

ဖြစ်နိုင်ချေ ဖြစ်စဉ်ရဲ့ အစကနေ စပြောကြည့်မယ်။


အိမ်မှာ လူ သေ ပြီ။ အသုဘ အခမ်းအနားလုပ်မယ်။ သေချာတယ်... အိမ်ကလူတွေ ထိုက်သင့်သလောက် အလုပ်ပျက်မယ်။
ဝင်ငွေ လျော့တယ်။ အဲ့ဒီလောက်လေး လျော့သွားတဲ့ ၀င်ငွေဟာ မပြောပလောက်ဘူးလား ? မပြောပလောက်ဘူး ဆို၇င်လည်း မပြောဘူး။

တစ်ချို့များ မသာလှအောင် ပြင်ကြဆင်ကြတယ်။ ပြင်ဆင်စရိတ် ? (မပြောပလောက်ဘူးလား ? မပြောပလောက်ဘူး ဆို၇င်လည်း မပြောဘူး။)

တစ်ချို့များ မသာအိမ် အသုဘ ကို စည်စည်ကားကားဖြစ်ချင်ကြတာကလား။ ဖိတ်လိုက်တဲ့ လူတွေ အများကြီး။ လာရတဲ့ လူတွေ .. ထိုက်သင့်သလောက် အလုပ်ပျက်မယ်။ တစ်ဦးချင်းစီရဲ့
ဝင်ငွေ လျော့တယ်။ အဲ့ဒီလောက်လေး လျော့သွားတဲ့ ၀င်ငွေဟာ မပြောပလောက်ဘူးလား ? မပြောပလောက်ဘူး ဆို၇င်လည်း မပြောဘူး။

လာသမျှလူတွေကို ငိုပြရ.. ပြုံးပြရ.. ဧည့်ခံရ ..။ ဧည့်ခံ ကျွေးမွေးစရိတ် ... မပြောပလောက်ဘူးလား ? မပြောပလောက်ဘူး ဆို၇င်လည်း မပြောဘူး။ အလှူလုပ်ပြီး ကျွေးတယ် မွေးတယ်. သဘောထားလိုက်မယ်။

အဲ.. နေဦးဗျ။ မပြောပလောက်ဘူး.. မပြောပလောက်ဘူး .. ဆိုတဲ့ ငွေလေးတွေကို စိတ်ကူးနဲ့ ပေါင်းကြည့်ပါဦးလား ? ကဲ ခင်များက အရမ်းကို ဟိုက်ဘော့စ် ဖြစ်နေလို့ မပြောပလောက်ဘူး .. ဆိုရင်လည်း မပြောပလောက်ဘူးပေါ့ဗျာ။ မပြောဘူး။

ကဲ..ဒီအလောင်းကြီးကို သုသာန်ကို မ သွား ရတော့မယ်။ အသုဘကလည်း စည်ကားလိုက်ပါဘိ။ အသုဘ လိုက်ပို့တဲ့ ယာဉ်တန်းကလည်း တယ်..ရှည်လျားသကိုးဗျ။

အလောင်းတင်ပြီး လိုက်ပို့တဲ့ ကားကို တစ်စီး တစ်သောင်းခွဲလောက်နဲ့ပဲ တွက်မယ်။ လိုက်ပို့တဲ့ သူတွေကို သယ်ဖို့ ပို့ဖို့ ကားတွေ အတွက် တစ်စီးကို ငါးထောင်နှုန်းလောက်ပဲ ထား။ အတော်ကို လျော့ဈေး.. ပေါ့ဈေးနဲ့ တွက်ပေးလိုက်တယ်နော်။ အဲ့လိုကားက ၁၀ စီးလောက်ပဲ ငှားရမယ်။ ကျန်တဲ့ လူတွေက ကိုယ်ပိုင်ကား အပျံစားတွေနဲ့ လာမယ်.. လိုက်ပို့မယ်။ ဆီဖိုး ၂၀၀၀ လောက်ကျမယ်။ အဲ့လို ကိုယ်ပိုင်ကား ၁၅ စီး။ (ယာဉ်တန်းက ကားလေး ၂၅ စီးလောက်ဆိုတာ အတော်ကို ခြောက်တီးခြောက်ကပ်နိုင်တဲ့ အသုဘနော်။) မန္တလေးမှာလို ဆိုင်ကယ်စတန့်သမား ရှေ့ပြေးလေးတွေရဲ့ ဆီ စရိတ် ထည့်မတွက်တော့ဘူး။

* အသုဘ ယာဉ်တန်း ကုန်ကျစရိတ် -

၁၅၀၀၀ + {၁၀ X ( ၅၀၀၀)} + {၁၅ X ( ၂၀၀၀)} = ၉၅၀၀၀ ကျပ်

အားပါး - အတော် ဈေးချိုသကိုးဗျ။ ၉၅၀၀၀ ကျပ် ၀န်းကျင်လောက်ပဲ ကျတယ်နော်။ မီးသင်္ဂြိုလ်တဲ့သူကို ဘယ်လောက်ပေးရလဲတော့ မသိဘူး။ ဒီတော့ လျော့လျော့ပေါ့ပေါ့ လိုလိုမယ်မယ် အားလုံးကို တစ်သိန်းကျပ် လောက် ကုန်ကျတယ်လို့ မှတ်လိုက်မယ်။

အိုခေ။ ဟိုတစ်လောပိုင်းက အားလုံးလည်း သိကြမှာပါ။ ရာသီဥတုက ပူလိုက်တာ လွန်ရော ...။ သေလိုက်ကြတာကလည်း သောက်သောက်လဲ။ ဟောတစ်ယောက် ဟောတစ်ယောက်။ တွေ့တဲ့သူတွေ အတော်များများကလည်း ဒီလို ပြောကြတယ်။

"အသုဘ လိုက်ပို့ရတာလည်း အတော် စိတ်ညစ်ဖို့ကောင်းတယ်ဗျ။ ကားလမ်းမှာလည်း တိုး မပေါက်ဘူး။ ယာဉ်ကြောတွေ ပိတ်ဆို့ကုန်တာ။ မီးသင်္ဂြိုလ်တဲ့ နေရာမှာဆို အလောင်းတွေကို ပုံလို့ဗျာ။ ကြည့်ရက်စရာ မရှိဘူး။ နေ့ခင်း တစ်နာရီ မထိုးသေးဘူး။ အလောင်း နှစ်ရာလောက်ပုံနေပြီ။"

ဒါ.. ပေါက်တက်ကရ ပြောတာ မဟုတ်ပါဘူး။ အဲ့ဒီ တစ်လောပိုင်း တစ်လျှောက်လုံး အဲ့ဒီလိုပဲ ကြားခဲ့ရတယ်။ အလောင်း ၁၅၀ အောက် ဆိုတာ ကြားတောင် မကြားခဲ့ရဘူး။ တစ်ရက်ကို အလောင်းတွေ ရာချီနေတာနော်။ နေ့ခင်းတစ်နာရီ မထိုးသေးဘူး အလောင်းနှစ်ရာ.. ဆိုတော့ဗျာ...။

ကဲ .. ပျမ်းမျှ အဲ့ဒီကာလတုန်းက အလောင်း ၁၅၀ လို့ ထပ်ပြီး လျော့ပေါ့ပေးလိုက်မယ်။ တစ်လောင်း-တစ်လောင်း လိုက်ပို့စရိတ်ကို တစ်သိန်း လို့ ပျမ်းမျှ သတ်မှတ်ခဲ့တဲ့ အတွက် .... အဲ့ဒီလူစုကြီးဗျာ.... တစ်ရက်တစ်ရက်ကို သုသာန်သွားပြီး သိန်း ၁၅၀ လောက် ဖြုန်းတီးနေကြပါရောလား ?

အရပ်ကတို့ရေ .. လူစုလူဝေးလိုက် တစ်ရက်တစ်ရက်ကို သုသာန်သွားပြီး သိန်း ၁၅၀ လောက် ဖြုန်းတီးနေကြပါရောလား ?

အဲ့ဒီ သုသာန်ကိုသွားပြီး ကုန်သွားတဲ့ သိန်းရာချီ တဲ့ ငွေ တွေကို စုစည်းပြီး တစ်ရက် တစ်နေရာလှည့်ပြီး.. တစ်ကယ်လိုအပ်နေတဲ့ နေရာတွေ .. မိဘမဲ့ ကလေးကျောင်းလိုမျိုးတွေ၊ ( ဆင်းရဲနွမ်းပါးတဲ့ ပရိရတ္တိစာသင်တိုက်တွေ - ဗုဒ္ဓဘာသာများအတွက်သာ - ) ၊ ရာသီဥတု ဘေးသင့်ခံထားရတဲ့ ဒုက္ခသည်တွေ ... ၊ တက္ကသိုလ် ပညာသင်စရိတ် ထောက်ပံ့ရေးမျိုးတွေ ... အစရှိတဲ့ လိုအပ်နေတဲ့ နေရာမျိုးတွေ .. လိုအပ်နေတဲ့ လူတွေ .. ကို လှူလိုက်ရင် ........ ? ............? ...........။



လူပဲ .. ကိုယ်ရှာထားတဲ့ ပိုက်ဆံ၊ ကိုယ်သုံးချင်သလို သုံးမယ်.. ဖြုန်းချင်သလို ဖြုန်းမယ် ဆိုရင် တစ်မျိုးပေါ့။ အဲ့ဒီငွေတွေ အကျိုးရှိရှိ ရောက်သွားသင့်တဲ့ နေရာတွေကို မြင်မိသလောက် ပြောကြည့်ခြင်း သက်သက်သာ ဖြစ်ပါတယ်။


ဒါတွေကို ... ကျနော် - မိုးခက်နွယ် ရဲ့ တစ်သီးပုဂ္ဂအမြင် အရ ပြုန်းတီးမှုများ အပိုင်းမှာ ထည့်သွင်း တင်ပြလိုက်ရပါတော့သည်။


Last edited by mkn on Thu Jul 15, 2010 8:39 pm; edited 1 time in total
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  mkn Thu Jul 15, 2010 11:28 am

အပိုင်း ၁ ၊ အပိုင်း ၂ ၊ အပိုင်း ၃ .... ကို အခြေပြုပြီး ယေဘူယျ ခြုံငုံပြောရပါလျှင် -

That's why we wanna donate our bodies !




ကျေးဇူးတင်ရှိပါတယ်။


mkn
mkn
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

Back to top Go down

why we donate our bodies ! Empty Re: why we donate our bodies !

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum